• Follow Us on

Home သက္ကလမြို့နယ်၌ အရံမီးသတ်တပ်ဖွဲ့မှ ဒု-တပ်ရင်းမှူးဖြစ်သူသည် အများပြည်သူသုံးလမ်းမရှိ အမှိုက်များ ရှင်း လင်းနေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

သက္ကလမြို့နယ်၌ အရံမီးသတ်တပ်ဖွဲ့မှ ဒု-တပ်ရင်းမှူးဖြစ်သူသည် အများပြည်သူသုံးလမ်းမရှိ အမှိုက်များ ရှင်း လင်းနေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

Share this post

ပဲခူး၊ ဒီဇင်ဘာ ၂၂ (People Media)

 

ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ သက္ကလမြို့နယ်၌ မြို့နယ် အရံမီးသတ် တပ်ဖွဲ့မှ ဒု-တပ်ရင်းမှူးဖြစ်သူသည် ဦးသိန်းဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် အများပြည်သူသုံးလမ်းမရှိ အမှိုက်များ ရှင်းလင်းနေစဉ် ဦးသိန်းဇော်သည် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

“ဘာကြောင့် လုပ်ကြံသွားတယ်ဆိုတာ နားမလည်နိုင်ဘူး။ ဦးသိန်းဇော်ကို လုပ်ကြံတော့ ဦးသိန်းဇော် လုပ်နေ တဲ့ အများအတွက် အလုပ်တွေ လုပ်ကြံသူတွေ လာလုပ်ပေးမှာလားလို့ မေးချင်တယ်။ သတ္တိရှိကြတယ်ဆိုရင် သေနတ်ကိုင်ထားတဲ့သူ အချင်းချင်း ယှဉ်ပစ်ကြပါ။ လက်နက်မဲ့တွေကို ပစ်မှတ်မထားစေချင်ဘူး” လို့ သက္ကလ မြို့ ဒေသခံတစ်ဦးက ဆိုသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ဦးသိန်းဇော်အပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးတို့သည် အများပြည်သူသုံးလမ်းမများရှိ အမှိုက်များကို ရှင်းလင်းနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် လူငယ်နှစ်ဦး ရောက်ရှိ လာပြီး ဦးသိန်းဇော်ကို ပစ္စတိုဖြင့် ၁၀ ချက်တိတိ ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့သည်။

 

ဦးသိန်းဇော်သည် ကွယ်လွန်ချိန်၌ အသက် (၆၂) နှစ်ခန့် အရွယ်ရှိပြီး ရပ်ရွာဒေသအကျိုးကို ဆောင်ရွက်နေသူ ဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

 

အလားတူ တိုင်းဒေသကြီးအချို့၌ မီးသတ်တပ်ဖွဲ့ဝင်အချို့ လုပ်ကြံသတ်ဖြတ်ခံရမှုများလည်း ဖြစ်ပေါ်လျက်ရှိ သည်။

 

#PeopleMedia #သက္ကလမြို့ #အရံမီးသတ်တပ်ဖွဲ့

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 

#PeopleMedia #သက်ကလမွို့ #အရံမီးသတျတပျဖှဲ့


Share this post