• Follow Us on

Home ဟာဂျက်အပေါ့စားတိုက်လေယာဉ်အများအပြား တူရကီထုတ်လုပ်တော့မည်

ဟာဂျက်အပေါ့စားတိုက်လေယာဉ်အများအပြား တူရကီထုတ်လုပ်တော့မည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၄ (People Media)

တူရကီနိုင်ငံသည် ဟာဂျက် Hurjet အပေါ့စားတိုက်လေယာဉ်များကို အများအပြားထုတ်လုပ်တော့မည်ဖြစ် ကြောင်း တူရကီအစိုးရပိုင် Anadolu သတင်းဌာနက ဇန်နဝါရီလ ၁၂ ရက်နေ့က ကြေညာလိုက်သည်။

အမောင်းသင်ဂျက်လေယာဉ်အဖြစ် မူလက ဒီဇိုင်းရေးဆွဲထားသော ဟာဂျက်တိုက်လေယာဉ်သည် ခေတ်မီ အီ လက်ထရောနစ်ကိရိယာများနှင့် တိုက်ပွဲဝင်နိုင်ရန်အတွက် စွမ်းရည်မြင့်အစိတ်အပိုင်းများတပ်ဆင်ထားပြီး ရှေ့/နောက် ထိုင်ခုံနှစ်လုံးပါသည့် အင်ဂျင်တစ်လုံးတပ် အပေါ့စားတိုက်လေယာဉ်ဖြစ်သည်။

ဒုံးကျည်များနှင့် အခြားလက်နက်ခဲယမ်းများတပ်ဆင်ထားသဖြင့် ဟာဂျက်တိုက်လေယာဉ်သည် ဝေဟင်မှ မြေ ပြင်သို့ ထိရောက်စွာတိုက်ပွဲဝင်ပစ်ခတ်နိုင်သော စွမ်းရည်ရှိကြောင်းသိရသည်။

ဟာဂျက်တိုက်လေယာဉ်သည် လက်နက်ခဲယမ်းဝန်အလေးချိန်သယ်ယူနိုင်စွမ်း သုံးတန်ဝန်းကျင် (၃၀၀၀ ကီလို ဂရမ်) ရှိပြီး SOM-J ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များနှင့် ပဲ့ထိန်းဒုံးကျည်များ သယ်ဆောင်နိုင်စွမ်းရှိသည်။

တူရကီလေတပ်ကလည်း အဆိုပါဟာဂျက်တိုက်လေယာဉ်ကို ထောက်လှမ်းရေး၊ စောင့်ကြည့်ထောက်လှမ်းရေး နှင့် ကင်းထောက်စစ်ဆင်ရေးများအတွက် အသုံးပြုသည်။

ဟာဂျက်အပေါ့စားတိုက်လေယာဉ်သည် တူရကီနိုင်ငံ၏ T-38 အမောင်းသင်လေယာဉ်အုပ်ကို အစားထိုးသွား မည်ဖြစ်သည်။ ဟာဂျက်တိုက်လေယာဉ်ကို နိုင်ငံတကာဈေးကွက်ရရှိရေး မျှော်မှန်းပြီး ဒီဇိုင်းရေးဆွဲထုတ်လုပ် ထားခြင်းဖြစ်သည်။

တူရကီစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးအမှုဆောင်ကော်မတီသည် ဟာဂျက်တိုက်လေယာဉ်အပြင် တူရကီ တပ်မတော်တွင် အဆင့်မြင့် စစ်လက်နက်ပစ္စည်းများ တပ်ဆင်နိုင်ရန်အတွက် ပြည်တွင်းဖြစ် ခေတ်မီစစ်လက်  နက်ပစ္စည်းများ ထပ်မံထုတ်လုပ်စွားရန် ဆွေးနွေးခဲ့သည်။

ဆွေးနွေးမှုအကြောင်းအရာများကို အသေးစိတ်ထုတ်ပြန်ပြောကြားခြင်းမရှိသော်လည်း တူရကီစစ်လက်နက်  ပစ္စည်းထုတ်လုပ်ရေးအမှုဆောင်ကော်မတီသည် နိုင်ငံ၏ ကြည်း၊ ရေ၊ လေ တပ်မတော်အတွက် စီမံချက်အမျိုး မျိုးချမှတ်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။

စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးအဖွဲ့ကလည်း ခေတ်မီနည်းပညာများအကူအညီဖြင့် ပြည်တွင်းထုတ် စစ်လက် နက်ပစ္စည်းများ ဆက်လက်ထုတ်လုပ်သွားနိုင်ရေး၏ အရေးပါပုံကို အလေးထားထောက်ပြပြောဆိုသွားပြီး တူရ ကီတပ်မတော်အတွက် ပြည်တွင်းဖြစ်စစ်လက်နက်ပစ္စည်းများ ပိုမိုထုတ်လုပ်သွားရန် ကတိပြုလိုက်သည်။

Ref: Turkey to Begin Mass Production of Hurjet Light Attack Jet

#PeopleMedia

(unicode)

ဟာဂျက်အပေါ့စားတိုက်လေယာဉ်အများအပြား တူရကီထုတ်လုပ်တော့မည်

…………………………………………………………..