• Follow Us on
Latest News

Home သန်လျင်သဘာဝတရားရိပ်သာရှိ ကွန်းခိုရာသဘာဝတရားရိပ်သာတွင် ကိုဗစ်ရောဂါဖြင့် သေဆုံးသူ နှစ်ရက် အတွင်း (၄၈) ယောက်ရှိ

သန်လျင်သဘာဝတရားရိပ်သာရှိ ကွန်းခိုရာသဘာဝတရားရိပ်သာတွင် ကိုဗစ်ရောဂါဖြင့် သေဆုံးသူ နှစ်ရက် အတွင်း (၄၈) ယောက်ရှိ

Share this post

No description available.

No description available.

 

နေပြည်တော်၊ ဇူလိုင် – ၃၀ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်သဘာဝတရားရိပ်သာရှိ ကွန်းခိုရာကိုဗစ်စင်တာ၌ ဇူလိုင်လ (၂၈) ရက်မှ (၂၉) ရက်ထိ နှစ်ရက်အတွင်း သေဆုံးသူ (၄၈) ယောက်ရှိတယ်လို့ ကွန်းခိုရာသဘာဝတရားရိပ်သာမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

 

“၂၈ ရက်နေ့က COVID-19 ကူးစက်ခံရသူ  ၇၁ ယောက်လာကြတယ်။ အဲ့ဒီမှာ သေဆုံးတဲ့သူက ၂၅ ယောက် ရှိခဲ့တယ်။ ၂၉ ရက်နေ့မှာ COVID-19 ကူးစက်ခံရသူ ၃၆  ယောက်လာတဲ့အခါ  ၂၃ ယောက်သေဆုံးခဲ့တယ်” သန်လျင်သဘာဝတရားရိပ်သာရှိမှ ဆရာလေး သကျဓီတာက မိန့်ကြားပါတယ်။

 

သန်လျင်သဘာဝတရားရိပ်သာရှိ ကွန်းခိုရာကိုဗစ်စင်တာ၌ အောက်စီဂျင်လှူဒါန်းမှုများရှိနေသည့်အတွက် လက်ရှိတွင် အောက်စီဂျင်ခက်ခဲမှုမရှိကြောင်း ဆရာလေး သကျဓီတာက မိန့်ကြားပါတယ်။

 

“ခုလက်ရှိမှာဆိုရင် အောက်စီဂျင်စက်လှူမဲ့သူ အောက်စီဂျင်အိုးတွေကို အခမဲ့ပိုက်ဆံမယူဘဲ ထည့်ပေးမဲ့သူ အစုံပါပဲ အဖက်ဖက်က လှူမဲ့သူတွေတော်တော်များလာပါတယ်” လို့ ကွန်းခိုရာသဘာဝတရားရိပ်သာမှ သီလရှင်ဆရာလေး သကျဓီတာ မိန့်ပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်သဘာဝတရားရိပ်သာရှိ ကွန်းခိုရာသဘာဝတရားရိပ်သာ၌ လက်ရှိတွင် ကိုဗစ် ၁၉ အတည်ပြုလူနာ ၃၀၀ ကျော်ကို  ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါတယ်။

 

Photo – Credit

 

#PeopleMedia #COVID-19 #သန်လျင်သဘာဝတရားရိပ်သာ

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 

Photo – Credit

 


 


Share this post