• Follow Us on

Home ႏိုင္ငံရဲ႔ပုံရိပ္ႏွင့္ ႏိုင္ငံသားမ်ားရဲ႔ဂုဏ္သိကၡာညဳိးႏြမ္းမႈကို အလ်င္အျမန္အဖတ္ဆယ္ဖို႔လိုအပ္ေနေၾကာင္း ရခိုင္အမတ္ေဒၚထုေမ အမ်ိဳးသားလႊတ္ေတာ္တြင္ တင္ျပေဆြးေႏြး

ႏိုင္ငံရဲ႔ပုံရိပ္ႏွင့္ ႏိုင္ငံသားမ်ားရဲ႔ဂုဏ္သိကၡာညဳိးႏြမ္းမႈကို အလ်င္အျမန္အဖတ္ဆယ္ဖို႔လိုအပ္ေနေၾကာင္း ရခိုင္အမတ္ေဒၚထုေမ အမ်ိဳးသားလႊတ္ေတာ္တြင္ တင္ျပေဆြးေႏြး

Share this post

ေနျပည္ေတာ္၊ ဇူလိုင္ ၃၀

ႏိုင္ငံရဲ႔ပုံရိပ္ႏွင့္ႏိုင္ငံသားမ်ားရဲ႔ဂုဏ္သိကၡာညဳိးႏြမ္းမႈကိုအလ်င္အျမန္အဖတ္ဆယ္ဖို႔လိုအပ္ေနေၾကာင္း ရခိုင္ျပည္နယ္မဲဆႏၵနယ္အမွတ္၁၁မွအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမကေျပာသည္။

ေနျပည္ေတာ္တြင္ ဇူလိုင္ ၃၀ရက္က်င္းပသည့္ ဒုတိယအႀကိမ္အမ်ိဳးသားလႊတ္ေတာ္ ၁၇ႀကိမ္ေျမာက္ပုံမွန္အစည္းအေ၀း သတၱမေန႔တြင္ ရခိုင္ျပည္နယ္မဲဆႏၵနယ္အမွတ္၁၁မွအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမက တင္ျပေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

“ ၂၀၁၇ခုႏွစ္ေနာက္ပိုင္း အာဆာအၾကမ္းဖက္အဖြဲ႔မ်ားကို လုံျခဳံေရးတပ္ဖြဲ႔၀င္မ်ားကႏွိမ္နင္းၿပီးေနာက္ပိုင္း ရခိုင္ျပည္နယ္အတြင္းမွာ ဘဂၤါလီမ်ားေနရပ္စြန္႔ခြာထြက္ေျပးတာကစလို႔ ျမန္မာႏိုင္ငံအေပၚႏိုင္ငံတကာမွ ဖိအားမ်ားဆက္တိုက္တိုးလာခဲ့ပါတယ္။ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းမွာ ျမန္မာႏိုင္ငံဟာအျပည္ျပည္ဆိုင္ရာတရား႐ုံးအိုင္စီေဂ်မွာ လူမ်ိဳးတုန္းေစမႈနဲ႔သြားေရာက္ေျဖရွင္းေစရာမွာ ျမန္မာမွာသာမက ႏိုင္ငံတကာမွာလည္းအထင္အရွားျဖစ္ခဲ့ပါတယ္။ျမန္မာႏိုင္ငံဟာႏွစ္ေပါင္းမ်ားစြာျပည္တြင္းလက္နက္ကိုင္ပဋိပကၡျဖစ္တဲ့ႏိုင္ငံ၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားရွိတဲ့ႏိုင္ငံ၊မူးယစ္ေဆးဝါးထုတ္လုပ္မႈျမင့္မားတဲ့ႏိုင္ငံ၊အဂတိလိုက္စားမႈျမင့္မားတဲ့ႏိုင္ငံ၊တရားဥပေဒစိုးမိုးမႈအားနည္းတဲ့ႏိုင္ငံ၊အျပည္ျပည္ဆိုင္ရာတရား႐ုံးမွာ တရားရင္ဆိုင္ေနရတဲ့ႏိုင္ငံ စတဲ့နာမည္ဆိုးေတြေၾကာင့္ ႏိုင္ငံရဲ႔ပုံရိပ္ဟာအဆိုးဆုံးအေျခအေနမွာရွိပါတယ္။ဒါေၾကာင့္ႏိုင္ငံရဲ႔ပုံရိပ္၊ႏိုင္ငံသားမ်ားရဲ႔ဂုဏ္သိကၡာညဳိးႏြမ္းမႈဟာ အလ်င္အျမန္အဖတ္ဆယ္ဖို႔လိုအပ္လ်က္ရွိေနပါတယ္’’ဟု ၎ကေျပာသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ႏိုင္ငံတကာမွ ဖိအားမ်ား၊ စိန္ေခၚမႈမ်ားႏွင့္ရင္ဆိုင္လ်က္ရွိရာ မိမိတို႔ႏိုင္ငံရင္ဆိုင္ေနရသည့္အေျခအေနမ်ားကို ႏိုင္ငံတကာမွပိုမိုနားလည္သေဘာေပါက္ကာ ျမန္မာႏိုင္ငံအေပၚအျမင္ရွင္းလာေစေရးအတြက္ လည္းေကာင္း ႏိုင္ငံႏွင့္ႏိုင္ငံသားမ်ား၏ပုံရိပ္ကိုႁမွင့္တင္ႏိုင္ရန္အတြက္လည္းေကာင္း ၊ႏိုင္ငံေတာ္အစိုးရအေနျဖင့္ သံခင္းတမာန္ခင္းအရ မည္သို႔ၾကဳိးပမ္းေဆာင္ရြက္လ်က္ရွိေၾကာင္းသိရွိလိုျခင္းႏွင့္စပ္လ်ဥ္းသည့္ေမးခြန္းအား ရခိုင္ျပည္နယ္မဲဆႏၵနယ္အမွတ္၁၁မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမကေမးျမန္းရာတြင္ ထည့္သြင္းေျပာသည္။

