• Follow Us on

Home အဂတိလိုက္စားမႈစစ္တမ္းမ်ားကို လာမည့္ႏွစ္မ်ား၌ ေကာ္မရွင္ကိုယ္တိုင္ ေကာက္ယူမည္

အဂတိလိုက္စားမႈစစ္တမ္းမ်ားကို လာမည့္ႏွစ္မ်ား၌ ေကာ္မရွင္ကိုယ္တိုင္ ေကာက္ယူမည္

Share this post

ရန္ကုန္၊ ၾသဂုတ္(၂၄)ရက္

အဂတိလိုက္စားမႈ စစ္တမ္းမ်ားကို လာမည့္ႏွစ္မ်ားတြင္ ၌ ေကာ္မရွင္ကိုယ္တိုင္ ေကာက္ယူရန္စီစဥ္လ်က္ရွိ သည္။

ေနျပည္ေတာ္၌ သဂုတ္လ၂၄ရက္တြင္ က်င္းပသည့္ Training on Conducting Corruption Survey in Business Sector” သင္တန္းဖြင့္ပြဲအခမ္းအနားတြင္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္အဖြဲ႔ အတြင္းေရးမွဴးဦးစန္း၀င္းက အထက္ပါအတုိင္း ေျပာၾကားခဲ့သည္။

“အဂတိလိုက္စားမႈ တားဆီးကာကြယ္ေရးအတြက္ အေျခခံခိုင္မာေသာလုပ္ငန္းဆိုင္ရာက်င့္၀တ္မ်ား၊ သင့္ေလ်ာ္ေသာထိန္းခ်ဳပ္မႈနည္းလမ္းမ်ားကို ခ်မွတ္ေဆာင္ရြက္ႏိုင္ရန္အေျခခံအခ်က္၈ခ်က္ကို သက္မွတ္ေပးႏိုင္ခဲ့ပါတယ္။ ယခုႏွစ္အတြက္စစ္တမ္းေကာက္ယူမႈကို UMFCCI ရဲ႔ပူးေပါင္းေဆာင္ရြက္မႈျဖင့္ စီးပြားေရးလုပ္ငန္းနယ္ပယ္မ်ားတြင္ ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။ စစ္တမ္းေကာက္ယူျခင္းမ်ားေဆာင္ရြက္ရာမွာ အဂတိလိုက္စားမႈမ်ားကိုအၿမဲမျပတ္ေစာင့္ၾကည့္ျခင္းနဲ႔ သု႔းသပ္အကဲျဖတ္ျခင္းတို႔ကိုနားလည္သေဘာေပါက္ၿပီး ေနာင္ႏွစ္မ်ားမွာ ေကာ္မရွင္ကဦးေဆာင္၍ စစ္တမ္းေကာက္ယူျခင္းလုပ္ငန္းမ်ား၊ ႀကီးၾကပ္အကဲျဖတ္ျခင္းလုပ္ငန္းမ်ားကို ပိုမိုထိေရာက္စြာေဆာင္ရြက္သြားမွာျဖစ္ပါတယ္’’ဟု ၎ကေျပာသည္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္သို႔ အမ်ားျပည္သူမ်ားက အမ်ားဆုံးေရာက္ရွိလာသည့္ တိုင္ၾကားစာမ်ားမွာ ေက်းလက္မီးလင္းေရးေကာ္မတီမ်ားမွ ေငြေၾကးအရႈပ္အရွင္းတိုင္ၾကားစားမ်ား၊ ႏိုင္ငံ၀န္ထမ္းမ်ားႏွင့္ပတ္သက္သည့္တိုင္ၾကားစာမ်ား၊ ပုဂၢဳိလ္ေရးတစ္ဦးတစ္ေယာက္၏ ေငြအလြဲသုံးမႈတိုင္ၾကားစာမ်ားတို႔ျဖစ္ၾကၿပီး ေကာ္မရွင္က အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒႏွင့္ မသက္ဆိုင္သည့္တိုင္ၾကားစာမ်ားကို သက္ဆိုင္ရာသို႔ ျပန္လည္လႊဲေပးခဲ့သည္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ ဥကၠ႒ ဦးေအာင္ၾကည္ကေျပာၾကားထားရာတြင္လည္း အဂတိလိုက္စားမႈကို သည္းခံမည္မဟုတ္ဘဲ ထိေရာက္စြာ အေရးယူသြားမည္ျဖစ္ေၾကာင္း၊ အဂတိ လိုက္စားမႈသည္တိုင္းျပည္၏ ကပ္ေရာဂါတစ္မ်ိဳးပင္ျဖစ္ေၾကာင္း ေျပာၾကားထားသည္။

