• Follow Us on

Home လျှပ်စစ်ဓာတ်တိုင်များ၌ တရားမဝင်သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးများ ယခုလကုန်နောက်ဆုံးထား၍ မဖယ်ရှားပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု YESC ထုတ်ပြန်

လျှပ်စစ်ဓာတ်တိုင်များ၌ တရားမဝင်သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးများ ယခုလကုန်နောက်ဆုံးထား၍ မဖယ်ရှားပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု YESC ထုတ်ပြန်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၉ (People Media)

 

လျှပ်စစ်ဓာတ်တိုင်များ၌ တရားမဝင်သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးများ နိုဝင်ဘာလ ၃၀ ရက် နောက်ဆုံးထား မဖယ်ရှားပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားသည်။

 

ရန်ကုန်တိုင်းဒေသကြီး နယ်နမိတ်အတွင်းရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းပိုင် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးတိုင်များပေါ်တွင် ဖိုင်ဘာကေဘယ်ကြိုးများ၊ ဆက်သွယ်ရေးကြိုးများကို ခွင့်ပြုချက်မရှိဘဲ တရားမဝင်သွယ်တန်းထားရှိသည်ကို စိစစ်တွေ့ရှိခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်၍ ကုမ္ပဏီများ၊ အဖွဲ့အစည်းများအနေဖြင့် တရားမဝင် သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်ကြိုးများ၊ ဆက်သွယ်ရေးကြိုးများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ မိမိအစီအစဉ်ဖြင့် ဖယ်ရှား ရန်နှင့် ဖယ်ရှားရှင်းလင်းခြင်းမရှိသည့် ဖိုင်ဘာဆယ်သွယ်ရေးကြိုးများကို ကော်ပိုရေးရှင်းမှ ဖြတ်တောက်ဖယ်ရှား သွားမည်ဖြစ်ကြောင်း သိရသည်။

 

တရားမဝင် သွယ်တန်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီနှင့် အဖွဲ့အစည်းများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန် ထားသည်။

 

#PeopleMedia #YESC

 

(unicode)


…………………………………………………………….

 


 


 


 


 


 

#PeopleMedia #YESC


Share this post