• Follow Us on

Home သီပေါမင်းနှင့် စုဖုရားလတ်တို့၏ နောက်ဆုံးကျန်ရှိသည့် မြေးတော် ထိပ်စုဘုရားကြီး ကွယ်လွန်

သီပေါမင်းနှင့် စုဖုရားလတ်တို့၏ နောက်ဆုံးကျန်ရှိသည့် မြေးတော် ထိပ်စုဘုရားကြီး ကွယ်လွန်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၃၁ (People Media)

 

မြန်မာ့ဘုရင် သီပေါမင်းနှင့် စုဖုရားလတ်တို့၏ နောက်ဆုံးကျန်ရှိသည့် မြေးတော် ထိပ်စုဘုရားကြီးသည် ယနေ့ ဒီဇင်ဘာ ၃၁ ရက် နံနက် ၄ နာရီ ၁၅ မိနစ်အချိန်တွင် ကံကုန်တော်မူသွားပြီဖြစ်ကြောင်း ကုန်းဘောင်ဆက်ဆွေ တော်မျိုးတော်များအသင်း(အောက်မြန်မာပြည်) က ထုတ်ပြန်ထားသည်။

 

ထိပ်စုဖုရားကြီး(ခ) ဒေါ်စုစုခင်သည် မြန်မာ့ထီးနန်း၏ သက်တော်ရှည် မင်းသမီးတစ်ပါးဖြစ်ပြီး ကွယ်လွန်တော်မူ ချိန်တွင် သက်တော် ၉၉ နှစ်အရွယ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

 

ထိပ်စုဖုရားကြီးသည် သီပေါမင်းနှင့် စုဖုရားလတ်တို့၏ စတုတ္ထသမီးတော် ထိပ်စုမြတ်ဖုရားလေးနှင့် ကိုကိုနိုင်တို့ မှ ဖွားမြင်သော ဒုတိယသမီးတော်ဖြစ်ပြီး၊ သီပေါမင်း၏ မြေးတော်များအနက် တစ်ဦးတည်း သက်ရှိထင်ရှား ရှိ နေသေးသူတစ်ဦးဖြစ်သော်လည်း ယနေ့တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။

 

ထိပ်စုဖုရားကြီးသည် မန္တလေး ရတနာပုံမြို့တည် နန်းတည် မင်းတုန်းမင်းတရားကြီးနှင့် အလယ်နန်းတော် ဆင်ဖြူမရှင် မိဘုရားကြီး/လောင်းရှည်မိဘုရားကြီးတို့၏  မြစ်တော် ရတနာပုံ ဒုတိယနန်းစံမင်း သီပေါဘုန်း တော်ကြီးဘုရားနှင့် အရှင်နန်းမတော် ထိပ်စုဘုရားလတ်တို့၏ မြေးတော် စတုတ္တသမီးတော် အရှင်ထိပ်စုမြတ် ဘုရားကလေးနှင့် မြောက်သားတော် ကိုကိုနိုင်တို့၏ သမီးတော်ကြီးဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #မြန်မာ့ဘုရင်ဆွေတော်မျိုးတော်

 

(unicode)


…………………………………………………………………..

 


 


 


 


 


 



Share this post