• Follow Us on

Home သႀကၤန္ကာလအတြက္ ပါရမီအေ၀းေျပးကားလက္မွတ္မ်ား တန္းစီစနစ္ျဖင့္ မွတ္ပံုတင္တစ္ခုလွ်င္ တစ္ ေစာင္ႏႈန္း မနက္ျဖန္စေရာင္းမည္

သႀကၤန္ကာလအတြက္ ပါရမီအေ၀းေျပးကားလက္မွတ္မ်ား တန္းစီစနစ္ျဖင့္ မွတ္ပံုတင္တစ္ခုလွ်င္ တစ္ ေစာင္ႏႈန္း မနက္ျဖန္စေရာင္းမည္

Share this post

ရန္ကုန္၊ မတ္ – ၁၇

သႀကၤန္ကာလအတြက္ ပါရမီအေ၀းေျပးမွ ေရာင္းခ်မည့္ ကားလက္မွတ္မ်ားကို တန္းစီစနစ္ျဖင့္ ေရာင္းခ်သြား မည္ျဖစ္ကာမွတ္ပံုတင္တစ္ခုလွ်င္တစ္ေစာင္ႏႈန္းေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ပါရမီအေ၀းေျပးကား၀င္းမွ ယာဥ္လိုင္းတာ၀န္ခံတစ္ဦးက People Media သုိ႔ေျပာသည္။

အဆိုပါေရာင္းခ်မႈကို ယခုလ ၁၈ ရက္တြင္ စတင္ေရာင္းခ်သြားမည္ျဖစ္ၿပီး ခရီးသည္တစ္ဦးလွ်င္ တစ္ေစာင္ႏႈန္း ေရာင္းခ်သြားမည္ျဖစ္ကာ တစ္ဦးတည္းမွ ၃ ေစာင္၀ယ္ယူလွ်င္လည္း မွတ္ပံုတင္သံုးခုပါရွိရမည္ျဖစ္သည္။

“မနက္ ၇ နာရီကေနစတင္ၿပီး ေရာင္းခ်သြားမယ္။ ေစ်းႏႈန္းအေျပာင္းအလဲမရွိဘူး” ဟု ယာဥ္လိုင္းတာ၀န္ခံမွ ေျပာသည္။

ကားလက္မွတ္မ်ားေရာင္းခ်ရာတြင္ မွတ္ပံုတင္တစ္ခုလွ်င္ တစ္ေစာင္ႏႈန္းေရာင္းခ်မည့္အျပင္ မွတ္ပံုတင္ႏွင့္ ၀ယ္ ယူသည့္အမည္ကြဲလြဲမႈရွိပါကလည္း စီးႏွင္းမႈမွ ပယ္ခ်မည္ျဖစ္ေၾကာင္းသိရသည္။

သႀကၤန္ကာလတြင္ ရန္ကုန္မွ နယ္သို႔ျပန္လိုသည့္ ခရီးသည္မ်ားအေနျဖင့္ ႏွစ္စဥ္လက္မွတ္၀ယ္ယူရန္ ခက္ခဲ ေလ့ရွိၿပီး အခ်ိန္ၾကာျမင့္စြာ တန္းစီေစာင့္ဆိုင္း၀ယ္ယူရေလ့ရွိေၾကာင္း ရန္ကုန္မွ ႏွစ္စဥ္နယ္ျပန္သည့္ ခရီးသြား ျပည္သူမ်ားကဆိုၾကသည္။

ရန္ကုန္ၿမိဳ႕တြင္ နယ္သို႔ျပန္ရန္ ေအာင္မဂၤလာအေ၀းေျပးကား၀င္း၊ ဒဂံုဧရာအေ၀းေျပးကား၀င္းႏွင့္ ပါရမီအေ၀း ေျပးကား၀င္းသံုးခုရွိၿပီး က်န္အေ၀းေျပးကား၀င္းမ်ား၌ သၾကၤန္ကာလအတြက္ ႀကိဳတင္လက္မွတ္ေရာင္းခ်မႈမ်ား မရွိေသးေၾကာင္းလည္း စံုစမ္းသိရသည္။

သတင္း – ေဝျဖာေက်ာ္၊ အိသဥၨာ

#PeopleMedia

(Unicode)
သင်္ကြန်ကာလအတွက် ပါရမီအဝေးပြေးကားလက်မှတ်များ တန်းစီစနစ်ဖြင့် မှတ်ပုံတင်တစ်ခုလျှင် တစ် စောင်နှုန်း မနက်ဖြန်စရောင်းမည်
……………………………………………………

ရန်ကုန်၊ မတ် – ၁၇

သင်္ကြန်ကာလအတွက် ပါရမီအဝေးပြေးမှ ရောင်းချမည့် ကားလက်မှတ်များကို တန်းစီစနစ်ဖြင့် ရောင်းချသွား မည်ဖြစ်ကာမှတ်ပုံတင်တစ်ခုလျှင်တစ်စောင်နှုန်းရောင်းချသွားမည်ဖြစ်ကြောင်း ပါရမီအဝေးပြေးကားဝင်းမှ ယာဉ်လိုင်းတာဝန်ခံတစ်ဦးက People Media သို့ပြောသည်။

အဆိုပါရောင်းချမှုကို ယခုလ ၁၈ ရက်တွင် စတင်ရောင်းချသွားမည်ဖြစ်ပြီး ခရီးသည်တစ်ဦးလျှင် တစ်စောင်နှုန်း ရောင်းချသွားမည်ဖြစ်ကာ တစ်ဦးတည်းမှ ၃ စောင်ဝယ်ယူလျှင်လည်း မှတ်ပုံတင်သုံးခုပါရှိရမည်ဖြစ်သည်။

“မနက် ၇ နာရီကနေစတင်ပြီး ရောင်းချသွားမယ်။ ဈေးနှုန်းအပြောင်းအလဲမရှိဘူး” ဟု ယာဉ်လိုင်းတာဝန်ခံမှ ပြောသည်။

ကားလက်မှတ်များရောင်းချရာတွင် မှတ်ပုံတင်တစ်ခုလျှင် တစ်စောင်နှုန်းရောင်းချမည့်အပြင် မှတ်ပုံတင်နှင့် ဝယ် ယူသည့်အမည်ကွဲလွဲမှုရှိပါကလည်း စီးနှင်းမှုမှ ပယ်ချမည်ဖြစ်ကြောင်းသိရသည်။

သင်္ကြန်ကာလတွင် ရန်ကုန်မှ နယ်သို့ပြန်လိုသည့် ခရီးသည်များအနေဖြင့် နှစ်စဉ်လက်မှတ်ဝယ်ယူရန် ခက်ခဲ လေ့ရှိပြီး အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ယူရလေ့ရှိကြောင်း ရန်ကုန်မှ နှစ်စဉ်နယ်ပြန်သည့် ခရီးသွား ပြည်သူများကဆိုကြသည်။

ရန်ကုန်မြို့တွင် နယ်သို့ပြန်ရန် အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ ဒဂုံဧရာအဝေးပြေးကားဝင်းနှင့် ပါရမီအဝေး ပြေးကားဝင်းသုံးခုရှိပြီး ကျန်အဝေးပြေးကားဝင်းများ၌ သင်္ကြန်ကာလအတွက် ကြိုတင်လက်မှတ်ရောင်းချမှုများ မရှိသေးကြောင်းလည်း စုံစမ်းသိရသည်။

သတင်း – ဝေဖြာကျော်၊ အိသဉ္ဇာ

#PeopleMedia


Share this post