• Follow Us on

Home အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္၏ အိမ္ လက္ပစ္ဗုံးျဖင့္ အပစ္ခံရ၊ဗုံကြဲျခင္းမရွိ

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္၏ အိမ္ လက္ပစ္ဗုံးျဖင့္ အပစ္ခံရ၊ဗုံကြဲျခင္းမရွိ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ-၄

အိႏၵိယ-ျမန္မာနယ္စပ္ၿမိဳ႕ျဖစ္ေသာတမူးၿမိဳ႕၊ေစ်းတန္း(၂)ရက္ကြက္ရွိအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးေမာင္ေမာင္လတ္၏ ေနအိမ္အတြင္းသို႔ လက္ပစ္ဗုံးပစ္သြင္းခံရၿပီး ဗုံးကြဲမႈ မရွိျခင္းေၾကာင့္ ထိခိုက္ပ်က္စီးမႈ မရွိေၾကာင္း အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားက ဆိုသည္။

ျဖစ္စဉ္မွာဒီဇင္ဘာ(၃)ရက္ည(၇)နာရီအခ်ိန္ခန္႔၌တမူးၿမိဳ႕ရွိအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးေမာင္ေမာင္လတ္၏ ေနအိမ္အတြင္းသို႔ (91)အမ်ိဳးအစား လက္ပစ္ဗုံးျဖင့္ ပစ္သြင္းခံရျခင္းျဖစ္သည္။

ဦးေမာင္ေမာင္လတ္သည္ ေနျပည္ေတာ္၌ လႊတ္ေတာ္အစည္းအေဝးတပ္ေရာက္ေနျခင္းေၾကာင့္ ေနအိမ္၌ ၎၏ အေမႏွင့္ညီမျဖစ္သူတို႔သာရွိေနခဲ့သည္။အဆိုပါလက္ပစ္ဗုံးကိုတပ္မေတာ္မွခ်က္ခ်င္းလာေရာက္ရွင္းလင္းသြားခဲ့ေၾကာင္း အုပ္ခ်ဳပ္ေရးအဖြဲမ်ားက ဆိုသည္။

တမူးၿမိဳ႕နယ္၌ ကသည္းသူပုန္မ်ား လႈပ္ရွားလွ်က္ရွိၿပီး ကသည္းသူပုန္မ်ားသည္ အိႏၵိယ အစိုးရကို တိုက္ခိုက္ေနေသာ လက္နက္ကိုင္အဖြဲ႕ျဖစ္သည္။

#PeopleMedia

[Unicode]
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏ အိမ် လက်ပစ်ဗုံးဖြင့် အပစ်ခံရ၊ဗုံကွဲခြင်းမရှိ
………………………………………………………………………………..

ရန်ကုန်၊ ဒီဇင်ဘာ-၄

အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်သောတမူးမြို့၊စျေးတန်း(၂)ရက်ကွက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်လတ်၏ နေအိမ်အတွင်းသို့ လက်ပစ်ဗုံးပစ်သွင်းခံရပြီး ဗုံးကွဲမှု မရှိခြင်းကြောင့် ထိခိုက်ပျက်စီးမှု မရှိကြောင်း အုပ်ချုပ်ရေးအဖွဲ့များက ဆိုသည်။

ဖြစ်စဉ်မှာဒီဇင်ဘာ(၃)ရက်ည(၇)နာရီအချိန်ခန့်၌တမူးမြို့ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်လတ်၏ နေအိမ်အတွင်းသို့ (91)အမျိုးအစား လက်ပစ်ဗုံးဖြင့် ပစ်သွင်းခံရခြင်းဖြစ်သည်။

ဦးမောင်မောင်လတ်သည် နေပြည်တော်၌ လွှတ်တော်အစည်းအဝေးတပ်ရောက်နေခြင်းကြောင့် နေအိမ်၌ ၎င်း၏ အမေနှင့်ညီမဖြစ်သူတို့သာရှိနေခဲ့သည်။အဆိုပါလက်ပစ်ဗုံးကိုတပ်မတော်မှချက်ချင်းလာရောက်ရှင်းလင်းသွားခဲ့ကြောင်း အုပ်ချုပ်ရေးအဖွဲများက ဆိုသည်။

တမူးမြို့နယ်၌ ကသည်းသူပုန်များ လှုပ်ရှားလျှက်ရှိပြီး ကသည်းသူပုန်များသည် အိန္ဒိယ အစိုးရကို တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

#PeopleMedia


Share this post