• Follow Us on

Home လတ်ဗီးယားနိုင်ငံက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ပေးပို့သွားမည်

လတ်ဗီးယားနိုင်ငံက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ပေးပို့သွားမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၇ (People Media)

 

ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်ရန် ခြိမ်းခြောက်မှုများထွက်ပေါ်နေစဉ်အတွင်း လတ်ဗီးယား နိုင်ငံက ယူကရိန်းနိုင်ငံအား အဆင့်မြင့်စစ်လက်နက်ပစ္စည်းများထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း လတ်ဗီး ယားကာကွယ်ရေးဝန်ကြီးအာတစ်ပါဘရစ်က ပြောကြားလိုက်သည်။

 

ယူကရိန်းနိုင်ငံကို စစ်လက်နက်ပစ္စည်းများပေးပို့ကူညီသွားရန် ဆုံးဖြတ်ခြင်းသည် လတ်ဗီးယားနိုင်ငံနယ်စပ်ဒေ သတွင် တင်းမာမှုများကိုလျှော့ချရာတွင် အကူအညီပေးရန် အထောက်အကူပြုနေသည့် ယူကရိန်းနိုင်ငံကို ပြန် လည်တုံ့ပြန်ခြင်းဖြစ်ကြောင်း ပါဘရစ်က ပြောသည်။

 

“ယူကရိန်းနိုင်ငံဟာ သူ့တိုင်းပြည်သူကာကွယ်ဖို့ အခွင့်အရေးရှိပြီး အဲဒီလိုကာကွယ်ဖို့အတွက် လက်နက်ခဲယမ်း တွေနဲ့ နည်းလမ်းတွေလိုအပ်တာကြောင့် ယူကရိန်းကို အကူအညီပေးဖို့ ကျွန်တော်တို့ မဟာမိတ်နိုင်ငံတွေကို ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ ယူကရိန်းနိုင်ငံဟာ ကျွန်တော်တို့နယ်စပ်ဒေသနဲ့ပတ်သက်တဲ့တင်းမာမှု တွေကို လျှော့ချပေးနေတယ်။ တစ်နည်းပြောရရင် ယူကရိန်းဟာ ကျွန်တော်တို့စစ်ပွဲကို တိုက်ပေးနေတာပါ။” ဟု ကာကွယ်ရေးဝန်ကြီး ပါဘရစ်ကပြောသည်။

 

ယူကရိန်းကိုအကူအညီပေးမည့် စစ်လက်နက်ပစ္စည်းများအကြောင်း အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိသေး သော်လည်း လတ်ဗီးယားတပ်မတော်က ယူကရိန်းနိုင်ငံအတွက် လက်နက်ငယ်များ၊ ခဲယမ်းများ၊ တင့်ဖျက်လက် နက်များ၊ အပေါ့စားလေကြောင်းရန်ကာကွယ်ရေးလက်နက်များနှင့် တိုက်ခိုက်ရေးယာဉ်အမျိုးမျိုးတို့ကို အသင့် ပြင်ဆင်ထားသည်။

 

လတ်ဗီးယားနိုင်ငံသည် ယူကရိန်းနိုင်ငံကို စစ်လက်နက်ပစ္စည်းများထောက်ပံ့ရုံသာမက ယူကရိန်းစစ်သည်များ အတွက် စစ်သင်တန်းများနှင့် ရုရှားနိုင်ငံကထောက်ပံ့ထားသည့် ခွဲထွက်ရေးဝါဒီများနှင့်ဖြစ်ပွားသောတိုက်ပွဲများ တွင် ဒဏ်ရာရရှိခဲ့သော ယူကရိန်းတပ်ဖွဲ့ဝင်များ ပြန်လည်ထူထောင်ရေးတွင်လည်း ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

ယူကရိန်းနှင့် ရုရှားဆက်ဆံရေးတင်မာနေသည့်ကြားမှ ယခုလအစောပိုင်းတွင် အက်စ်တိုးနီးယားနိုင်ငံကလည်း ယူကရိန်းနိုင်ငံအတွက် ဂျာဗီလင်တင့်ဖျက်ဒုံးကျည်များ၊ ၁၂၂ မမ ဟောက်ဝစ်ဇာအမြောက်များထောက်ပံ့သွား ရန် စီစဉ်နေကြောင်း ကြေညာခဲ့သည်။

 

ယူကရိန်းနိုင်ငံအနေဖြင့် ၎င်းတို့နယ်စပ်အနီး ရုရှားတပ်များအင်အားအလုံးအရင်းဖြင့် စုဖွဲ့နေခြင်းကို စိုးရိမ်ပူပန်မိ ကြောင်း လတ်ဗီးယားနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး အိုလက်စန္ဒာမစ်ချန်ကိုက ပြောသည်။

 

Ref: Latvia to Send Military Weapons to Ukraine

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 



 


 

Ref: Latvia to Send Military Weapons to Ukraine

 

#PeopleMedia


Share this post