• Follow Us on

Home အရင်း၊ အတိုး ပေးဆပ်ရန်ပျက်ကွက်သောချေးငွေ (Non-Performing Loans) ဖြေရှင်းဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးကျင်းပ၊ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ တက်ရောက်

အရင်း၊ အတိုး ပေးဆပ်ရန်ပျက်ကွက်သောချေးငွေ (Non-Performing Loans) ဖြေရှင်းဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးကျင်းပ၊ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ တက်ရောက်

Share this post

နေပြည်တော်၊ မတ် ၄

 

အရင်း၊ အတိုးပေးဆပ်ရန်ပျက်ကွက်သောချေးငွေ (Non-PerformingLoans) ဖြေရှင်းဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ Training Centre ၌ ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ Workshop တွင် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက နိုင်ငံတကာ၌ Non-Performing Loans (NPLs) sədysus သတ်မှတ်ချက်နှင့် NPLs ဖြေရှင်းဆောင်ရွက်သည့် ဗဟိုဘဏ်များ ၏ မူဝါဒဆိုင်ရာနည်းလမ်းများကို လည်းကောင်း၊ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီး နောက်ပိုင်းတွင် ပုဂ္ဂလိကဘဏ်များ၏ NPLs ပြောင်း လဲမှုနှင့် ယင်းချေးငွေများကို ပုဂ္ဂလိကဘဏ်များက ဖြေရှင်းရမည့်နည်းလမ်းများနှင့် Restructuring နှင့် Resch eduling ဆောင်ရွက်လျက်ရှိရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း ရှင်း လင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် မြန်မာချေးငွေ သတင်းအချက်အလက်ဌာန (Myanmar Credit Bureau) ဥက္ကဋ္ဌက ဘဏ်များ၏ ချေးငွေ သတင်းအချက်အလက်ပေးပို့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ဒုတိယဥက္ကဋ္ဌကဘဏ်လုပ်ငန်း ကဏ္ဍတည်ငြိမ်စေရန်နှင့် ပုဂ္ဂလိကဘဏ်များ၏ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်စေရန် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………..

 


 


 


 


 

#PeopleMedia


Share this post