“အဓိက ႏိုင္ငံတကာဖိအားေတြျဖစ္ေပၚေနတာဟာ ရခိုင္ျပည္နယ္မွာရွိတဲ့ပဋိပကၡေတြေၾကာင့္ျဖစ္ပါတယ္။ ရခိုင္ျပည္နယ္မွာရွိတဲ့မတူညီတဲ့ ပဋိပကၡေတြဟာ ၂၀၁၂ခုႏွစ္ကတည္းကတစ္ေက်ာ့္ျပန္ႀကီးထြားလာတာျဖစ္ၿပီးေတာ့ မိမိတို႔အစိုးရလက္ထက္မွာ ဒီျပႆနာကိုအေမြဆက္ခံခဲ့ရတာျဖစ္ပါတယ္။လက္ရွိအစိုးရအေနနဲ႔ႏိုင္ငံတာ၀န္စယူၿပီးတဲ့အခ်ိန္ကစၿပီးေတာ့ ရခိုင္ျပည္နယ္အေရးကိစၥေျဖရွင္းေရးကိုႏိုင္ငံျခားဆက္ဆံေရးမွာ ဦးစားေပးလုပ္ငန္းတစ္ရပ္အျဖစ္အေလးေပးေဆာင္ရြက္ခဲ့ပါတယ္’’အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္ရြက္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင္ကေျပာသည္။

#peoplemedia

(Unicode)
နိုင်ငံရဲ့ပုံရိပ်နှင့်နိုင်ငံသားများရဲ့ဂုဏ်သိက္ခာညိုးနွမ်းမှုကိုအလျင်အမြန်အဖတ်ဆယ်ဖို့လိုအပ်နေကြောင်း ရခိုင်အမတ်ဒေါ်ထုမေ အမျိုးသားလွှတ်တော်တွင်တင်ပြဆွေးနွေး
=====================

နေပြည်တော်၊ ဇူလိုင် ၃၀

နိုင်ငံရဲ့ပုံရိပ်နှင့်နိုင်ငံသားများရဲ့ဂုဏ်သိက္ခာညိုးနွမ်းမှုကိုအလျင်အမြန်အဖတ်ဆယ်ဖို့လိုအပ်နေကြောင်း ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်၁၁မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကပြောသည်။

