• Follow Us on

Home သန်လျင်မြို့နယ် လဟာရပ်ရှိ နေအိမ်တစ်လုံး စီးနင်းခံရပြီး အသေ နှစ်ဦးနှင့် အရှင် သုံးဦး ဖမ်းဆီးခံရ

သန်လျင်မြို့နယ် လဟာရပ်ရှိ နေအိမ်တစ်လုံး စီးနင်းခံရပြီး အသေ နှစ်ဦးနှင့် အရှင် သုံးဦး ဖမ်းဆီးခံရ

Share this post

သန်လျင်၊ ဒီဇင်ဘာ ၁၇ (People Media)

 

ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ခရမ်းရေထိန်းတံခါးအနီး လဟာရပ်ရှိ နေ အိမ်တစ်လုံး နေအိမ်တစ်လုံး ဝင်ရောက်စီးနင်းခံရပြီးနောက် အသေနှစ်ဦးနှင့် အရှင်သုံးဦးဖမ်းဆီးခံလိုက်ရ ကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။

 

စီးနင်းခံရပြီးနောက် အသေ နှစ်ဦး(ကျား)၊ အရှင်ဖမ်းဆီးခံရသူသည် မနှစ်ဦး ကျားတစ်ဦးဖြစ်ပြီး အချို့မှာ အပြန် အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

 

အဆိုပါဖြစ်စဉ်၌ ပစ္စတိုနှစ်လက်နှင့် ရိုင်ဖယ် အရှည်နှစ်လက် သိမ်းဆည်ရမိခဲ့ကြောင်း သိရပါတယ်။

 

“အပြန်အလှန်ပစ်ကြတာ။ လုံခြုံရေးအဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တာ။ နှစ်ယောက်အသေ သုံးယောက် အရှင် ဖမ်းမိသွားတယ်။ အရှင် နှစ်ယောက်မှာက အမျိုးသမီးနှစ်ဦးပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ယနေ့ မွန်းလွဲပိုင်းက သန်လျင်မြို့ရှိ မြို့မဈေးအပေါ်ထပ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သလို အမှုထမ်းရပ်ကွက် က-လ-က(ခွဲ)ကျောင်းအနီး၌ ဗုံးအတုတစ်လုံးတွေ့ရှိမှု ဖြစ်ပေါ်ခဲ့ပါတယ်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း သန်လျင်မြို့နယ်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပြည်ခိုင်ဖြိုးပါတီဝင် အချို့နှင့် တပ်မတော်သတင်းပေးဟု စွပ်စွဲခံရသူများ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

 

#PeopleMedia #သန်လျင်မြို့

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 



Share this post