• Follow Us on

Home သံဖြူဇရပ်မြို့နယ်၊ YMBA အတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခြင်းခံရ

သံဖြူဇရပ်မြို့နယ်၊ YMBA အတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခြင်းခံရ

Share this post

သံဖြူဇရပ်၊ ဇန်နဝါရီ ၁၈ (People Media)

 

ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်ကျေးရွာ၊ သံဖြူဇရပ်-ကျိုက္ခမီ သွားကားလမ်းဘေးရှိ ဈေးဆိုင်အတွင်း၌ ထိုင်နေသည့် သံဖြူဇရပ်မြို့နယ် YMBA အတွင်းရေးမှူး ဦးဌေး အောင်ကို သေနတ်သမားများက ဆိုင်ကယ်ဖြင့် လာရောက်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့သည်။

 

“ဈေးသည်အယောင်ဆောင်ပြီးတော့ ပစ်သွားတာ သေနတ်သံတော့ ကြားလိုက်ရတယ်။ ဦးဌေးအောင်ကတော့ ပစ်ခတ်တဲ့ ဒဏ်ရာကြောင့်ပဲ အခင်းဖြစ်တဲ့နေရာမှပဲ သေဆုံးသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

လက်ရှိအချိန်ထိ သံဖြူဇရပ်မြို့နယ် YMBA အတွင်းရေးမှူး ဦးဌေးအောင်ကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် သေနတ် သမားများကို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း သိရသည်။

 

အလားတူ မွန်ပြည်နယ်တွင် YMBA အသင်းဝင်အချို့၊ အသင်း၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအချို့တို့သည် သေ နတ်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကို ခံရလျက်ရှိသည်။

 

#PeopleMedia #YMBA #သံဖြူဇရပ်

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post