• Follow Us on

Home အစိုးရနဲ့ တပ်မတော်ရဲ့အနေအထားသည် မဲကိစ္စနဲ့ပတ်သက်ပြီးတော့ အတော်လေး တင်းမာလာ၍ ရေချိန်မြင့်လာကြောင်း ပြောဆိုလာသည့် ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးစောသန်းမြင့်

အစိုးရနဲ့ တပ်မတော်ရဲ့အနေအထားသည် မဲကိစ္စနဲ့ပတ်သက်ပြီးတော့ အတော်လေး တင်းမာလာ၍ ရေချိန်မြင့်လာကြောင်း ပြောဆိုလာသည့် ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးစောသန်းမြင့်

Share this post

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား မလိုက်နာပါက ဖျက်ပြစ်ရမည်ဖြစ်ကြောင်း ပြောဆိုမှုများကြောင့် လူထုကြားတွင် စိုးရိမ်မှုများဖြစ်ပေါ်နေလျက်ရှိသည်။
အဆိုပါ ပြောဆိုမှုများနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများ၏ သဘောထားများကို People Media က နိုင်ငံရေး ပါတီခေါင်းဆောင်များ၏ သဘောထားကို ဆက်သွယ်မေးမြန်းခဲ့သည်။
ဦးမင်းဇေယျ(ပြည်သူ့ပါတီဒု-ဥက္ကဌ)
ဦးမင်းဇေယျ “အာဏာသိမ်းမယ်လို့ စဉ်းစားချက်ရှိခဲ့ရင်တောင်မှ ပြည်သူတွေကို မျက်နာမူပေးပါလို့ ဒီအချိန်မှာ အလေးနက်မေတ္တာရပ်ခံချင်တယ်”
ဦးခင်မောင်ဆွေ(NDF ပါတီ ဥက္ကဋ္ဌ)
ဦးခင်မောင်ဆွေ “အဲဒီဟာကို မဖြစ်စေချင်ရင်တော့ တာဝန်ရှိတဲ့ လွှတ်တော်အစိုးရနဲ့ UEC က တောင်းဆိုချက် တွေကို ထွက်ရှင်းပြီးပေးဖို့လိုနေပြီ ဒါကိုဖြေရှင်းလိုက်မယ်ဆိုရင်တော့ အပ်နဲ့ ထွင်းရမယ့်ဟာကို ပုဆိန်နဲ့မထွင်း ရတော့ဘူး”
ဦးစောသန်းမြင့်(ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ)
ဦးစောသန်းမြင့် “ဖြေရှင်းလိုက်ရင် တင်းမာနေတဲ့ အစိုးရနဲ့ တပ်မတော်က ပြန်ပြီးတော့ ပြေလည်သွားမယ်လို့ ကျွန်တော်တို့လည်း ယူဆတယ်။ အဆုံးအစွန်ထိ မတင်းမာစေချင်ဘူး။ ဘာဖြစ်လာမလဲဆိုတာ ပြည်သူတွေ လည်း ရိပ်မိတဲ့အနေအထားဖြစ်တယ်လေ။ အမှန်ပြောရရင် ၈၈ လိုပြန်အရောက်မခံနိုင်ဘူး”
(unicode)
…………………………………………………………………..
ဦးခငျမောငျဆှေ(NDF ပါတီ ဥက်ကဋ်ဌ)
ဦးမင်းဇေယျ (ပြည်သူ့ပါတီ (ဒုဥက္ကဋ္ဌ))

