• Follow Us on

Home အရန်မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းသည်နှင့်အမျှ ပရဟိတစိတ်ဓာတ်များကို အခြေခံသော လူမှုဝန်းကျင် ကိုရရှိစေ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဟု ပြည်ထဲရေးဝန်ကြီးပြော

အရန်မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းသည်နှင့်အမျှ ပရဟိတစိတ်ဓာတ်များကို အခြေခံသော လူမှုဝန်းကျင် ကိုရရှိစေ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဟု ပြည်ထဲရေးဝန်ကြီးပြော

Share this post

ရန်ကုန်၊ မတ် ၁၄

 

အရန်မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲစည်းသည်နှင့်အမျှ ပရဟိတစိတ်ဓာတ်များကို အခြေခံသော လူမှုဝန်းကျင် ကိုရရှိစေ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့နံက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ  မြန်မာနိုင်ငံ မီး သတ်တပ်ဖွဲဌာနချုပ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များကို မီးသတ်တပ်ဖွဲ့ဌာနချုပ်၏ သီတာ ခန်းမတွင်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“နိုင်ငံအတွင်းနှစ်စဉ် ကြုံတွေ့ရလေ့ရှိသည့် မီးလောင်မှုများအပါအဝင် ရေကြီးရေလျှံမှု၊ လေပြင်းတိုက်ခတ်မှု၊ မြေပြိုကျမှု စသည့်ဘေးအန္တရာယ်အမျိုးမျိုးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သန္ဓေတပ်ဖွဲ့ဝင်များနှင့် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသိုဆောင်ရွက်ရာတွင် သန္ဓေတပ်ဖွဲ့ဝင်များနည်းတူ နိုင်ငံတော် အဆင့် ဘွဲ့ထူးဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ရာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၈) ဦးအထိ ပေးအပ်ချီးမြင့်ခဲ့ပြီး လက်မောင်းဘက် တံဆိပ်များကိုလည်း ပြောင်းလဲတပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေး ခဲ့ပါကြောင်း၊ အရန်မီးသတ်တပ်ဖွဲဝင်များ တိုးချဲ့ဖွဲစည်းသည်နှင့်အမျှ ပရဟိတစိတ်ဓာတ်များကို အခြေခံသော လူမှုဝန်းကျင်ကိုရရှိစေ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း” ဟု ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြောသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် ပြသထားသည့် ရှေးဟောင်း ယာဉ်များပြတိုက်တွင် ခေတ်အဆက်ဆက်အသုံးပြုခဲ့သော သက်တမ်း(၇၀)မှ (၁၁၆)နှစ်ရှိသည့် မီးသတ် ယာဉ်များကိုလည်းကောင်း၊ ခေတ်မီ IT နည်းပညာ အထောက်အကူစနစ်ဖြင့် လျှင်မြန်စွာတုန့်ပြန်ဆောင်ရွက် နိုင်ရန် စီမံထားရှိသော မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ကပ်ရောဂါဘေးနှင့် သဘာဝဘေးအန္တရာယ် များအား ကြီးကြပ်ကွပ်ကဲဆောင်ရွက်လျက်ရှိသည့် Command and Control Center အားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် လေ့ကျင့်ရေးကွင်းအတွင်း မီးသတ်တပ်ဖွဲ့ဝင်များ စွမ်း ရည်ပြပြိုင်ပွဲနှင့် မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်သူနာတင်ဝန်ဆောင်မှုလုပ်ငန်းများ Emergency Medical Services(EMS) စွမ်းရည်ပြပြိုင်ပွဲနှင့် သရုပ်ပြသမှုတိုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

(unicode)


………………………………….

 


 


 


 


 



Share this post