• Follow Us on

Home ဝက်လက်မြို့နယ်ရှိ PDF စခန်းကို လုံခြုံရေးအဖွဲ့များ ဝင်ရောက်ရှင်းလင်းခဲ့စဉ်က လမ်းပြပေးသူဟု စွပ်စွဲခံခဲ့ရ သည့် လင်မယားနှစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

ဝက်လက်မြို့နယ်ရှိ PDF စခန်းကို လုံခြုံရေးအဖွဲ့များ ဝင်ရောက်ရှင်းလင်းခဲ့စဉ်က လမ်းပြပေးသူဟု စွပ်စွဲခံခဲ့ရ သည့် လင်မယားနှစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

Share this post

စစ်ကိုင်းတိုင်း၊ နိုဝင်ဘာ ၂၄ (People Media)

 

နိုဝင်ဘာ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ထုံဘိုကျေးရွာအနီး၊ ဘိုးနတ်ကုန်းတောင် ပေါ်ရှိ PDF စခန်းကို လုံခြုံရေးအဖွဲ့များက ဝင်ရောက်ရှင်းလင်းရာတွင် လမ်းပြအဖြစ် စွပ်စွဲခံခဲ့ရသည့် လင်မ ယားနှစ်ဦးသည် နိုဝင်ဘာ ၂၂ ရက်နေ့၌ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ဒေသခံအချို့က People Media သို့ပြောပါတယ်။

 

လမ်းပြပေးသူဟု စွပ်စွဲခံခဲ့ရသည့် ထုံဘိုကျေးရွာနေ ဦးမြင့်ရွှေနှင့် ဒေါ်အေးဆန်းတို့သည် နိုဝင်ဘာ ၂၂ ရက် နေ့က နေအိမ်၌ ရှိနေစဉ် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရခြင်း ဖြစ်ပါတယ်။

 

“န-စ-က က ညတိုင်း သတင်းတွေမှာ လုံခြုံရေးအဖွဲ့နဲ့ ပူးပေါင်းကြပါ။ သတင်းပေးကြပါ။ သတင်းပေးလို့ အ သတ်ခံရရင် မိသားစုကို ဘယ်သူတာဝန်ယူမှာလဲ။ လုံခြုံရေးအဖွဲ့က ရက်ပိုင်းပဲ ရွာမှာနေနိုင်တာ။ ပြည်သူ့စစ် ဖွဲ့ပေးရင် တပ်နဲ့ ပူးပေါင်းရတာ အဆင်ပြေနိုင်တယ်။ အခုက အသတ်ခံနေရတဲ့လူတွေက စာရင်းသာ ထုတ်နေ တာ။ ဘာလုပ်မယ် ပါမလာဘူး” လို့ ဝက်လက်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။

 

ဝက်လက်မြို့နယ်ရှိ PDF စခန်းကို လုံခြုံရေးအဖွဲ့များက ဝင်ရောက်ရှင်းလင်းနိုင်ခဲ့သော်လည်း PDF အဖွဲ့ဝင်များ ကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် PDF များ အားကောင်းသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါတယ်။

 

Photo – ပုံအဟောင်းပြန်လည် အသုံးပြုထားသည်။

 

#PeopleMedia #ဝက်လက်မြို့PDF

 

(unicode)


……………………………………………………………

 

 


 

 


 

 


 

 


 

 


 

 


 

 


 

 



Share this post