• Follow Us on

Home အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ နိုင္ငံအက်ိဳးကို အတူတကြတာဝန္ေက်ပြန္စြာေဆာင္ရြက္မည္ဟု DKBA ဒုစစ္ဦးစီး ခ်ဳပ္ေျပာ

အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ နိုင္ငံအက်ိဳးကို အတူတကြတာဝန္ေက်ပြန္စြာေဆာင္ရြက္မည္ဟု DKBA ဒုစစ္ဦးစီး ခ်ဳပ္ေျပာ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
DKBA တပ္ဖြဲ႕သည္ နိုင္ငံေတာ္အစိုးရ၊ တပ္မေတာ္ႏွင့္ နိုင္ငံအက်ိဳးကို အတူတကြ က်ရာအခန္းက႑မွ တာ ဝန္ေက်ပြန္စြာ လက္တြဲေဆာင္ရြက္မည္ျဖစ္ေၾကာင္း DKBA ဒုတိယစစ္ဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေစာစ တီးက ေျပာသည္။
 
ဒီဇင္ဘာလ ၂၁ ရက္ေန႔က က်င္းပျပဳလုပ္သည့္ ဒီမိုကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ (DKBA) (၂၆)ေျမာက္ ေန႔ အခမ္းအနားတြင္ ဒုတိယစစ္ဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေစာစတီးမွ အထက္ပါအတိုင္း ထည့္သြင္းေျပာ ၾကားခဲ့ျခင္းျဖစ္သည္။
 
“ဒီေကဘီေအတပ္ဖြဲ႕အေနနဲ႔ ေလွ်ာက္လွမ္းေနတဲ့ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို ျပန္သုံးသပ္ရင္ လြယ္ကူစြာ ျဖစ္ထြန္း လာတာ မဟုတ္ဘူးဆိုတာ ေလ့လာသူတိုင္း သိရွိၾကမွာ ျဖစ္ပါတယ္၊ အသက္ေတြ ေသြးေတြ ဘဝေတြ အမ်ားႀကီးေပးဆပ္ၿပီး ရရွိလာခဲ့တာျဖစ္ပါတယ္၊ ဒါေၾကာင့္ ဒီေလာက္ အရင္းအႏွီးႀကီးႀကီးမားမား ေပးဆပ္ၿပီးမွ ရရွိလာတဲ့ ဒီၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အေပၚမွာ မလြတ္တမ္းဆြဲကိုင္ၿပီး စိတ္ရွည္သည္းခံၿပီး မတူညီတာေတြကို တူညီေအာင္ ေပါင္းစပ္ညႇိႏွိုင္းေဆာင္ရြက္သြားၾကရမွာ ျဖစ္ပါတယ္၊ မိမိတို႔ ဒီေကဘီေအတပ္ဖြဲ႕ဟာ နိုင္ငံ ေတာ္အစိုးရ၊ တပ္မေတာ္နဲ႔ နိုင္ငံ့အက်ိဳးကို အတူတကြ က်ရာအခန္းက႑မွာ တာဝန္ေက်ပြန္စြာ လက္တြဲ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္”ဟု ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေစာစတီးက ေျပာသည္။
 
DKBA တပ္ဖြဲ႕သည္ တစ္နိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရး ထိုးထားသည့္ အဖြဲ႕အစည္းတစ္ခုျဖစ္သည္ႏွင့္အညီ (NCA)၏ စည္းမ်ဥ္းစည္းကမ္းအတိုင္း က်င့္ႀကံေန ထိုင္လ်က္ရွိေၾကာင္း၊ (JMC) မွ ခ်မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားကိုလည္း မိမိတို႔တပ္ဖြဲ႕အရာရွိအရာခံ စစ္သည္မ်ားအားလုံး လိုက္နာေဆာင္ရြက္ၾကရန္လိုေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေစာစတီးကဆိုသည္။
 
