• Follow Us on

Home ပန္းခ်ီကားႏွင့္ပတ္သက္၍ ျဖစ္စဉ္အေပၚ ခ်စ္သုေဝ၏ ရွင္းလင္းခ်က္

ပန္းခ်ီကားႏွင့္ပတ္သက္၍ ျဖစ္စဉ္အေပၚ ခ်စ္သုေဝ၏ ရွင္းလင္းခ်က္

Share this post

ကြၽန္မေဖေဖ​ေရးဆြဲ​ေသာ ပန္းခ်ီပုံတစ္ခုႏွင့္ပတ္သက္၍ အနည္းငယ္ေျပာဖို႔ ရွိလာပါသည္။
အဲဒီေန႔က လူထုေခါင္းေဆာင္ အေမ့ေမြးေန႔။
ကြၽန္မေဖေဖက ေမြးေန႔ပန္းခ်ီကား တစ္ခ်ပ္ ဆြဲထား၍ ေဖေဖ့အိမ္သို႔ သြားပါသည္။ ရည္ရြယ္ခ်က္က ကြၽန္မတို႔ ပန္းခ်ီကားႏွင့္ အမွတ္တရေမြးေန႔ဆုမြန္ေတာင္းဖို႔ပါ။

႐ိုး႐ိုးသားသားေျပာရရင္ ျဖစ္ေၾကာင္းကုန္စင္က ဒီေလာက္ပါဘဲ။

ေဖေဖႏွင့္ ခင္ပြန္းသည္ ကိုးကြယ္ေသာ ဗုဒၶဘာသာ အေပၚ ကြၽန္မက မေလးမစား ေစာ္ကားသည္ဟု ထင္ျမင္ခ်က္အခ်ိဳ႕ႏွင့္ပတ္သက္၍ အခုထိကြၽန္မ နားမလည္ႏိုင္ေသးပါ။ ကြၽန္မတို႔မိသားစုအလွဴ ဘုရားေက်ာင္းေဆာင္၊ မုခ္ဦး၊ တန္ေဆာင္း၊ ကထိန္ အလွဴမ်ားကိုေဖာ္ျပ၍လည္း မရွင္းျပခ်င္ပါ။ ထိုအလွဴမ်ားသည္ သဒၵါ၍ လွဴခ်င္လို႔ လွဴခဲ့ျခင္းျဖစ္ပါသည္။ ထိုအလွဴမ်ား၏ မွတ္တမ္းမွတ္ရာ ဓါတ္ပုံမ်ားစြာသည္လဲ ဒီလူမႈကြန္ယက္ေပၚတြင္ မ်ားစြာရွိပါသည္။

ဒီပန္းခ်ီကားႏွင့္ပတ္သက္၍ ကြၽန္မမွာ အားနည္းခ်က္တစ္ခုရွိခဲ့ပါသည္။ ဥဏၰလုံေမႊးရွင္ေတာ္ႏွင့္ ပတ္သက္၍ ပန္းခ်ီကားထဲ ထည့္ဆြဲသင့္၊မသင့္ကိုေတာ့ ကြၽန္မေဖေဖကို အႀကံဉာဏ္မေပးႏိုင္ခဲ့ပါ။ ဘာေၾကာင့္ဆိုရင္ က်မလုံးဝ မၾကားဖူးလို႔ဟုသာ အမွန္အတိုင္းဝန္ခံပါသည္။ ဥဏၰလုံေမႊးရွင္ေတာ္ သေကၤတအနက္အဓိပၸါယ္ကို ကြၽန္မ အခုမွပင္ ဆရာေတာ္ေတြကိုေလွ်ာက္၊ လူႀကီးေတြကိုေမး လုပ္ရပါသည္။ ဒါႏွင့္ပတ္သက္၍လဲ ကြၽန္မေဖေဖမွ ဆရာ​ေတာ္ႀကီးအား​ေလ်ာက္ထား​ေမးျမန္း၍ သိရွိနားလည္ကာေလ့လာမႈခ်ိဳ႕ယြင္းခ်က္ေၾကာင့္ေသာ္လည္းေကာင္း၊ နားလည္မႈလြဲမွား၍ေသာ္လည္းေကာင္း ၂၁ရက္ ဇြန္လက ေတာင္းပန္ထားပါသည္။

ကြၽန္မသည္ ခရစ္ယာန္ ဘာသာဝင္ျဖစ္ပါသည္။
ကြၽန္မရဲ႕ဇာတိ အမိႏိုင္ငံသည္ ဗုဒၶသာသနာထြန္းကားရာ ျမန္မာႏိုင္ငံျဖစ္ပါသည္။
ကြၽန္မေဖေဖ ႏွင့္ ခင္ပြန္း သည္ ဗုဒၶသာသနာကို ဆည္းကပ္ပူေဇာ္သည္။

