• Follow Us on

Home အမ်းမြို့ လိပ်ကုန်းကျေးရွာတွင် ဘုန်းကြီးကျောင်းထဲ ဆိတ်ဝင်ရောက်သည့်အတွက် ကျောင်းထိုင်ဆရာ တော်တစ်ပါးမှ ဆိတ်နှင့် ဆိတ်ပိုင်ရှင်တို့ကို ဓားဖြင့်ခုတ်သတ်

အမ်းမြို့ လိပ်ကုန်းကျေးရွာတွင် ဘုန်းကြီးကျောင်းထဲ ဆိတ်ဝင်ရောက်သည့်အတွက် ကျောင်းထိုင်ဆရာ တော်တစ်ပါးမှ ဆိတ်နှင့် ဆိတ်ပိုင်ရှင်တို့ကို ဓားဖြင့်ခုတ်သတ်

Share this post

ရခိုင်၊ သြဂုတ် ၁၇ (People Media)

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ လိပ်ကုန်းကျေးရွာမှာ ဘုန်းကြီးကျောင်းထဲ ဆိတ်ဝင်ရောက်သည့်အတွက် ကျောင်းထိုင်ဆရာတော်မှ ဆိတ်နှင့် ဆိတ်ပိုင်ရှင် အသက်(၂၀) နှစ်ကျော် လူငယ်တို့ကို ဓားဖြင့် ခုတ်ခဲ့တဲ့ အတွက် သေဆုံးသွားကြောင်း ယင်းကျေးရွာနေထိုင်သူများထံက သိရပါတယ်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီကျော်က လိပ်ကုန်းကျေးရွာ ပျဉ်းကုန်းကျေးရွာ ဘုန်းတော် ကြီးကျောင်းဝင်းထဲကို သေဆုံးသူ ကိုခင်မောင်လေး၏ ဆိတ်မှာ ဝင်ရောက်ပြီး အပင်များကို စားသောက်သည့် အတွက် ကျောင်းထိုင်ဆရာတော် ဦးနန္ဒဝံသနှင့် စကားများခဲ့ကြောင်း၊ ထိုနောက် ကျောင်းထိုင်ဆရာတော်မှ အသင့်ပါလာသည့် ဓားဖြင့် ဆိတ်နှင့် ဆိတ်ပိုင်ရှင်လူငယ်ကို ခုတ်ခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် ဆိတ်ပိုင်ရှင်လူငယ်မှာ လည်ပင်း ဝဲဘက် ပြတ်ရှဒဏ်ရာ၊ ဝဲဘက်ပေါင်ပြတ်ရှဒဏ်ရာ၊ ဝဲဘက်လက် မောင်းပြတ်ရှဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ပြီး၊ ဆိတ်မှာလည်း သေဆုံးခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်၍ ပြစ်မှုကျူးလွန်သူ ကျောင်းထိုင်ဆရာတော်အား ဖမ်းဆီးခဲ့ပြီး၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမ်းမြို့မ ရဲစခန်းက အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia #အမ်းမြို့

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post