• Follow Us on

Home အမျိုးဘာသာ၊ သာသနာကို အလေးထားသောပါတီနှင့် နိုင်ငံအတွက် အကောင်းဆုံးလုပ်ဆောင်မည့် လူ ပုဂ္ဂိုလ်များကိုသာ မဲပေးမည်ဖြစ်ကြောင်း တပ်ချုပ်နှင့် ကာကွယ်ရေးဝန်ကြီးပြော


Share this post

ရန်ကုန်၊ နိုဝင်ဘာ ၈
 
 
 
 
 
 
#PeopleMedia
 
(unicode)
အမျိုးဘာသာ၊ သာသနာကို အလေးထားသောပါတီနှင့် နိုင်ငံအတွက် အကောင်းဆုံးလုပ်ဆောင်မည့် လူ ပုဂ္ဂိုလ်များကိုသာ မဲပေးမည်ဖြစ်ကြောင်း တပ်ချုပ်နှင့် ကာကွယ်ရေးဝန်ကြီးပြော
……………………………………………………
 
ရန်ကုန်၊ နိုဝင်ဘာ ၈
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးဘာသာ၊ သာသနာကိုအလေးထားသောပါတီ၊ ဒို့တာဝန်အရေးသုံးပါအား အလေးထားသောပါတီ၊ တပ်မတော်နှင့် လက်တွဲပြီးအလုပ်လုပ်နိုင်သောပါတီကိုသာ မဲပေးခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင် နေပြည်တော်၊ ဇေယျာသီရီမြို့နယ် အနော်ရထာရပ်ကွက် မဲရုံ (၁) တွင် ဆန္ဒမဲပေးခဲ့ခြင်းလဲဖြစ်ပါတယ်။
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ကြိုတင်မဲပေးနိုင်သော်လည်း ရဲဘော်ရဲဘက်များနှင့် အတူတကွ မဲပေးလိုတာကြောင့် ဆန္ဒမဲလာရောက်ပေးခြင်းဖြစ်ပြီး နိုင်ငံသားများခံစားနေရသည့်သောကများကိုလဲ ဖြေသိပ်ဖို့ အတွက် မလွှဲမသေလုပ်ဆောင်ရမှာဖြစ်ပြီး ပြည်သူ့ဆန္ဒနှင့်အညီ ထွက်ပေါ်လာသော ရလာဒ်များကိုလဲ ငြင်း ပယ်ခြင်းမရှိပဲ လက်ခံသွားမယ်လို့လဲဆိုပါတယ်။
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မဲပေးခဲ့သော နေပြည်တော်၊ ဇေယျာ သီရီမြို့နယ် အနော်ရထာရပ်ကွက် မဲရုံ (၁) တွင် ဆန္ဒမဲပေးခဲ့သည့် ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းကတော့ နိုင်ငံအတွက် အကောင်းဆုံးလုပ်ဆောင်မည့် လူပုဂ္ဂိုလ်များကိုသာ မဲပေးမည်ဖြစ်ကြောင်း ဆိုပါတယ်။
 
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်လာရောက်မဲပေးခြင်းသည် နိုင်ငံသားတစ် ယောက်အနေဖြင့် တာဝန်ကျေပြွန်အောင် ထမ်းဆောင်ရမည်ဆိုသည့်စိတ်ဓာတ်ဖြင့် လာရောက်မဲပေးခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
 
#PeopleMedia

Share this post