• Follow Us on
Latest News

Home အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မတ်လ ၁၄ ရက်နေ့တစ်ရက်ထဲ၌ လူ ၄၀ ဦးထက်မနည်းသေဆုံးခဲ့ဟု လှိုင်သာယာမြို့နယ် လူမှုကူညီရေးအသင်း များအတည်ပြု

အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မတ်လ ၁၄ ရက်နေ့တစ်ရက်ထဲ၌ လူ ၄၀ ဦးထက်မနည်းသေဆုံးခဲ့ဟု လှိုင်သာယာမြို့နယ် လူမှုကူညီရေးအသင်း များအတည်ပြု

Share this post

ရန်ကုန် ၊ မတ် ၁၅ (PeopleMedia)

ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းခံရသည့်အတွက် လူ ၄၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရပ်ကွက်အသီးသီးရှိ လူမှုကူညီရေးအသင်း များက အတည်ပြုသည်။

သေဆုံးသူများ နှင့် ဒဏ်ရာ ရရှိသူအသီးသီးကို လူမှုကူညီရေးအသင်း များမှ စာရင်းများပြုစုထားပြီး ယင်းသို့ပြုစုချက်များအရ သေဆုံးသူ ၉ ဦးထက်မနည်း ပို့ဆောင်ခဲ့ရသည့် လှုမှုကူညီရေးအသင်းများရှိသည့်အပြင် သေဆုံးသူ ဦးရေ ၄ ဦးထက်မနည်းပို့ဆောင်ခဲ့ရသည့် လူမှုကူညီရေးအသင်း များလည်းရှိကြောင်း အထက်ပါ အဖွဲ့အစည်းများထံမှ သိရသည်။

” ကယ်ဆယ်ရေးလုပ်တဲ့နေရာတွေမှာ အဖွဲ့တွေက စုံတယ် နေရာတွေက စုံတယ် လူတွေကကွဲတယ် ဆေးရုံတွေကကွဲတယ်၊ ကျွန်တော်တို့က ယောမင်းကြီးလမ်းဘက်မှာထိုင်တယ်၊ ကျွန်တော်တို့ဘက်မှာ မနေ့ကအထိဆုံးတာက ကျွန်တော်တို့ဆီမှာ ၃ လောင်းရှိတယ်။ လှိူင်သာယာဆေးရုံမှာလဲ ၂၁ လောင်းရှိတယ်။ မနေ့ကည အထိ စာရင်းပေါင်းလိုက်တာ ရပ်ကွက်က ဟာတွေနဲပေါင်းတာ ၄၀ ကျော်ရှိတယ်။” ဟု အမည်မဖော်လိုသည့် လှိုင်သာယာမြို့နယ်ရှိ လှုမှူကူညီရေးအသင်းက ပြောသည်။

ယမန်နေ့က လှိုင်သာယာမြို့နယ် တွင်ဖြစ်ပေါ်ခဲ့ ကြမ်းဖက်ဖြိူခွင်းမှုများကြောင့် သေဆုံးသူအမြောက်အများရှိခဲ့သည့်အပြင် လူနာတင်ယာဉ်တချို့နှင့် လူမှုကူညီရေးအသင်း မော်တော်ယာဉ် တချို့ ပစ်ခက်ခြင်းခံခဲ့ရပြီး ကျဆုံးသူများကို ကယ်ဆယ်သည့်အခါတွင်လဲ အခက်အခဲအမြောက်အများရှိခဲ့ကြောင်း ကျဆုံးသူများကို ကိုယ်တိုင်သွားရောက်ကယ်ဆယ်ခဲ့သည့် အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။

” ကျွန်တော်တို့ ကယ်ဆယ်ရေးလုပ်တဲ့ကားတွေကို ရပ်ကွက်ပြည်သူရော တပ်ဖက်ကရော ကာကွယ်ပေးဖို့ ကျွန်တော်တို့က သူတို့ ပစ်ပြီးတော့ ပစ်လိုက်တဲ့သူကို သွားကောက်ရတာဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ အန္တရာယ်တွေက ဝိုင်းနေတယ်။ မနေကဆိုရင် မြို့နယ်ကြက်ခြေနီကားလဲ အပြစ်ခံရတယ်။ ကျွန်တော်တို့ကားတွေလဲ မှန်တွေကွဲတယ် တံခါးတွေလဲပျက်တယ်။ သူတို့ကို ကယ်ရင်းဆယ်ရင်းဖြစ်တာ ” ဟု အမည်မဖော်လိုသည့် လှိုင်သာယာမြို့နယ်ရှိ လှုမှူကူညီရေးအသင်းက ပြောသည်။

ယမန့်နေ့က တစ်ရက်ထဲတွင် လှိုင်သာယာမြို့နယ် စက်မှုဇုံများတွင် အထည်ချုပ်စက်ရုံတချို့မီးရှို့ဖျက်ဆီးခြင်းများခံခဲ့ရပြီး ယင်းသို့ဖြစ်စဉ်များကြောင့် လှိုင်သာယာမြို့နယ်အား လက်ရှိတွင် စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

Photo – CJ

#PeopleMedia #လှိုင်သာယာ


Share this post