• Follow Us on

Home သတင္းအမွားမ်ားကို ရည္ရြယ္ခ်က္ရွိရွိ ျဖန္႔ေနသူမ်ားကို ႏိုင္ငံေတာ္ အတိုင္ပင္ခံ ႐ုံးၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ ေဌး သတိေပး

သတင္းအမွားမ်ားကို ရည္ရြယ္ခ်က္ရွိရွိ ျဖန္႔ေနသူမ်ားကို ႏိုင္ငံေတာ္ အတိုင္ပင္ခံ ႐ုံးၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ ေဌး သတိေပး

Share this post

ရန္ကုန္၊ ဇြန္ – ၂၆

သတင္းအမွားမ်ားကို ရည္ရြယ္ခ်က္ရွိရွိ ျဖန္႔ေနသူမ်ားကို ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ ေဌး သတိေပးလိုက္သည္။

ယေန႔က်င္းပျပဳလုပ္သည့္ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန၏ စတုတၱတစ္ႏွစ္တာကာလေဆာင္ရြက္ခ်က္ မ်ားႏွင့္ ပတ္သက္၍ သတင္းစာရွင္းလင္းပြဲ၌ ေျပာဆိုခဲ့တာလည္း ျဖစ္သည္။

အလားတူ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း၌ Forward Media Group မွ သတင္းအမွားႏွင့္ပတ္သက္၍ ေဖာ္ျပမႈ ေၾကာင့္ အမ်ားျပည္သူၾကား၌ လႈပ္ခတ္မႈမ်ားလည္း ျဖစ္ေပၚခဲ့သည္။

“မွားယြင္းတဲ့သတင္းေတြအေပၚမွာ ရည္ရြယ္ခ်က္ရွိရွိ ျဖန္႔တယ္။ အဲ့ဒီပို႔ဆိုရင္ ပိုက္ဆံသုံးၿပီးေတာ့ ဘုလုပ္တာ ျဖစ္တယ္။ အဲ့ဒီအပိုင္းလည္းေတြ႕ရတယ္။ စိစစ္ေနတယ္။ ေဖာ္ထုတ္မယ္။ အေရးယူမယ္”လို႔ ဦးေဇာ္ေဌးက ေျပာဆိုလိုက္သည္။

ထို႔အတူ သတင္းအမွားမ်ားႏွင့္ ပတ္သက္၍ ေနျပည္ေတာ္အသိုင္းအဝိုင္း၌ ေနၾကတဲ့သူေတြ သတိေပးလို ေၾကာင္း၊ သတင္းအမွားမ်ားႏွင့္ပတ္သက္၍ အၾကမ္းဖ်င္းေဖာ္ထုတ္ေနေၾကာင္း ေဖာ္ထုတ္မႈၿပီးဆုံးလွ်င္ အေရး ယူသြားမည္ျဖစ္ေၾကာင္း ဦးေဇာ္ေဌးက ေျပာသည္။

ထို႔အတူ လက္ရွိအခ်ိန္၌ ႏိုင္ငံေရးအရ ေငြေပး၍ Page ေထာင္ျခင္း၊ မီဒီယာေထာင္ျခင္းမ်ား ျပဳလုပ္လွ်က္ရွိၿပီး ပါဝင္ပတ္သက္သူမ်ားကို သိရွိေၾကာင္းႏွင့္ သတိေပးလိုေၾကာင္း ဦးေဇာ္ေဌးက ေျပာဆိုသည္။

လက္ရွိအခ်ိန္၌ Forward Media Group သတင္းဌာနအမည္ခံ Page သည္ အျခားေသာ သတင္းဌာနမ်ား၏သတင္းမ်ားကို ကူးယူေဖာ္ျပျခင္း၊ သတင္းအတုအေယာင္မ်ားကို ဖန္တီးေဖာ္ျပျခင္းမ်ားျပဳလုပ္လ်က္ရွိသည္။

Photo – Forward Media Group မွ သတင္းအမွားကို ရည္ရြယ္ခ်က္ရွိရွိ ေရးသား၍ ေဖာ္ျပခဲ့သည့္ Post

#PeopleMedia

(unicode)
သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ဖြန့်နေသူများကို နိုင်ငံတော် အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော် ဌေး သတိပေး
…………………………………………………

ရန်ကုန်၊ ဇွန် – ၂၆

သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ဖြန့်နေသူများကို နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော် ဌေး သတိပေးလိုက်သည်။

ယနေ့ကျင်းပပြုလုပ်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ စတုတ္တတစ်နှစ်တာကာလဆောင်ရွက်ချက် များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့တာလည်း ဖြစ်သည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ Forward Media Group မှ သတင်းအမှားနှင့်ပတ်သက်၍ ဖော်ပြမှု ကြောင့် အများပြည်သူကြား၌ လှုပ်ခတ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

“မှားယွင်းတဲ့သတင်းတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ ဖြန့်တယ်။ အဲ့ဒီပို့ဆိုရင် ပိုက်ဆံသုံးပြီးတော့ ဘုလုပ်တာ ဖြစ်တယ်။ အဲ့ဒီအပိုင်းလည်းတွေ့ရတယ်။ စိစစ်နေတယ်။ ဖော်ထုတ်မယ်။ အရေးယူမယ်”လို့ ဦးဇော်ဌေးက ပြောဆိုလိုက်သည်။

ထို့အတူ သတင်းအမှားများနှင့် ပတ်သက်၍ နေပြည်တော်အသိုင်းအဝိုင်း၌ နေကြတဲ့သူတွေ သတိပေးလို ကြောင်း၊ သတင်းအမှားများနှင့်ပတ်သက်၍ အကြမ်းဖျင်းဖော်ထုတ်နေကြောင်း ဖော်ထုတ်မှုပြီးဆုံးလျှင် အရေး ယူသွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

ထို့အတူ လက်ရှိအချိန်၌ နိုင်ငံရေးအရ ငွေပေး၍ Page ထောင်ခြင်း၊ မီဒီယာထောင်ခြင်းများ ပြုလုပ်လျှက်ရှိပြီး ပါဝင်ပတ်သက်သူများကို သိရှိကြောင်းနှင့် သတိပေးလိုကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။

လက်ရှိအချိန်၌ Forward Media Group သတင်းဌာနအမည်ခံ Page သည် အခြားသော သတင်းဌာနများ၏သတင်းများကို ကူးယူဖော်ပြခြင်း၊ သတင်းအတုအယောင်များကို ဖန်တီးဖော်ပြခြင်းများပြုလုပ်လျက်ရှိသည်။

Photo – Forward Media Group မှ သတင်းအမှားကို ရည်ရွယ်ချက်ရှိရှိ ရေးသား၍ ဖော်ပြခဲ့သည့် Post

#PeopleMedia


Share this post