• Follow Us on

Home အက္ဖ္-၁၆ ဂ်က္တိုက္ေလယာဉ္ အလွျပေလ့က်င့္မႈအတြင္း ပ်က္က်၊ ပါကစၥတန္ ေလယာဉ္မွဴး ေသဆုံး

အက္ဖ္-၁၆ ဂ်က္တိုက္ေလယာဉ္ အလွျပေလ့က်င့္မႈအတြင္း ပ်က္က်၊ ပါကစၥတန္ ေလယာဉ္မွဴး ေသဆုံး

Share this post

MPI

ႏိုင္ငံတကာ မတ္ ၁၁

ယခုလအတြင္းျပဳလုပ္မည့္ အမ်ိဳးသားေန႔အခမ္းအနားမတိုင္မီ အက္ဖ္-၁၆ ဂ်က္တိုက္ေလယာဉ္တစ္စင္း မွာ ယေန႔ အလွျပေလ့က်င့္မႈမ်ားျပဳလုပ္စဉ္ ကရာခ်ိၿမိဳ႕ေတာ္အနီး သစ္ေတာထူထပ္ရာ ဧရိယာတစ္ခုအတြင္း ပ်က္ က်ခဲ့ရာ ေလယာဉ္မွဴးတစ္ဦး ေသဆုံးခဲ့ေၾကာင္း ပါကစၥတန္ေလတပ္က ေျပာၾကားသည္။

ဂ်က္တိုက္ေလယာဉ္ ပ်က္က်မႈေၾကာင့္ ေျမျပင္ေပၚ၌ ေသဆုံးသူ သို႔မဟုတ္ ထိခိုက္ပ်က္စီးမႈမရွိခဲ့ဟု ပါကစၥတန္ေလတပ္၏ ထုတ္ျပန္ခ်က္တစ္ရပ္အရ သိရသည္။ ပါကစၥတန္သမၼတ အဖက္အယ္ဗီက ေလယာဉ္မွဴး ႏိုမန္အက္ခရမ္၏ မိသားစုဝင္မ်ားထံ ဝမ္းနည္းစကား ေျပာၾကားခဲ့သည္။

႐ုပ္သံျပကြက္မ်ားတြင္ ပ်က္က်ခဲ့ေသာ အက္ဖ္-၁၆ ဂ်က္တိုက္ေလယာဉ္မွ မီးခိုးမ်ားထြက္ရွိေနပုံကို ျပသ ခဲ့သည္။ ပါကစၥတန္အာဏာပိုင္မ်ားက စစ္ဘက္ေလ့က်င့္ေရးေလယာဉ္မ်ား ပ်က္က်မႈကို အေသးစိတ္ထုတ္ျပန္မႈ သိပ္ျပဳလုပ္ေလ့မရွိေပ။

ၿပီးခဲ့ေသာ ဇန္နဝါရီလအတြင္းကလည္း ပါကစၥတန္ႏိုင္ငံအေရွ႕ပိုင္း ပန္ဂ်ပ္ျပည္နယ္၌ အက္ဖ္တီ-၇ ေလ့ က်င့္ေရးဂ်က္ေလယာဉ္ ပ်က္က်ခဲ့ရာ ေလယာဉ္မွဴးႏွစ္ဦး ေသဆုံးခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္ ဇူလိုင္လအတြင္းက လည္း ရာဝယ္လ္ပင္ဒီၿမိဳ႕ ဆင္ေျခဖုံးေဒသရွိ လူေနအေဆာက္အအုံတစ္လုံးေပၚသို႔ ပါကစၥတန္ စစ္ဘက္ေလယာဉ္ တစ္စင္း ပ်က္က်ခဲ့ရာ လူ ၁၉ ဦး ေသဆုံးခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္က တာတို၊ တာေဝးပစ္ဒုံးက်ည္မ်ား၊ တင့္ကားမ်ား၊ ဂ်က္ေလယာဉ္မ်ား၊ ေမာင္းသူမဲ့ေလ ယာဉ္မ်ားႏွင့္ အျခား အႀကီးစားလက္နက္မ်ား ထုတ္ေဖာ္ျပသခဲ့သည့္ မတ္လ ၂၃ ရက္တြင္ျပဳလုပ္မည့္ အမ်ိဳးသား ေန႔ အခမ္းအနားမတိုင္မီ ယခုကဲ့သို႔ အက္ဖ္-၁၆ တိုက္ေလယာဉ္ ပ်က္က်ခဲ့ျခင္းျဖစ္သည္။

