• Follow Us on

Home အစၥလာမ္ဘာသာအေပၚ ႐ိုင္း႐ိုင္းစိုင္းစိုင္းမွတ္ခ်က္ျပဳမႈေၾကာင့္ ဘဂၤလားေဒ့႐ွ္တြင္ လူ ၂ ေယာက္ ေထာင္က်

အစၥလာမ္ဘာသာအေပၚ ႐ိုင္း႐ိုင္းစိုင္းစိုင္းမွတ္ခ်က္ျပဳမႈေၾကာင့္ ဘဂၤလားေဒ့႐ွ္တြင္ လူ ၂ ေယာက္ ေထာင္က်

Share this post

ဒါကာ၊ ႏို၀င္ဘာ ၃
ဟာတီယာၿမိဳ႕နယ္မွ လူငယ္ညီအကို ၂ ေယာက္သည္ တမန္ေတာ္မိုဟာမက္အေပၚ ႐ိုင္းစိုင္းသည့္မွတ္ခ်က္ ျပဳမႈမ်ားလုပ္ခဲ့သည္ဟုဆိုကာ ရဲကဖမ္းဆီးလိုက္ၿပီး ေထာင္ခ်ခဲ့သည္။
တနဂၤေႏြေန႔တြင္ အသက္ ၂၇ ႏွစ္အ႐ြယ္ ဘစ္ေလာ့ ခ်န္ဒရာဒတ္ႏွင့္ အသက္ ၂၃ ႏွစ္အ႐ြယ္ ပူလက္ ခ်န္ဒရာဒတ္တို႔က အစၥလာမ္ဘာသာကိုဆန္႔က်င္သည့္မွတ္ခ်က္မ်ားျပဳခဲ့သည္။
သူတို႔ ၂ ေယာက္က ေစာ္ကားသည့္မွတ္ခ်က္မ်ားျပဳခဲ့ၿပီးေနာက္ အမ်က္ထြက္ၾကသည့္ေဒသခံမ်ားက သူတို႔ကိုထိန္းသိမ္းၿပီး ရဲလက္အပ္ခဲ့ၾကသည္။
ခ႐ိုင္စီမံခန္႔ခြဲမႈေကာ္မတီဥကၠ႒က သူတို႔ ၂ ေယာက္ကို ဘာသာေရးယံုၾကည္ခ်က္မ်ားကိုထိခိုက္ေစမႈျဖင့္ တနလၤာေန႔ေန႔လည္တြင္စြဲခ်က္တင္ခဲ့သည္။
“တရား႐ံုးကဆံုးျဖတ္ခ်က္ခ်ၿပီးေတာ့ သူတို႔ကိုေထာင္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္”ဟု ဟာတီယာၿမိဳ႕နယ္မွ ရဲအမႈစစ္ ကန္ခ်န္ ကန္တီဒတ္ကေျပာသည္။
Ref : Two jailed for making derogatory remarks about Islam
#PeopleMedia
(unicode)
အစ္စလာမ်ဘာသာအပေါ် ရိုင်းရိုင်းစိုင်းစိုင်းမှတ်ချက်ပြုမှုကြောင့် ဘင်္ဂလားဒေ့ရှ်တွင် လူ ၂ ယောက် ထောင်ကျ
…………………………………………..
ဒါကာ၊ နိုဝင်ဘာ ၃
ဟာတီယာမြို့နယ်မှ လူငယ်ညီအကို ၂ ယောက်သည် တမန်တော်မိုဟာမက်အပေါ် ရိုင်းစိုင်းသည့်မှတ်ချက် ပြုမှုများလုပ်ခဲ့သည်ဟုဆိုကာ ရဲကဖမ်းဆီးလိုက်ပြီး ထောင်ချခဲ့သည်။
တနင်္ဂနွေနေ့တွင် အသက် ၂၇ နှစ်အရွယ် ဘစ်လော့ ချန်ဒရာဒတ်နှင့် အသက် ၂၃ နှစ်အရွယ် ပူလက် ချန်ဒရာဒတ်တို့က အစ္စလာမ်ဘာသာကိုဆန့်ကျင်သည့်မှတ်ချက်များပြုခဲ့သည်။
သူတို့ ၂ ယောက်က စော်ကားသည့်မှတ်ချက်များပြုခဲ့ပြီးနောက် အမျက်ထွက်ကြသည့်ဒေသခံများက သူတို့ကိုထိန်းသိမ်းပြီး ရဲလက်အပ်ခဲ့ကြသည်။
ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက သူတို့ ၂ ယောက်ကို ဘာသာရေးယုံကြည်ချက်များကိုထိခိုက်စေမှုဖြင့် တနင်္လာနေ့နေ့လည်တွင်စွဲချက်တင်ခဲ့သည်။
“တရားရုံးကဆုံးဖြတ်ချက်ချပြီးတော့ သူတို့ကိုထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်”ဟု ဟာတီယာမြို့နယ်မှ ရဲအမှုစစ် ကန်ချန် ကန်တီဒတ်ကပြောသည်။
Ref : Two jailed for making derogatory remarks about Islam

Share this post