“ဒီရက်ပိုင်းအတွင်းမှာ တပ်မတော်အနေနဲ့က သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ဖော်ပြောဆိုတဲ့စကားတွေ၊ အခု နောက်ဆုံးကာချုပ်ရဲ့ ပြောတဲ့စကားတွေက ကျွန်တော်တို့ နားထဲမှာ မောင်းသံတွေ ခေါင်းလောင်းသံတွေ ကြားနေရတယ်။ ပြောချင်တာက ဒီလိုမောင်းသံမျိုး ဒီလိုခေါင်းလောင်းသံမျိုးကြားရတာက သေခြာတစ်ခုက တော့ ပြည်သူတွေအတွက်လဲ စိုးရိမ်စရာတွေပိုကြီးလာတယ် တိုင်းပြည်အတွက်လဲမကောင်းဘူး အခုလဲပြည်သူတွေက ကိုဗစ်ဒဏ်ကိုလဲ အလူးအလဲခံနေရတယ်။ နှစ်နဲ့ချီပြီးတော့ ခံနေရတာ စိတ်ရောလူရော တော်တော်လေးကို ချုံးချုံးကျနေတဲ့အချိန်မှာ ဒီလိုအကြပ်အတည်းမျိုးကို တကယ်ကယ်တင်ဖို့ တကယ်ကုစားပေးဖို့ တကယ်တာဝန်ရှိတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေက အခုလိုစကားလုံးတွေကို သုံးလာတယ် အခုလိုပြုမူလာတယ်ဆိုတာက တော်တော်လေးကို စိတ်မကောင်းစရာ တော်တော်လေးကို ရင်လေးစရာ လို့ခံစားရတယ်။ အဲ့ဒါတွေက ပြည်သူလူထုရဲ့ စိုးရိမ်မှုကို ကြီးထွားစေတဲ့အပြင် အနာဂတ်ပါ ပျောက်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေက ကြီးထွားလာနေတယ်။ ကျွန်တော်တို့ ပြည်သူလူထုရဲ့ ပြဿနာတွေက အင်မတန်ကို နက်ရှိုင်းနေတဲ့အချိန် အင်မတန်သောကတွေ ဗြာဝေနေတဲ့အချိန်မှာ ဒီလိုစကားလုံးမျိုးသုံးတာက တိုင်းပြည်ကို ဖျက်မယ်ဆိုတဲ့ စကားကို ဒဲ့မပြောရုံတမယ်ပဲလို့ ခံစားရတယ်။ ကျွန်တော်တို့ကိုယ်တိုင် အာဏာသိမ်းခြင်းကို နက်နက်နဲနဲခံစားခဲ့ရဖူးတဲ့လူတွေ ကျွန်တော်တို့ နိုင်ငံမှာလည်း အရင်တုန်းက အာဏာသိမ်းခဲ့ဖူးတဲ့အတွေအကြုံတွေရှိခဲ့ဖူးတယ်။ အာဏာသိမ်းလို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေက ကောင်းလားမကောင်းလားဆိုတာကို ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ပြည်သူတွေအားလုံး တိုင်းရင်းသားတွေအားလုံး အလေးနက် သဘောပေါက်ပြီးသား ဘယ်လိုမှလည်း လက်မခံနိုင်တဲ့ ကိစ္စ ဘယ်လိုမှလည်း မကောင်းနိုင်တဲ့ကိစ္စဆိုတာ သဘောပေါက်ပြီးသား ပြောချင်တာကတော့ အကယ်၍ တပ်မတော်က အာဏာသိမ်းမယ်လို့ စဉ်းစားချက်ရှိခဲ့ရင်တောင်မှ ပြည်သူတွေကို မျက်နာမူပေးပါလို့ ဒီအချိန်မှာ အလေးနက်မေတ္တာရပ် ခံချင်တယ်”

(unicode)
ဦးမငျးဇယြေ (ပွညျသူ့ပါတီ (ဒုဥက်ကဋ်ဌ))


ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (ဥက္ကဋ္ဌ))

