• Follow Us on

Home သင်္ဃန်းကျွန်းမြို့နယ်၊ ကညန(မြင်သာ)ရုံးအတွင်း၌ ယနေ့ဗုံးပေါက်ကွဲမှုဖြစ်ပွား

သင်္ဃန်းကျွန်းမြို့နယ်၊ ကညန(မြင်သာ)ရုံးအတွင်း၌ ယနေ့ဗုံးပေါက်ကွဲမှုဖြစ်ပွား

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၉ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကညန(မြင်သာ)ရုံးဧရိယာ၌ ယနေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ် အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယင်းရုံးအနီး နေထိုင်သူများထံမှ သိရသည်။

 

လိုင်စင်လုပ်ပေးသည့် အဆောင်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူနာတင်ယာဉ် (၂) စီး ရုံးအတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။

 

ထိခိုက်ဒဏ်ရာရရှိမှုကို မသိရှိရသေးကြောင်း လက်ရှိတွင် သက်တမ်းတိုးဆောင်ရွက်မှု ခေတ္တရပ်ဆိုင်းထားပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးဆောင်မှုများ ပြုလုပ်နေကြောင်း ယင်းအနီး နေထိုင်သူများက ပြောဆိုကြသည်။

 

Photo – CJ

 

#PeopleMedia #မြင်သာကညန

 

(unicode)


………………………………………………………..

 


 


 


 


 

Photo – CJ

 



Share this post