• Follow Us on

Home သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ Music Zone KTV အား တရားစြဲဆိုသြားမည္ျဖစ္ေၾကာင္း တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေနဘုန္းလတ္ေျပာ

သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ Music Zone KTV အား တရားစြဲဆိုသြားမည္ျဖစ္ေၾကာင္း တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေနဘုန္းလတ္ေျပာ

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၁၂

သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ Music Zone KTV အား တရားစြဲဆိုသြားမည္ျဖစ္ေၾကာင္း တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေနဘုန္းလတ္မွ ေျပာသည္။

အဆိုပါ Music Zone သည္ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုမဂၤလာလမ္း၌ စားေသာက္ဆိုင္၊ စင္တင္ ေတးဂီတႏွင့္ KTV ပါတြဲ၍ ဖြင့္လွစ္ထားျခင္းျဖစ္ၿပီး ကိုဗစ္-၁၉ ကူးစက္ျပန္႔ပြားေနစဉ္ကာလအတြင္း တရားမဝင္ဖြင့္လွစ္ခဲ့ျခင္းေၾကာင့္ ၎ KTV သို႔လာေရာက္သူမ်ားမွတစ္ဆင့္ ေရာဂါပိုးသည္ ဆင့္ပြား ကူးစက္ မႈမ်ားျမင့္တက္ခဲ့သည္။

“မေန႔က ကိုဗစ္ေကာ္မတီအစည္းအေဝးလုပ္တယ္။ ကြၽန္ေတာ္တို႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေန နဲ႔ကေတာ့ နာယကအေနနဲ႔ပါတာေပါ႔။ ဥကၠ႒ကေတာ့ ေထြအုပ္ေပါ႔၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးေပါ႔။ ဒီကုမၸဏီကေန ဆုံးျဖတ္တာေတာ့ တစ္စုံတစ္ရာအေရးယူေဆာင္ရြက္ဖို႔ ကြၽန္ေတာ္တို႔ေဆြးေႏြးျဖစ္တာ ေပါ႔။ ဆက္လက္ၿပီးေတာ့ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရယ္၊ ရဲစခန္းရယ္ ခ်ိတ္တြဲၿပီးေတာ့ ဘယ္လို မ်ိဳး ဥပေဒပုဒ္မေတြနဲ႔ ဘယ္လိုမ်ိဳးစြဲလို႔ရမလဲဆိုတာ သူတို႔ဆက္လက္ေဆာင္ရြက္မွာပါ။ ကြၽန္ေတာ္တို႔ ကေတာ့ တရားစြဲဖို႔ ဒီေကာ္မတီအေနနဲ႔ ဆုံးျဖတ္တယ္ေပါ႔ေနာ္။ ဘယ္လိုပုဒ္မေတြနဲ႔စြဲမယ္ဆိုတာက ေတာ့ ရဲကိစၥျဖစ္သြားၿပီေပါ႔”ဟု သဃၤန္းကြၽန္းၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဘုန္းလတ္မွ ေျပာသည္။

ဆက္လက္ၿပီး ၎က “ဘာအမႈရယ္လို႔ေတာ့ ကြၽန္ေတာ္တို႔ေျပာလို႔မရေသးဘူး။ ခု KTV ဖြင့္ျခင္း၊ မဖြင့္ျခင္းက အြန္လိုင္းေပၚမွာသာ ေျပာေနတာ။ အဲဒါဖြင့္ထားလား၊ မဖြင့္ထားလားဆို တာ ကြၽန္ေတာ္တို႔က တရားစြဲတယ္ဆိုတာ သက္ေသခိုင္လုံမွ စြဲလို႔ရတာေလသိလား။ အခုဟာ အမွန္ တိုင္းေျပာရရင္ ဘယ္သူ့မွာမွ သက္ေသမရွိဘူး။ အဲဒီလိုကိစၥေတြက ဖြင့္ထားတဲ့အခ်ိန္မွ ၀င္ၿပီးဖမ္းမွရ တာမ်ိဳးေပါ႔ေနာ္။ အဲ့ေတာ့ KTV နဲ႔စြဲျဖစ္မလား၊ ဒါမွမဟုတ္ အဓိကေသခ်ာတာတစ္ခုကေတာ့ လူစုလူ ေဝးျဖစ္ေနတာေလ။ သူ့ဆီမွာ ၀န္ထမ္းတစ္ရာေက်ာ္ရွိၿပီးေတာ့ အဲဒီကေန ဒီေရာဂါႀကီးကိုအမ်ားႀကီး ကူးစက္သြားတယ္ဆိုတဲ့ သေဘာေပါ႔ေနာ္။ အဲဒီတစ္ခုက ထင္သာျမင္သာရွိတာေပါ႔”ဟု ဆိုသည္။