“ဥပဒေရဲ့ဆိုရိုးစကားကို ကျော်လွန်လုပ်နေတာအတွက်ကြောင့် ဥပဒေကိုမလိုက်နာတော့ဘူး၊ လိုက်နာတာ လည်းမတွေ့ရတော့ဘူး။ ပြောလို့လည်းမရတော့ဘူး။ ထွက်ပြီးတော့ ရှင်းပါဆိုတော့လည်း လွှတ်တော်အစိုးရနဲ့ UEC ကထွက်မရှင်းဘူး။ မရှင်းတဲ့အခါမှာ ဥပဒေလိုက်နာမှုတဲ့အတွက် ကြောင့် လိုက်နာမှုမရှိတဲ့ဥပဒေကိုတော့ ၄၈ ဥပဒေကို ဖျက်သလို ၇၄ ဥပဒေကိုဖျက်သလို ဖျက်ရတော့မယ်ဆို တဲ့ သဘောကို သူတို့က ပြောသွား တာလေ။ ဒါက အာဏာသိမ်းတဲ့ဆီရောက်သွားမှာပေါ့လေ။ အဲ့ဒီ သဘောကိုပြောတာလို့ ယူဆဖွယ်ရာ ရှိပါတယ်။ ပြည်သူတွေစိုးရိမ်ကြောင့်ကြဖြစ်နေတယ်ဆိုတဲ့ အသံလည်းထွက်လာတော့ စိုးရိမ်ကြောင့်ကြ ဖြစ်တာကို ပျောက်စေချင်ရင်တော့ နည်းလမ်းမှန်ကန်စွာနဲ့ ဒီကိစ္စကိုဖြေရှင်းပေါ့။ အပြည့်အစုံဖြေရှင်းရင် ဖြေရှင်း၊ လွှတ်တော်ထဲမှာ ဖြေရှင်းရင် ဖြေရှင်း၊ ကြိုတင်ပြီးတော့ တွေ့ဆုံဆွေးနွေးဖြေရှင်းပြီးတော့ ပြေလည် အောင်လုပ်သွားဖို့လိုတာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ ဇွတ်ကြီးကို မရှင်းတော့ဘဲနဲ့ ငါတို့မှန်တယ်ဆိုပြီးတော့ အစိုးရဖွဲ့တဲ့အထိ ဆက်သွားမယ်ဆိုရင်တော့ ထိပ်တိုက်ရင်ဆိုင်စရာတွေ တွေ့တော့မှာ သေချာတယ်လေ။ တစ်ချိန်ချိန်မှာ တွေ့မှာပဲ။ အဲဒီဟာကို မဖြစ်စေချင်ရင်တော့ တာဝန်ရှိတဲ့ လွှတ်တော်အစိုးရနဲ့ UEC က တောင်းဆိုချက်တွေကို ထွက်ရှင်းပြီးပေးဖို့လိုနေပြီ ဒါကိုဖြေရှင်းလိုက်မယ်ဆိုရင်တော့ အပ်နဲ့ထွင်း ရမယ့်ဟာကို ပုဆိန်နဲ့မထွင်းရတော့ဘူးဆိုရင်တော့ အင်မတန်ကောင်းတဲ့ကိစ္စဖြစ်မှာပဲလို့ ယူဆပါတယ်။ သူတို့ရည်ရွယ်တာကတော့ နံပါတ်တစ်အကြီးဆုံးအချက်ကတော့ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေကို လိုက် နာရေး၊ ဒီမိုကရေစီပုံစံမပျက်ရေး သွားချင်တယ်ဆိုတဲ့ဟာကို ဇောင်းပေးပြောနေတာပေါ့။ အဲဒါတွေဖြစ်အောင် ဥပဒေနဲ့ ညီညွတ်အောင် ဒီမိုကရေစီမပျက်အောင် သွားစေချင်ရင် လွှတ်တော်၊ အစိုးရ၊ UEC က မဲမသမာမှု ဖြစ် တာကို အရင်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆိုတာပဲလေ။ အခြေခံဥပဒေကို ကျော်လွှားဆောင်ရွက်နေတဲ့ ကိစ္စတွေ ရှိနေတယ်။ အဲဒါတွေက မဖြုတ်သင့်ဘူးဆိုတဲ့ အနေအထားကို ရောက်အောင် ဆွဲခေါ်သွားတာပဲဖြစ်တယ်။ မဲမ သမာမှုကလည်းပဲ ပြည်နယ်တွေကျန်သေးတယ်။ ၈ သန်းကျော်ကျော်လောက်မကဖြစ်လာနိုင်တယ်။ အဲဒါတွေ ဟာ မသင်္ကာဖွယ်ဖြစ်တဲ့ဟာက ကိန်းဂဏန်းအချက်အလက်နဲ့ တိတိကျကျထွက်ရှင်းမယ်ဆိုရင် ရှင်းဖို့မီပါသေး တယ်။ အဲဒါကြောင့် လာရှင်းလှည့်ပါလို့ သူတို့ဖိတ်ခေါ်နေတဲ့ ရည်ရွယ်တယ်လို့ ထင်ပါတယ်။ အဲဒီလိုဖိတ်ခေါ် တဲ့ဟာကိုမှ ထွက်မရှင်းဘဲနဲ့ အစိုးရဖွဲ့အထိသွားမယ်ဆိုရင် မထင်မှတ်တာတွေ ကြုံမှာပဲလေ ကျွန်တော်တော့ ထင်ပါတယ်”

(unicode)