နေပြည်တော်တွင် ဇူလိုင် ၃၀ရက်ကျင်းပသည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ၁၇ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်၁၁မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ ၂၀၁၇ခုနှစ်နောက်ပိုင်း အာဆာအကြမ်းဖက်အဖွဲ့များကို လုံခြုံရေးတပ်ဖွဲ့ဝင်များကနှိမ်နင်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းမှာ ဘင်္ဂါလီများနေရပ်စွန့်ခွာထွက်ပြေးတာကစလို့ မြန်မာနိုင်ငံအပေါ်နိုင်ငံတကာမှ ဖိအားများဆက်တိုက်တိုးလာခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံဟာအပြည်ပြည်ဆိုင်ရာတရားရုံးအိုင်စီဂျေမှာ လူမျိုးတုန်းစေမှုနဲ့သွားရောက်ဖြေရှင်းစေရာမှာ မြန်မာမှာသာမက နိုင်ငံတကာမှာလည်းအထင်အရှားဖြစ်ခဲ့ပါတယ်။မြန်မာနိုင်ငံဟာနှစ်ပေါင်းများစွာပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြစ်တဲ့နိုင်ငံ၊ လူ့အခွင့်အရေးချိုးဖောက်မှုများရှိတဲ့နိုင်ငံ၊မူးယစ်ဆေးဝါးထုတ်လုပ်မှုမြင့်မားတဲ့နိုင်ငံ၊အဂတိလိုက်စားမှုမြင့်မားတဲ့နိုင်ငံ၊တရားဥပဒေစိုးမိုးမှုအားနည်းတဲ့နိုင်ငံ၊အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားရင်ဆိုင်နေရတဲ့နိုင်ငံ စတဲ့နာမည်ဆိုးတွေကြောင့် နိုင်ငံရဲ့ပုံရိပ်ဟာအဆိုးဆုံးအခြေအနေမှာရှိပါတယ်။ဒါကြောင့်နိုင်ငံရဲ့ပုံရိပ်၊နိုင်ငံသားများရဲ့ဂုဏ်သိက္ခာညိုးနွမ်းမှုဟာ အလျင်အမြန်အဖတ်ဆယ်ဖို့လိုအပ်လျက်ရှိနေပါတယ်’’ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ ဖိအားများ၊ စိန်ခေါ်မှုများနှင့်ရင်ဆိုင်လျက်ရှိရာ မိမိတို့နိုင်ငံရင်ဆိုင်နေရသည့်အခြေအနေများကို နိုင်ငံတကာမှပိုမိုနားလည်သဘောပေါက်ကာ မြန်မာနိုင်ငံအပေါ်အမြင်ရှင်းလာစေရေးအတွက် လည်းကောင်း နိုင်ငံနှင့်နိုင်ငံသားများ၏ပုံရိပ်ကိုမြှင့်တင်နိုင်ရန်အတွက်လည်းကောင်း ၊နိုင်ငံတော်အစိုးရအနေဖြင့် သံခင်းတမာန်ခင်းအရ မည်သို့ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်းအား ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်၁၁မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကမေးမြန်းရာတွင် ထည့်သွင်းပြောသည်။

“အဓိက နိုင်ငံတကာဖိအားတွေဖြစ်ပေါ်နေတာဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ပဋိပက္ခတွေကြောင့်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့မတူညီတဲ့ ပဋိပက္ခတွေဟာ ၂၀၁၂ခုနှစ်ကတည်းကတစ်ကျော့်ပြန်ကြီးထွားလာတာဖြစ်ပြီးတော့ မိမိတို့အစိုးရလက်ထက်မှာ ဒီပြဿနာကိုအမွေဆက်ခံခဲ့ရတာဖြစ်ပါတယ်။လက်ရှိအစိုးရအနေနဲ့နိုင်ငံတာဝန်စယူပြီးတဲ့အချိန်ကစပြီးတော့ ရခိုင်ပြည်နယ်အရေးကိစ္စဖြေရှင်းရေးကိုနိုင်ငံခြားဆက်ဆံရေးမှာ ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ်အလေးပေးဆောင်ရွက်ခဲ့ပါတယ်’’အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကပြောသည်။

#peoplemedia


Share this post