• Follow Us on

Home လက်နက်ကြီး ထိမှန်၍ ရန်ကုန်၌ ဆေးကုသမှု ခံယူနေရသည့် ကျောင်းသူအား ရန်ကုန်တိုင်းလွှတ်တော်မှ ငွေကျပ် ၁၀သိန်း ထောက်ပံ့


Share this post





(unicode)
လက်နက်ကြီး ထိမှန်၍ ရန်ကုန်၌ ဆေးကုသမှု ခံယူနေရသည့် ကျောင်းသူအား ရန်ကုန်တိုင်းလွှတ်တော်မှ ငွေကျပ် ၁၀သိန်း ထောက်ပံ့
…………………………………………………………………………..

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၀ ရက်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီး၌ ဘူးသီးတောင်မြို့နယ်၊ ခမွေချောင်း ကျေးရွာရှိ မူလတန်းလွန်ကျောင်းသို့ လက်နက်ကြီးကျရောက်ခဲ့မှုကြောင့် ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူနေသော စတုတ္ထတန်းကျောင်းသူအား သွားရောက်အားပေးနှစ်သိမ့်၍ လူမှု ကူညီငွေ ကျပ် (၁၀)သိန်း အား ပေးအပ်ခဲ့ပါသည်။

photo – ရန်ကုန်လွှတ်တော်

#peoplemedia #ရန်ကုန်လွှတ်တော်


Share this post