• Follow Us on

Home အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် တိုင်းနှင့် ပြည်နယ် (၁၅) ခုရှိ မြို့နယ် (၃၃၀) တို့တွင် အမျိုးသမီးကော်မတီများကို ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ကြောင်း လူကယ်ပြန်ဝန်ကြီး ပြောကြား

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် တိုင်းနှင့် ပြည်နယ် (၁၅) ခုရှိ မြို့နယ် (၃၃၀) တို့တွင် အမျိုးသမီးကော်မတီများကို ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ကြောင်း လူကယ်ပြန်ဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ မတ် ၂၅

 

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခု၊ ခရိုင် (၇၄) ခု၊ မြို့နယ် (၃၃၀) တို့တွင် အမျိုးသမီးကော်မတီများကို ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြော သည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး မူဝါဒ(၄)ရပ်၊ လုပ်ငန်း တာဝန်(၇)ရပ် ချမှတ်ပြီး အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ အစိုးရဌာနအချင်း ချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အမျိုးသမီးအရေးတက်ကြွစွာလှုပ်ရှား ဆောင်ရွက်နေကြတဲ့ အမျိုးသမီး အဖွဲ့တွေကိုလည်း ပါဝင်ဖွဲ့စည်းထားရှိပါတယ်။ ဒေသအလိုက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခု၊ ခရိုင်(၇၄)ခု၊ မြို့နယ် (၃၃၀) တွေမှာ အမျိုးသမီးကော်မတီတွေကို ဒေသအဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။

 

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူ ဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကို လုပ်ငန်း ဧရိယာ (၁၂) ရပ်ချမှတ် ဆောင်ရွက်ခဲ့ကြောင်း၊ NSPAW Phase I ကို ပြန်လည်သုံးသပ်ပြီး NSPAW Phase II ကို ရေးဆွဲနိုင်ရေး အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ NSPAW အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် အဆင့်ဆင့်ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး /ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးကော်မတီများ၏ စွမ်းရည်များသည် များစွာအရေးကြီးကြောင်း၊ အမျိုး သမီးများ၏ ဘဝကိုအားပေးမြှင့် တင်ခြင်းသည် ၎င်းတို့၏ မိသားစုကို တိုးတက်စေခြင်းဖြစ်သလို စီးပွားရေး ဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းရေးနှင့် တန်းတူညီမျှမှုတို့ကိုပါ ထပ်ဆင့်ရရှိစေမည် ဖြစ်ကြောင်း၊ ထိုကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူညီမျှသော အခွင့်အရေးများရရှိစေရန် ကျား၊ မ တန်း တူညီမျှမှုနှင့် အမျိုးသမီးအခွင့်အရေးများ သိရှိစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

(unicode)


…………………………………..

 


 


 


 


 



Share this post