• Follow Us on

Home လှည်းတန်းလမ်းဆုံအနီးရှိ ယာဉ်ထိန်းရဲရုံး ဗုံးပေါက်မှုဖြစ်ပွား

လှည်းတန်းလမ်းဆုံအနီးရှိ ယာဉ်ထိန်းရဲရုံး ဗုံးပေါက်မှုဖြစ်ပွား

Share this post

နေပြည်တော်၊ သြဂုတ် ၃၀ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်က လှည်းတန်းလမ်းဆုံအနီး ရှိ ယာဉ်ထိန်းရဲရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယင်းလမ်းဆုံအနီး နေထိုင်သူတစ်ဦးက People Media ကို ပြောသည်။

 

“မနက်အစောကြီးဆိုတော့ အသံက တော်တော်ကျယ်တယ်။ ခဏကြာတော့ ချက်ချင်း ရဲရော စစ်တပ်ရော ရောက်လာတာဘဲ။ လူမထိဘူးလို့တော့ ကြားတယ်” ၎င်းက ပြောသည်။

 

ပေါက်ကွဲမှုဖြစ်စဉ်အပြီး ပြည်လမ်းဂုံးတံတားအောက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး၊ ဗုံးပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းရဲရုံး ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

 

ဗုံးပေါက်ကွဲပြီးနောက် လှည်းတန်းလမ်းဆုံရှိ မီးပွိုင့်များမှာလည်း အလုပ်လုပ်ခြင်းရှိမနေကြောင်း၊ လက်ရှိ အဆိုပါနေရာတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားကြောင်း သိရသည်။

 

#PeopleMedia #လှည်းတန်း

 

(unicode)


………………………………………………………..

 


 


 


 


 


 



Share this post