• Follow Us on

Home ဧရာ၀တီျမစ္ေၾကာင္းတေလွ်ာက္ စိုးရိမ္ေရအမွတ္ေရာက္ရန္ ၁၅ ေပမွ ေပ ၂၀ လိုေသးေသာ္လည္း အနိမ့္ပိုင္း ေရ၀င္ႏိုင္သည့္ေနရာမ်ား သတိျပဳရန္လိုအပ္

ဧရာ၀တီျမစ္ေၾကာင္းတေလွ်ာက္ စိုးရိမ္ေရအမွတ္ေရာက္ရန္ ၁၅ ေပမွ ေပ ၂၀ လိုေသးေသာ္လည္း အနိမ့္ပိုင္း ေရ၀င္ႏိုင္သည့္ေနရာမ်ား သတိျပဳရန္လိုအပ္

Share this post

ရန္ကုန္၊ ဇူလိုင္ – ၇

ဧရာ၀တီျမစ္ေၾကာင္းတေလွ်ာက္ စိုးရိမ္ေရအမွတ္အထက္ေရာက္ရန္ ၁၅ ေပမွ ေပ ၂၀ လိုေသးေသာ္လည္း အနိမ့္ပိုင္းေရ၀င္ႏိုင္သည့္ေနရာမ်ား သတိျပဳရန္လိုအပ္ေၾကာင္း မိုးေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးကေျပာသည္။

ဧရာ၀တီျမစ္ေရအေျခအေနႏွင့္ပတ္သက္ၿပီး ဇူလိုင္ ၇ ရက္ people media မွဆက္သြယ္ေမးျမန္းရာတြင္ မိုးေလ ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးကေျပာၾကားသည္။

“လက္ရွိ ဧရာ၀တီျမစ္ေရက ျမစ္အထက္ပိုင္းမွာေတာ့ နည္းနည္းေရတက္ေနတယ္ေပါ႔။ ျမစ္ေအာက္ပိုင္းေတြက ေတာ့ စိုးရိမ္ေရအမွတ္ေရာက္ဖို႔အမ်ားႀကီးလိုေသးတယ္။ အထက္ပိုင္းမွာက မိုးဒီရက္ပိုင္းနည္းနည္းပိုရြာလိုက္ ေတာ့ မခ်မ္းေဘာတို႔ဘာတို႔မွာ ျမစ္ေရျမင့္တက္ေနတယ္။ ၁၀လက္မေလာက္တက္တဲ့အေနအထားရွိတယ္။ ျမစ္ႀကီးနားၾကေတာ့ ၂ ေပ ၃ ေပေလာက္ပဲတက္တယ္။ ေလာေလာဆယ္ေတာ့ ဧရာ၀တီျမစ္တစ္ေလွ်ာက္ စိုးရိမ္ေရအမွတ္ေရာက္ဖို႔ကေတာ့ ၁၅ ေပ၊ ေပ ၂၀ ေလာက္လိုပါေသးတယ္။ အနိမ့္ပိုင္းေဒသေတြကေတာ့ ေႏြမွာျမစ္ေခ်ာင္းေတြကေရခမ္းေတာ့ လူတက္ေနၾကတယ္။ စိုက္ပ်ိဳးၾကတယ္။ အခုကေတာ့ ဒီကာလမွာ အထူး သတိျပဳဖို႔လိုပါတယ္’’ဟု ၎ကေျပာသည္။

မိုးေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ဇူလိုင္ ၇ ရက္သတင္းထုတ္ျပန္မႈအရ ဧရာ၀တီျမစ္ေရအေျခ အေနသည္ ျမစ္ႀကီးနားတြင္ ျမစ္ေရအမွတ္၇၄၉ စင္တီမီတာ၊ ဗန္းေမာ္တြင္၈၄၁ စင္တီမီတာ၊ ကသာတြင္ ၈၆၈ စင္တီမီတာ၊သပိတ္က်င္းတြင္ ၁၁၆၄ စင္တီမီတာ၊ မႏၲေလးတြင္ ၁၀၀၉ စင္တီမီတာတို႔ျဖစ္ေၾကာင္းသိရသည္။