ယခုအခ်ိန္တြင္ DKBA တပ္ဖြဲ႕ႏွင့္အတူ ကရင့္လက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ ကရင္တိုင္းရင္းသားတူညီ သည့္အေပၚတြင္ တူသည့္အခ်က္မ်ားကို အတူတကြတြဲလုပ္ရမည္ ျဖစ္သလို မတူညီသည့္အခ်က္မ်ားကိုလည္း ညႇိႏွိုင္းေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း DKBA ဒုတိယစစ္ဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေစာစတီးက ေျပာၾကားခဲ့ သည္။
 
Photo – ၂၀၁၉ ခုႏွစ္က ျပဳလုပ္ခဲ့သည့္ DKBA ၂၅ ႏွစ္ေျမာက္အခမ္းအနားဓာတ္ပုံ
 
#PeopleMedia #DKBA #Peace #ကရင္ျပည္နယ္
 
(unicode)
အစိုးရ၊ တပ်မတော်တို့နှင့် နိုင်ငံအကျိုးကို အတူတကွတာဝန်ကျေပွန်စွာဆောင်ရွက်မည်ဟု DKBA ဒုစစ်ဦးစီး ချုပ်ပြော
……………………………………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
DKBA တပ်ဖွဲ့သည် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် နိုင်ငံအကျိုးကို အတူတကွ ကျရာအခန်းကဏ္ဍမှ တာ ဝန်ကျေပွန်စွာ လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း DKBA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောစ တီးက ပြောသည်။
 
ဒီဇင်ဘာလ ၂၁ ရက်နေ့က ကျင်းပပြုလုပ်သည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) (၂၆)မြောက် နေ့ အခမ်းအနားတွင် ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောစတီးမှ အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
 
“ဒီကေဘီအေတပ်ဖွဲ့အနေနဲ့ လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်သုံးသပ်ရင် လွယ်ကူစွာ ဖြစ်ထွန်း လာတာ မဟုတ်ဘူးဆိုတာ လေ့လာသူတိုင်း သိရှိကြမှာ ဖြစ်ပါတယ်၊ အသက်တွေ သွေးတွေ ဘဝတွေ အများကြီးပေးဆပ်ပြီး ရရှိလာခဲ့တာဖြစ်ပါတယ်၊ ဒါကြောင့် ဒီလောက် အရင်းအနှီးကြီးကြီးမားမား ပေးဆပ်ပြီးမှ ရရှိလာတဲ့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ မလွတ်တမ်းဆွဲကိုင်ပြီး စိတ်ရှည်သည်းခံပြီး မတူညီတာတွေကို တူညီအောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်၊ မိမိတို့ ဒီကေဘီအေတပ်ဖွဲ့ဟာ နိုင်ငံ တော်အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံ့အကျိုးကို အတူတကွ ကျရာအခန်းကဏ္ဍမှာ တာဝန်ကျေပွန်စွာ လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဒုတိယဗိုလ်ချုပ်ကြီး စောစတီးက ပြောသည်။
 
DKBA တပ်ဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့်အညီ (NCA)၏ စည်းမျဉ်းစည်းကမ်းအတိုင်း ကျင့်ကြံနေ ထိုင်လျက်ရှိကြောင်း၊ (JMC) မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလည်း မိမိတို့တပ်ဖွဲ့အရာရှိအရာခံ စစ်သည်များအားလုံး လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း ဒုတိယဗိုလ်ချုပ်ကြီး စောစတီးကဆိုသည်။
 
ယခုအချိန်တွင် DKBA တပ်ဖွဲ့နှင့်အတူ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ကရင်တိုင်းရင်းသားတူညီ သည့်အပေါ်တွင် တူသည့်အချက်များကို အတူတကွတွဲလုပ်ရမည် ဖြစ်သလို မတူညီသည့်အချက်များကိုလည်း ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း DKBA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောစတီးက ပြောကြားခဲ့ သည်။
 
Photo – ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သည့် DKBA ၂၅ နှစ်မြောက်အခမ်းအနားဓာတ်ပုံ
 
#PeopleMedia #DKBA #Peace #ကရင်ပြည်နယ်

Share this post