ကိုးကား – ေအပီ

Ref; Pakistani fighter pilot dies during aerobatic drill

#PeopleMedia

(unicode)
အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ် အလှပြလေ့ကျင့်မှုအတွင်း ပျက်ကျ၊ ပါကစ္စတန် လေယာဉ်မှူး သေဆုံး
……………………………………………………………………….

MPI

နိုင်ငံတကာ မတ် ၁၁

ယခုလအတွင်းပြုလုပ်မည့် အမျိုးသားနေ့အခမ်းအနားမတိုင်မီ အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်တစ်စင်း မှာ ယနေ့ အလှပြလေ့ကျင့်မှုများပြုလုပ်စဉ် ကရာချိမြို့တော်အနီး သစ်တောထူထပ်ရာ ဧရိယာတစ်ခုအတွင်း ပျက် ကျခဲ့ရာ လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်လေတပ်က ပြောကြားသည်။

ဂျက်တိုက်လေယာဉ် ပျက်ကျမှုကြောင့် မြေပြင်ပေါ်၌ သေဆုံးသူ သို့မဟုတ် ထိခိုက်ပျက်စီးမှုမရှိခဲ့ဟု ပါကစ္စတန်လေတပ်၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။ ပါကစ္စတန်သမ္မတ အဖက်အယ်ဗီက လေယာဉ်မှူး နိုမန်အက်ခရမ်၏ မိသားစုဝင်များထံ ဝမ်းနည်းစကား ပြောကြားခဲ့သည်။

ရုပ်သံပြကွက်များတွင် ပျက်ကျခဲ့သော အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်မှ မီးခိုးများထွက်ရှိနေပုံကို ပြသ ခဲ့သည်။ ပါကစ္စတန်အာဏာပိုင်များက စစ်ဘက်လေ့ကျင့်ရေးလေယာဉ်များ ပျက်ကျမှုကို အသေးစိတ်ထုတ်ပြန်မှု သိပ်ပြုလုပ်လေ့မရှိပေ။

ပြီးခဲ့သော ဇန်နဝါရီလအတွင်းကလည်း ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်၌ အက်ဖ်တီ-၇ လေ့ ကျင့်ရေးဂျက်လေယာဉ် ပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက လည်း ရာဝယ်လ်ပင်ဒီမြို့ ဆင်ခြေဖုံးဒေသရှိ လူနေအဆောက်အအုံတစ်လုံးပေါ်သို့ ပါကစ္စတန် စစ်ဘက်လေယာဉ် တစ်စင်း ပျက်ကျခဲ့ရာ လူ ၁၉ ဦး သေဆုံးခဲ့သည်။

ပြီးခဲ့သည့်နှစ်က တာတို၊ တာဝေးပစ်ဒုံးကျည်များ၊ တင့်ကားများ၊ ဂျက်လေယာဉ်များ၊ မောင်းသူမဲ့လေ ယာဉ်များနှင့် အခြား အကြီးစားလက်နက်များ ထုတ်ဖော်ပြသခဲ့သည့် မတ်လ ၂၃ ရက်တွင်ပြုလုပ်မည့် အမျိုးသား နေ့ အခမ်းအနားမတိုင်မီ ယခုကဲ့သို့ အက်ဖ်-၁၆ တိုက်လေယာဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။

ကိုးကား – အေပီ

Ref; Pakistani fighter pilot dies during aerobatic drill

#PeopleMedia


Share this post