• Follow Us on

Home လူမျိုးကြီးဝါဒကျင့်သုံးအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်ကို ဗမာပြည်သူလူထုအဖွဲ့အစည်းများနှင့် လက်တွဲအမြစ် ဖြတ်ချေမှုန်းမည်ဟု KIO ဥက္ကဋ္ဌပြော

လူမျိုးကြီးဝါဒကျင့်သုံးအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်ကို ဗမာပြည်သူလူထုအဖွဲ့အစည်းများနှင့် လက်တွဲအမြစ် ဖြတ်ချေမှုန်းမည်ဟု KIO ဥက္ကဋ္ဌပြော

Share this post

နေပြည်တော်၊ သြဂုတ် ၁၀ (People Media)

 

လူမျိုးကြီးဝါဒကျင့်သုံးအုပ်ချုပ်နေသည့် စစ်အာဏာရှင်စနစ်ကို KIO အနေဖြင့် ဗမာပြည်သူလူထုအဖွဲ့အစည်း များနှင့် လက်တွဲကာ အမြစ်ဖြတ်ချေမှုန်းသွားမည်ဟု KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး အင်ဘန်လမှ ကချင်အာဇာနည် နေ့အထိမ်းအမှတ်မိန့်ခွန်းပြောကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသည့်စစ်ကောင်စီတပ်ကို အမြစ်ပြတ် ချေမှုန်းသွားဖို့ ဆုံးဖြတ်ထားသည့်အတွက် တော်လှန်ရေးမဟာမိတ်အဖွဲ့၊ ဗမာပြည်သူလူထုအဖွဲ့အစည်းများဖြင့် လက်တွဲကာ နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းတိုက်ခိုက်မှုများ အစီစဉ်တကျပြုလုပ်နေကြောင်းများ ယင်းမိန့်ခွန်း တွင် ဖော်ပြပါရှိသည်။

 

ထို့အပြင် KIA ဝန်ထမ်းများအနေဖြင့်လည်း မြန်မာတစ်နိုင်ငံလုံးမှ အားပေးနေသည့်အတွက် တိုက်ပွဲတိုင်း အောင်မြင်မှုရအောင် အားစိုက်ထုတ်ကြရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စေနိုင်သောလုပ်ရပ်များကို အထူးရှောင်ရှားရန် တိုက်တွန်းထားသည်။

 

အလားတူ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဥက္ကဋ္ဌ GOC Lahtaw Zau Seng လုပ်ကြံသတ်ဖြတ်ခံရသော ၁၉၇၅ သြဂုတ် ၁၀ ရက်နေ့ကို ကချင်အာဇာနည်နေ့အဖြစ် KIO မှ သတ်မှတ်ပြီး နှစ်စဉ်ပြုလုပ်ခဲ့ရာ ယနေ့သည် ၄၆ ကြိမ်မြောက်ရှိပြီဖြစ်သည်။

 

#PeopleMedia #KIO

 

(unicode)


…………………………………………………………………

 


 


 


 


 


 

#PeopleMedia #KIO


Share this post