အလားတူ ဖိုးလျပည့္၏ ဖခင္ျဖစ္သူ ဦးေနေမာင္က Music Zone KTV Restaurant မွာ ၎၏သားျဖစ္သူ ေနေရႊေသြးေအာင္ ႏွင့္ သက္ဆိုင္မႈမရွိေၾကာင္းရွင္းလင္းထားသည္။

#PeopleMedia #သဃၤန္းကြၽန္းၿမိဳ႕ #COVID19 #KTV

(unicode)
သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone KTV အား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်ပြော
……………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၁၂

သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone KTV အား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်မှ ပြောသည်။

အဆိုပါ Music Zone သည် သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်း၌ စားသောက်ဆိုင်၊ စင်တင် တေးဂီတနှင့် KTV ပါတွဲ၍ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားနေစဉ်ကာလအတွင်း တရားမဝင်ဖွင့်လှစ်ခဲ့ခြင်းကြောင့် ၎င်း KTV သို့လာရောက်သူများမှတစ်ဆင့် ရောဂါပိုးသည် ဆင့်ပွား ကူးစက် မှုများမြင့်တက်ခဲ့သည်။

“မနေ့က ကိုဗစ်ကော်မတီအစည်းအဝေးလုပ်တယ်။ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေအနေ နဲ့ကတော့ နာယကအနေနဲ့ပါတာပေါ့။ ဥက္ကဋ္ဌကတော့ ထွေအုပ်ပေါ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးပေါ့။ ဒီကုမ္ပဏီကနေ ဆုံးဖြတ်တာတော့ တစ်စုံတစ်ရာအရေးယူဆောင်ရွက်ဖို့ ကျွန်တော်တို့ဆွေးနွေးဖြစ်တာ ပေါ့။ ဆက်လက်ပြီးတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရယ်၊ ရဲစခန်းရယ် ချိတ်တွဲပြီးတော့ ဘယ်လို မျိုး ဥပဒေပုဒ်မတွေနဲ့ ဘယ်လိုမျိုးစွဲလို့ရမလဲဆိုတာ သူတို့ဆက်လက်ဆောင်ရွက်မှာပါ။ ကျွန်တော်တို့ ကတော့ တရားစွဲဖို့ ဒီကော်မတီအနေနဲ့ ဆုံးဖြတ်တယ်ပေါ့နော်။ ဘယ်လိုပုဒ်မတွေနဲ့စွဲမယ်ဆိုတာက တော့ ရဲကိစ္စဖြစ်သွားပြီပေါ့”ဟု သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်မှ ပြောသည်။

ဆက်လက်ပြီး ၎င်းက “ဘာအမှုရယ်လို့တော့ ကျွန်တော်တို့ပြောလို့မရသေးဘူး။ ခု KTV ဖွင့်ခြင်း၊ မဖွင့်ခြင်းက အွန်လိုင်းပေါ်မှာသာ ပြောနေတာ။ အဲဒါဖွင့်ထားလား၊ မဖွင့်ထားလားဆို တာ ကျွန်တော်တို့က တရားစွဲတယ်ဆိုတာ သက်သေခိုင်လုံမှ စွဲလို့ရတာလေသိလား။ အခုဟာ အမှန် တိုင်းပြောရရင် ဘယ်သူ့မှာမှ သက်သေမရှိဘူး။ အဲဒီလိုကိစ္စတွေက ဖွင့်ထားတဲ့အချိန်မှ ဝင်ပြီးဖမ်းမှရ တာမျိုးပေါ့နော်။ အဲ့တော့ KTV နဲ့စွဲဖြစ်မလား၊ ဒါမှမဟုတ် အဓိကသေချာတာတစ်ခုကတော့ လူစုလူ ဝေးဖြစ်နေတာလေ။ သူ့ဆီမှာ ဝန်ထမ်းတစ်ရာကျော်ရှိပြီးတော့ အဲဒီကနေ ဒီရောဂါကြီးကိုအများကြီး ကူးစက်သွားတယ်ဆိုတဲ့ သဘောပေါ့နော်။ အဲဒီတစ်ခုက ထင်သာမြင်သာရှိတာပေါ့”ဟု ဆိုသည်။

အလားတူ ဖိုးလပြည့်၏ ဖခင်ဖြစ်သူ ဦးနေမောင်က Music Zone KTV Restaurant မှာ ၎င်း၏သားဖြစ်သူ နေရွှေသွေးအောင် နှင့် သက်ဆိုင်မှုမရှိကြောင်းရှင်းလင်းထားသည်။

#PeopleMedia #သင်္ဃန်းကျွန်းမြို့ #COVID19 #KTV


Share this post