• Follow Us on

Home ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီမှ အထည်ချုပ်လုပ်ငန်းအပါအဝင်လုပ်ငန်း (၆) ခုအား လုပ်ကိုင်ခွင့်ပြုခဲ့ရာ လူဦးရေ (၃၃၀၀) ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခဲ့

ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီမှ အထည်ချုပ်လုပ်ငန်းအပါအဝင်လုပ်ငန်း (၆) ခုအား လုပ်ကိုင်ခွင့်ပြုခဲ့ရာ လူဦးရေ (၃၃၀၀) ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခဲ့

Share this post

ရန်ကုန်၊ ဇွန် ၃၀

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အထည်ချုပ်လုပ်ငန်းအပါအဝင် လုပ်ငန်း (၆) ခုအား လုပ်ကိုင် ခွင့်ပြုခဲ့ရာ လူဦးရေ ၃၃၇၃ ဦးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ယမန် နေ့က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၆/၂၀၂၂ ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။

 

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခုတို့ကို အတည်ပြုပေးခဲ့ပြီး၊ အတည်ပြု ပေးခဲ့သည့်လုပ်ငန်းများမှာ CMP စနစ်ဖြင့် ဆံပင်တုအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ အမျိုးသမီးဝတ် အတွင်း ခံများနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းနှင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာကျပ်‌ငွေ ၄၄၄၁ ဒသမ ၄၇၇ သန်းနှင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၅၉ သန်းဖြစ်ပြီး၊ လုပ်ငန်းစုစုပေါင်း (၆) ခုတို့မှ ပြည်တွင်းအလုပ်အကိုင် အခွင့် အလမ်း ၃၃၇၃ ဦးတို့အတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

#PeopleMedia

 

(unicode)


……………………………

 


 


 


 


 


 

#PeopleMedia


Share this post