• Follow Us on

Home သာကေတမြို့နယ်၌ တိုက်ခိုက်ရေး ရိုင်ဖယ်အပါအဝင် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိ

သာကေတမြို့နယ်၌ တိုက်ခိုက်ရေး ရိုင်ဖယ်အပါအဝင် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၄ (People Media)

 

ဇန်နဝါရီ ၁၄ ရက် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ တိုက်ခိုက်ရေး ရိုင်ဖယ် အပါအဝင် ဖောက်ခွဲရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိခဲ့သည့် တိုက်ခိုက်ရေး ရိုင်ဖယ်ဖြစ်သော M-16(A-3) နှစ်လက်၊ M-16(A-1)တစ်လက်၊ FCG-9 နှစ်လက် အပါအဝင် အခြားသော ဖောက်ခွဲရေးပစ္စည်းများ ပါဝင်သည်။

 

ပြီးခဲ့သည့်ရက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် သပိတ်ခေါင်းဆောင်အပါအဝင် PDF အဖွဲ့ဝင်အချို့ ဖမ်းဆီး ခံရပြီးနောက် ကွင်းဆက်အနေဖြင့် လက်နက်များ ထပ်မံ၍ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

 

ထို့အတူ ဇန်နဝါရီ ၁၂ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၌ လက်နက်အမြောက်အ များနှင့် ဖောက်ခွဲရေးပစ္စည်းများကို ထပ်မံ သိမ်းဆည်ခံခဲ့ရသည်။

 

လက်ရှိအချိန်၌ အထက်ပါ လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများကို တာဝန်ရှိသူများက ရှာဖွေသိမ်းဆည်းနိုင်ခဲ့ သည့်အပေါ် People Media အနေဖြင့် သက်ဆိုင်ရာ ရဲစခန်းထံ သီးခြားအတည်ပြုရန် ကြိုးစားခဲ့သော်လည်း ဖြေကြားပေးခြင်း မရှိခဲ့ပါဘူး။

 

ထို့အတူ လက်ရှိ ဖမ်းဆီးရမိခဲ့သည့် သတင်းဖြစ်စဉ်များအပေါ်တွင် န-စ-ကမှ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

 

#PeopleMedia #ရန်ကုန်တိုင်း

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 



Share this post