• Follow Us on

Home အင်းစိန်မြို့နယ်၌ ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပေါ်

အင်းစိန်မြို့နယ်၌ ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပေါ်

Share this post

နေပြည်တော်၊ သြဂုတ် ၃၀ (People Media)

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အင်းစိန်မြို့နယ်၌ ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲများ ဆက်တိုက် ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

 

“အင်းစိန်မြို့နယ်ထဲမှာ မနက်က ဗုံးပေါက်တယ်လို့ သိရတယ်။ ကျွန်တော်တို့ အတိအကျတော့ အတည်ပြုလို့ မရသေးပါဘူး” လို့ အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူးတစ်ဦးက People Media သို့ ပြောသည်။

 

ယနေ့ မနက် ၅ နာရီအချိန်ခန့်တွင် အင်းစိန်မြို့နယ်အတွင်း ပေါက်တောဝမီးပွိုင့်၊ အင်းစိန်ဂျပန်လမ်းမီးပွိုင့်၊ အင်းစိန် BOC မီးပွိုင့်နှင့် အင်းစိန်ရထားဘူတာရုံအနီး စသည့်နေရာများတွင် တစ်ချိန်တည်း ဗုံးပေါက်ကွဲခဲ့ ကြောင်း သိရသည်။

 

အဆိုပါပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ ပေါက်ကွဲမှုများကြောင့် အနီးဝန်းကျင်ရှိ ပစ္စည်းများ ပျက်စီးခဲ့ကြောင်း သိရသည်။

 

#PeopleMedia #အင်းစိန်မြို #ဗုံးပေါက်ကွဲမှု

 

(unicode)


……………………………………………………………..

 


 


 


 


 


 



Share this post