ကြၽန္မ မယ္သီလရွင္မဝတ္ပါ။ သို႔ေသာ္,,
ဦးဇင္းဆရာေတာ္မ်ားႏွင့္ မယ္သီလရွင္ဆရာေလး မ်ားကိုေတာ့ ရွိခိုးကန္ေတာ့ပါသည္။ ဘာေၾကာင့္ ကန္ေတာ့လဲ ? ဟုေမးလွ်င္ ေလးစားၾကည္ညိဳ၍ ဟုသာ ေျဖပါမည္။ ဒီလိုကန္ေတာ့လို႔ ကြၽန္မႏွင့္ ဘာသာတူအခ်ိဳ႕မွ ေျပာဆိုမႈမ်ားရွိရင္လဲ ခ်စ္ျခင္း၊မုန္းျခင္း မျဖစ္ပါ။ ကိုလင္းေျပာေသာစကားတစ္ခြန္းကို အၿမဲမွတ္ထားသည္။ ” လူတစ္ဦးခ်င္း,တစ္ေယာက္ခ်င္းဟာ သူ့ရဲ႕ဘာသာေရးနဲ႔ပတ္သက္ရင္ သူ့ႏွလုံးသားမွာ ကိန္းဝပ္ေနရင္ၿပီးတာဘဲ။ တရားေတြကို လုပ္ႏိုင္၊မလုပ္ႏိုင္ ကေတာ့ ဘဝႀကီးထဲမွာ သူဘယ္လိုရပ္တည္ရွင္သန္မလဲ အေပၚမွာ မူတည္တာဘဲ ” တဲ့။ ကိုလင္းရဲ႕ ဒီစကားေၾကာင့္ ကြၽန္မရဲ႕ဘာသာတရားအေပၚလဲ ပိုမိုယုံၾကည္ခိုင္မာလာသလို, တစ္ပါးသူ၏ဘာသာတရားအေပၚလည္း ေလးစားမႈ ပိုမိုခဲ့ပါသည္။

အားလုံး စိတ္ႏွလုံးခ်မ္း​ေျမ့ပါ​ေစ။

မွတ္ခ်က္။ ။သ႐ုပ္ေဆာင္ခ်စ္သုေဝ၏ FB မွ ေဖာ္ျပခ်က္ကို မူလအတိုင္း ေဖာ္ျပထားျခင္းျဖစ္သည္။

photo- ေခတ္သစ္ေဖာင္ေဒးရွင္း

#PeopleMedia #ခ်စ္သုေဝ #ပန္ခ်ီ

(unicode)
ပန်ချီကားနှင့်ပတ်သက်၍ ဖြစ်စဉ်အပေါ် ချစ်သုဝေ၏ ရှင်းလင်းချက်
………………………………………………………………………

ကျွန်မဖေဖေ​ရေးဆွဲ​သော ပန်းချီပုံတစ်ခုနှင့်ပတ်သက်၍ အနည်းငယ်ပြောဖို့ ရှိလာပါသည်။
အဲဒီနေ့က လူထုခေါင်းဆောင် အမေ့မွေးနေ့။
ကျွန်မဖေဖေက မွေးနေ့ပန်းချီကား တစ်ချပ် ဆွဲထား၍ ဖေဖေ့အိမ်သို့ သွားပါသည်။ ရည်ရွယ်ချက်က ကျွန်မတို့ ပန်းချီကားနှင့် အမှတ်တရမွေးနေ့ဆုမွန်တောင်းဖို့ပါ။

ရိုးရိုးသားသားပြောရရင် ဖြစ်ကြောင်းကုန်စင်က ဒီလောက်ပါဘဲ။

ဖေဖေနှင့် ခင်ပွန်းသည် ကိုးကွယ်သော ဗုဒ္ဓဘာသာ အပေါ် ကျွန်မက မလေးမစား စော်ကားသည်ဟု ထင်မြင်ချက်အချို့နှင့်ပတ်သက်၍ အခုထိကျွန်မ နားမလည်နိုင်သေးပါ။ ကျွန်မတို့မိသားစုအလှူ ဘုရားကျောင်းဆောင်၊ မုခ်ဦး၊ တန်ဆောင်း၊ ကထိန် အလှူများကိုဖော်ပြ၍လည်း မရှင်းပြချင်ပါ။ ထိုအလှူများသည် သဒ္ဒါ၍ လှူချင်လို့ လှူခဲ့ခြင်းဖြစ်ပါသည်။ ထိုအလှူများ၏ မှတ်တမ်းမှတ်ရာ ဓါတ်ပုံများစွာသည်လဲ ဒီလူမှုကွန်ယက်ပေါ်တွင် များစွာရှိပါသည်။