#PeopleMedia #အဂတိ

(unicode)
အဂတိလိုက်စားမှုစစ်တမ်းများကို လာမည့်နှစ်များ၌ ကော်မရှင်ကိုယ်တိုင် ကောက်ယူမည်
………………………………………………………

ရန်ကုန်၊ ဩဂုတ်(၂၄)ရက်

အဂတိလိုက်စားမှု စစ်တမ်းများကို လာမည့်နှစ်များတွင် ၌ ကော်မရှင်ကိုယ်တိုင် ကောက်ယူရန်စီစဉ်လျက်ရှိ သည်။

နေပြည်တော်၌ သဂုတ်လ၂၄ရက်တွင် ကျင်းပသည့် Training on Conducting Corruption Survey in Business Sector” သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ အတွင်းရေးမှူးဦးစန်းဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

“အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် အခြေခံခိုင်မာသောလုပ်ငန်းဆိုင်ရာကျင့်ဝတ်များ၊ သင့်လျော်သောထိန်းချုပ်မှုနည်းလမ်းများကို ချမှတ်ဆောင်ရွက်နိုင်ရန်အခြေခံအချက်၈ချက်ကို သက်မှတ်ပေးနိုင်ခဲ့ပါတယ်။ ယခုနှစ်အတွက်စစ်တမ်းကောက်ယူမှုကို UMFCCI ရဲ့ပူးပေါင်းဆောင်ရွက်မှုဖြင့် စီးပွားရေးလုပ်ငန်းနယ်ပယ်များတွင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စစ်တမ်းကောက်ယူခြင်းများဆောင်ရွက်ရာမှာ အဂတိလိုက်စားမှုများကိုအမြဲမပြတ်စောင့်ကြည့်ခြင်းနဲ့ သု့းသပ်အကဲဖြတ်ခြင်းတို့ကိုနားလည်သဘောပေါက်ပြီး နောင်နှစ်များမှာ ကော်မရှင်ကဦးဆောင်၍ စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများ၊ ကြီးကြပ်အကဲဖြတ်ခြင်းလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ အများပြည်သူများက အများဆုံးရောက်ရှိလာသည့် တိုင်ကြားစာများမှာ ကျေးလက်မီးလင်းရေးကော်မတီများမှ ငွေကြေးအရှုပ်အရှင်းတိုင်ကြားစားများ၊ နိုင်ငံဝန်ထမ်းများနှင့်ပတ်သက်သည့်တိုင်ကြားစာများ၊ ပုဂ္ဂိုလ်ရေးတစ်ဦးတစ်ယောက်၏ ငွေအလွဲသုံးမှုတိုင်ကြားစာများတို့ဖြစ်ကြပြီး ကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် မသက်ဆိုင်သည့်တိုင်ကြားစာများကို သက်ဆိုင်ရာသို့ ပြန်လည်လွှဲပေးခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကပြောကြားထားရာတွင်လည်း အဂတိလိုက်စားမှုကို သည်းခံမည်မဟုတ်ဘဲ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း၊ အဂတိ လိုက်စားမှုသည်တိုင်းပြည်၏ ကပ်ရောဂါတစ်မျိုးပင်ဖြစ်ကြောင်း ပြောကြားထားသည်။

#PeopleMedia #အဂတိ


Share this post