“မႏွစ္က ျမစ္ေရခ်ိန္အမွတ္ထက္ေတာ့ ပိုမ်ားတာေတာ့အမွန္ပဲ။ အထက္ပိုင္းေတြမွာ အဓိက မိုးေကာင္းေန တယ္။ ဒီကာလကေတာ့ျမစ္ေရႀကီးေနက်ကာလပဲ။ ဇူလိုင္လ၊ ၾသဂုတ္လတို႔မွာေပါ႔။ ေနာက္ရက္ေတြလည္း မိုးကဆက္ၿပီး လိုက္ရြာေနမယ္ဆိုရင္ေတာ့သတိထားရမယ္’’ဟု ေဒါက္တာေက်ာ္မိုးဦးက ျမစ္ေရအေျခအေန အား ထပ္မံေျပာသည္။

#PeopleMedia #မိုးဇလ

(unicode)
ဧရာဝတီမြစ်ကြောင်းတလျှောက် စိုးရိမ်ရေအမှတ်ရောက်ရန် ၁၅ ပေမှ ပေ ၂၀ လိုသေးသော်လည်း အနိမ့်ပိုင်း ရေဝင်နိုင်သည့် နေရာ များ သတိပြုရန်လိုအပ်
…………………………………………………

ရန်ကုန်၊ ဇူလိုင် – ရ

ဧရာဝတီမြစ်ကြောင်းတလျှောက် စိုးရိမ်ရေအမှတ်အထက်ရောက်ရန် ၁၅ ပေမှ ပေ ၂၀ လိုသေးသော်လည်း အနိမ့်ပိုင်းရေဝင်နိုင်သည့်နေရာများ သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောသည်။

ဧရာဝတီမြစ်ရေအခြေအနေနှင့်ပတ်သက်ပြီး ဇူလိုင် ၇ ရက် people media မှဆက်သွယ်မေးမြန်းရာတွင် မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောကြားသည်။

“လက်ရှိ ဧရာဝတီမြစ်ရေက မြစ်အထက်ပိုင်းမှာတော့ နည်းနည်းရေတက်နေတယ်ပေါ့။ မြစ်အောက်ပိုင်းတွေက တော့ စိုးရိမ်ရေအမှတ်ရောက်ဖို့အများကြီးလိုသေးတယ်။ အထက်ပိုင်းမှာက မိုးဒီရက်ပိုင်းနည်းနည်းပိုရွာလိုက် တော့ မချမ်းဘောတို့ဘာတို့မှာ မြစ်ရေမြင့်တက်နေတယ်။ ၁၀လက်မလောက်တက်တဲ့အနေအထားရှိတယ်။ မြစ်ကြီးနားကြတော့ ၂ ပေ ၃ ပေလောက်ပဲတက်တယ်။ လောလောဆယ်တော့ ဧရာဝတီမြစ်တစ်လျှောက် စိုးရိမ်ရေအမှတ်ရောက်ဖို့ကတော့ ၁၅ ပေ၊ ပေ ၂၀ လောက်လိုပါသေးတယ်။ အနိမ့်ပိုင်းဒေသတွေကတော့ နွေမှာမြစ်ချောင်းတွေကရေခမ်းတော့ လူတက်နေကြတယ်။ စိုက်ပျိုးကြတယ်။ အခုကတော့ ဒီကာလမှာ အထူး သတိပြုဖို့လိုပါတယ်’’ဟု ၎င်းကပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၇ ရက်သတင်းထုတ်ပြန်မှုအရ ဧရာဝတီမြစ်ရေအခြေ အနေသည် မြစ်ကြီးနားတွင် မြစ်ရေအမှတ်၇၄၉ စင်တီမီတာ၊ ဗန်းမော်တွင်၈၄၁ စင်တီမီတာ၊ ကသာတွင် ၈၆၈ စင်တီမီတာ၊သပိတ်ကျင်းတွင် ၁၁၆၄ စင်တီမီတာ၊ မန္တလေးတွင် ၁၀၀၉ စင်တီမီတာတို့ဖြစ်ကြောင်းသိရသည်။

“မနှစ်က မြစ်ရေချိန်အမှတ်ထက်တော့ ပိုများတာတော့အမှန်ပဲ။ အထက်ပိုင်းတွေမှာ အဓိက မိုးကောင်းနေ တယ်။ ဒီကာလကတော့မြစ်ရေကြီးနေကျကာလပဲ။ ဇူလိုင်လ၊ ဩဂုတ်လတို့မှာပေါ့။ နောက်ရက်တွေလည်း မိုးကဆက်ပြီး လိုက်ရွာနေမယ်ဆိုရင်တော့သတိထားရမယ်’’ဟု ဒေါက်တာကျော်မိုးဦးက မြစ်ရေအခြေအနေ အား ထပ်မံပြောသည်။

#PeopleMedia #မိုးဇလ


Share this post