ဒီပန်းချီကားနှင့်ပတ်သက်၍ ကျွန်မမှာ အားနည်းချက်တစ်ခုရှိခဲ့ပါသည်။ ဥဏ္ဏလုံမွှေးရှင်တော်နှင့် ပတ်သက်၍ ပန်းချီကားထဲ ထည့်ဆွဲသင့်၊မသင့်ကိုတော့ ကျွန်မဖေဖေကို အကြံဉာဏ်မပေးနိုင်ခဲ့ပါ။ ဘာကြောင့်ဆိုရင် ကျမလုံးဝ မကြားဖူးလို့ဟုသာ အမှန်အတိုင်းဝန်ခံပါသည်။ ဥဏ္ဏလုံမွှေးရှင်တော် သင်္ကေတအနက်အဓိပ္ပါယ်ကို ကျွန်မ အခုမှပင် ဆရာတော်တွေကိုလျှောက်၊ လူကြီးတွေကိုမေး လုပ်ရပါသည်။ ဒါနှင့်ပတ်သက်၍လဲ ကျွန်မဖေဖေမှ ဆရာ​တော်ကြီးအား​လျောက်ထား​မေးမြန်း၍ သိရှိနားလည်ကာလေ့လာမှုချို့ယွင်းချက်ကြောင့်သော်လည်းကောင်း၊ နားလည်မှုလွဲမှား၍သော်လည်းကောင်း ၂၁ရက် ဇွန်လက တောင်းပန်ထားပါသည်။

ကျွန်မသည် ခရစ်ယာန် ဘာသာဝင်ဖြစ်ပါသည်။
ကျွန်မရဲ့ဇာတိ အမိနိုင်ငံသည် ဗုဒ္ဓသာသနာထွန်းကားရာ မြန်မာနိုင်ငံဖြစ်ပါသည်။
ကျွန်မဖေဖေ နှင့် ခင်ပွန်း သည် ဗုဒ္ဓသာသနာကို ဆည်းကပ်ပူဇော်သည်။

ကျွန်မ မယ်သီလရှင်မဝတ်ပါ။ သို့သော်,,
ဦးဇင်းဆရာတော်များနှင့် မယ်သီလရှင်ဆရာလေး များကိုတော့ ရှိခိုးကန်တော့ပါသည်။ ဘာကြောင့် ကန်တော့လဲ ? ဟုမေးလျှင် လေးစားကြည်ညို၍ ဟုသာ ဖြေပါမည်။ ဒီလိုကန်တော့လို့ ကျွန်မနှင့် ဘာသာတူအချို့မှ ပြောဆိုမှုများရှိရင်လဲ ချစ်ခြင်း၊မုန်းခြင်း မဖြစ်ပါ။ ကိုလင်းပြောသောစကားတစ်ခွန်းကို အမြဲမှတ်ထားသည်။ ” လူတစ်ဦးချင်း,တစ်ယောက်ချင်းဟာ သူ့ရဲ့ဘာသာရေးနဲ့ပတ်သက်ရင် သူ့နှလုံးသားမှာ ကိန်းဝပ်နေရင်ပြီးတာဘဲ။ တရားတွေကို လုပ်နိုင်၊မလုပ်နိုင် ကတော့ ဘဝကြီးထဲမှာ သူဘယ်လိုရပ်တည်ရှင်သန်မလဲ အပေါ်မှာ မူတည်တာဘဲ ” တဲ့။ ကိုလင်းရဲ့ ဒီစကားကြောင့် ကျွန်မရဲ့ဘာသာတရားအပေါ်လဲ ပိုမိုယုံကြည်ခိုင်မာလာသလို, တစ်ပါးသူ၏ဘာသာတရားအပေါ်လည်း လေးစားမှု ပိုမိုခဲ့ပါသည်။

အားလုံး စိတ်နှလုံးချမ်း​မြေ့ပါ​စေ။

မှတ်ချက်။ ။သရုပ်ဆောင်ချစ်သုဝေ၏ FB မှ ဖော်ပြချက်ကို မူလအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။

photo- ခေတ်သစ်ဖောင်ဒေးရှင်း

#PeopleMedia #ချစ်သုဝေ #ပန်ချီ


Share this post