ဦးစောသန်းမြင့် (ဖက်ဒရယ်ပြည်ထောင်စုပါတီ (ဥက္ကဋ္ဌ))
“တပ်ချုပ်ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး အမြင် အဲဒီစကားက တော်တော်ကြမ်းတယ်လို့ပဲ ပြောရမှာပေါ့။ ဖွဲ့စည်းပုံအချက်အလက်ကတော့ အခုအစိုးရနဲ့ လွှတ် တော်ကတော့ ပျက်ပြီပေါ့ဗျာ။ လက်ရှိအခြေခံဥပဒေမရှိဘူးဆိုရင်တော့ အစိုးရနဲ့ လွှတ်တော်လည်း မရှိတော့ ဘူး။ ဒါကျွန်တော့်အမြင်ပေါ့။ ဒါတွေရှိဖို့က အခြေခံဥပဒေလိုတယ်။ ဒီစကားကတော့ တော်တော်လေး အစိုးရနဲ့ တပ်မတော်ရဲ့အနေအထားက မဲကိစ္စနဲ့ပတ်သက်ပြီးတော့ အတော်လေး တင်းမာလာတာ ရေရှိန်မြင့်လာပြီလို့ ပြောရမှာပေါ့။ ဥပဒေမရှိရင် အစိုးရနဲ့လွှတ်တော်မရှိဘူးဆိုရင် ဘာဖြစ်သွားပြီလည်းဆိုတော့ တပ်ကအာဏာ သိမ်းတဲ့အထိများ ရောက်လာနိုင်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့။ ကျွန်တော်တို့ကတော့ အဲဒီကဏ္ဍမျိုးကို မလိုလားဘူး။ တပ်မတ်ာအနေနဲ့ ဘာကိုရည်ရွယ်နေတာလဲ။ ဒီတစ်ခေါက်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲဟာ တော်တော်လေးကို အစိုးရနဲ့ ကော်မရှင်အပေါ်မှာ အဆုံးအစွန် ထိ ဖိအားပေးတဲ့ပုံစံ ကျွန်တော်တွေ့ရတယ်။ အမြန်ဆုံးရှင်းပေါ့၊ မရှင်းနိုင်ရင်ဆိုတဲ့ နောက်ဆက်တွဲပြဿနာက ဘာမှတော့ မပြောပေမယ့် သိပ်ကောင်းတဲ့လက္ခဏာတော့ မရှိဘူး။ သတင်းစာရှင်းလင်းပွဲ မနေ့က ကာချုပ်ပြော တာတွေက တစ်ဆက်တည်းဖြစ်နေတယ်ဗျ။ ဒီတပ်မတော်ဟာ အခြေခံဥပဒေအတိုင်း အစိုးရဘက်က မလုပ်နိုင် ဘူးဆိုရင် အခြေအနေက တင်းတင်းမာမာဖြစ်လာမယ့် အနေအထားတွေ့ရတယ်။ တပ်မတော်နဲ့ အစိုးရတော်တော်လေး တင်းမာလာတဲ့ဆက်ဆံရှိ တယ်။ တင်းမာတဲ့အနေအထားကနေ လျော့သွားအောင်ဆိုပြီးတော့ အဲဒီသဘော ထားကို ထုတ်ပြန်တာဖြစ်ပါ တယ်။ ဆက်ပြီးတင်းမာသွားမယ်ဆိုရင် အင်အားအပြည့် လက်နက်ကိုင်တာက တပ်မတော်ပဲရှိတယ်။ အစိုးရ တို့ ပါတီတို့ဆိုတာ လက်နက်ကိုင်ရတဲ့ အဖွဲ့အစည်းမဟုတ်ဘူးလေ။ တကယ် တမ်း တင်းတင်းမာမာအဆုံးထိ ရောက်လာပြီဆိုရင် လက်နက်ကိုင်တဲ့ လူနဲ့၊ လက်နက်မကိုင်တဲ့လူက ဘယ်သူအားသာမလဲဆိုတာ ပြည်သူ အားလုံးက သိနေတယ်။ ဒါကြောင့် ပြည်သူလူထုလည်း တော်တော်ကြီး ကို စိုးရိမ်စိတ်တွေ မြင့်တက်လာတဲ့ အနေအထားတွေ့ရတယ်။ အဲဒါကြောင့် တင်းမာတာတွေလျော့သွားအောင် တပ်မတော်ကထုတ်ပြန်တဲ့ မဲမသမာမှု၊ ကွဲလွဲမှုတွေနဲ့ပတ်သက်ပြီးတော့ အရင်ဖြေရှင်းသင့်တယ်။ တကယ်လို့ ကျွန်တော်က ဖြေရှင်းတာကို ထောက်ခံတယ်။ ဖြေရှင်းလိုက်ရင် တင်းမာနေတဲ့ အစိုးရနဲ့ တပ်မတော်က ပြန်ပြီးတော့ ပြေလည်သွားမယ်လို့ ကျွန်တော်တို့လည်း ယူဆတယ်။ အဆုံးအစွန်ထိ မတင်းမာစေချင်ဘူး။ ဘာဖြစ်လာမလဲဆိုတာ ပြည်သူတွေ လည်း ရိပ်မိတဲ့အနေအထားဖြစ်တယ်လေ။ အမှန်ပြောရရင် ၈၈ လို ပြန်အရောက်မခံနိုင်ဘူး။

(unicode)


Share this post