• Follow Us on

Home သံတွဲမြို့ရှိ ဆေးရုံကြီးအတွင်းသို့ ရေဝင်ရောက်ခြင်းကြောင့် ကိုဗစ်လူနာများကို ရွှေ့ပြောင်းနေရ

သံတွဲမြို့ရှိ ဆေးရုံကြီးအတွင်းသို့ ရေဝင်ရောက်ခြင်းကြောင့် ကိုဗစ်လူနာများကို ရွှေ့ပြောင်းနေရ

Share this post

No description available.

No description available.

 

နေပြည်တော်၊ ဇူလိုင် ၂၇ (People Media)

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ယမန်နေ့မှ စတင်၍ အချိန်ကြာမြင့်စွာ မိုးရွာသွန်းခြင်းကြောင့် မြို့ပေါ်ရပ်ကွက်များ အပါအဝင် ခရိုင်ဆေးရုံအတွင်း ရေများဝင်ရောက်လာမှုကြောင့် ဆေးရုံအတွင်းရှိ ကိုဗစ်လူနာများကို နေရာ ပြောင်းရွှေ့ခဲ့ရပါတယ်။

 

“ဒီမနက်ကစပြီးတော့ ဆရာမတို့ ဆေးရုံထဲကို ရေတွေစပြီးတော့ ဝင်လာတာ။ အခုက လူနာတွေကိုတော့ ရေမရှိတဲ့ အခြားနေရာတွေကို ယာယီရွှေ့ပြောင်းပေးထားတယ်” လို့ သံတွဲမြို့ရှိ ခရိုင်ဆေးရုံမှ တာဝန်ကျ ဆရာမတစ်ဦးက ပြောပါတယ်။

 

လက်ရှိအချိန်၌ သံတွဲမြို့ပေါ်ရှိ မြို့နေရပ်ကွက်များ၊ ဓါတ်အားခွဲရုံများအပါအဝင် နေရာအများစုသည် ရေလွှမ်း မိုးခြင်းခံရလျှက်ရှိနေပါတယ်။

 

#PeopleMedia #သံတွဲမြို့ #ဆေးရုံ

 

(unicode)


………………………………………………………….

 


 


 


 


 


 


Share this post