• Follow Us on

Home လယ္ယာေျမျပန္လည္ရရွိေရး ေတာင္းဆိုခဲ့သည့္ ေတာင္သူ ၉ ဦး ေထာင္ဒဏ္တစ္လခ်မွတ္ခံရ

လယ္ယာေျမျပန္လည္ရရွိေရး ေတာင္းဆိုခဲ့သည့္ ေတာင္သူ ၉ ဦး ေထာင္ဒဏ္တစ္လခ်မွတ္ခံရ

Share this post

မႏၲေလးတိုင္းအတြင္းမွ သိမ္းဆည္းခံ လယ္ယာေျမမ်ား ျပန္လည္ရရွိေရးအတြက္ သပိတ္စခန္းဖြင့္ေတာင္းဆိုခဲ့ သည့္ ေတာင္သူ ၉ ဦးအား ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံးမွ ၿငိမ္းစုစီ ဥပေဒပုဒ္မ ၂၀ ျဖင့္ ေထာင္ဒဏ္တစ္လ အမိန္႔ခ်မွတ္လိုက္သည္။

“မတရားတဲ့ ဥပေဒနဲ႔ အမိန္႔ခ်ခံရတာပါ။ ဒီမိုကေရစီအစိုးရလက္ထက္မွာ ေတာင္သူေတြရဲ႕ ရပိုင္ခြင့္က ေထာင္ ပါပဲ” ဟု အမိန္႔ခ်ခံရသူ ဦးစိုးေဌးကေျပာသည္။

ယင္းအမႈအား လိုက္ပါေဆာင္ရြက္ေပးခဲ့သည့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးဆန္းထြန္းေအာင္မွ “ေတာင္သူေတြ ကို ေထာင္ခ်တာ လုံးဝမျဖစ္သင့္ဘူး”ဟု ေျပာသည္။ ၂၀၁၇ ခုႏွစ္ ဇူလိုင္လက မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕ နယ္ ၆၂ လမ္း ၂၄ လမ္းႏွင့္ ၂၅ လမ္းၾကားတြင္ သိမ္းဆည္းခံ လယ္ယာေျမမ်ား ျပန္လည္ရရွိေရးအတြက္ သပိတ္စခန္းဖြင့္ ေတာင္းဆိုခဲ့ၾကသည့္အတြက္ ေတာင္သူအေရးတက္ႂကြလႈပ္ရွားသူ ဦးစိုးေဌး၊ ဦးတင္အုန္း ေက်ာ္ႏွင့္ ဦးရဲရင့္ေအာင္အပါအဝင္ ေတာင္သူ ၉ ဦးအား ယေန႔၌ အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

#PeopleMedia

(Unicode)
လယ်ယာမြေပြန်လည်ရရှိရေး တောင်းဆိုခဲ့သည့် တောင်သူ ၉ ဦး ထောင်ဒဏ်တစ်လချမှတ်ခံရ ………………………………………………………………………

မန္တလေးတိုင်းအတွင်းမှ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့်တောင်းဆိုခဲ့ သည့် တောင်သူ ၉ ဦးအား အောင်မြေသာစံမြို့နယ်တရားရုံးမှ ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ ဖြင့် ထောင်ဒဏ်တစ်လ အမိန့်ချမှတ်လိုက်သည်။

“မတရားတဲ့ ဥပဒေနဲ့ အမိန့်ချခံရတာပါ။ ဒီမိုကရေစီအစိုးရလက်ထက်မှာ တောင်သူတွေရဲ့ ရပိုင်ခွင့်က ထောင် ပါပဲ” ဟု အမိန့်ချခံရသူ ဦးစိုးဌေးကပြောသည်။

ယင်းအမှုအား လိုက်ပါဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးဆန်းထွန်းအောင်မှ “တောင်သူတွေ ကို ထောင်ချတာ လုံးဝမဖြစ်သင့်ဘူး”ဟု ပြောသည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လက မန္တလေးမြို့ အောင်မြေသာစံမြို့ နယ် ၆၂ လမ်း ၂၄ လမ်းနှင့် ၂၅ လမ်းကြားတွင် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ကြသည့်အတွက် တောင်သူအရေးတက်ကြွလှုပ်ရှားသူ ဦးစိုးဌေး၊ ဦးတင်အုန်း ကျော်နှင့် ဦးရဲရင့်အောင်အပါအဝင် တောင်သူ ၉ ဦးအား ယနေ့၌ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

#PeopleMedia


Share this post