• Follow Us on

Home ပုလဲများ နိုင်ငံတကာဈေးကွက်တွင် အရည်အသွေးနှင့် အရွယ်အစားအပေါ် မူတည်၍ နှစ်သက်သူများသဖြင့် ဈေးကွက်ပိုမိုရရှိရေး ကြိုးစားဆောင်ရွက်ရန် သယံဇာတဝန်ကြီး မှာကြား

ပုလဲများ နိုင်ငံတကာဈေးကွက်တွင် အရည်အသွေးနှင့် အရွယ်အစားအပေါ် မူတည်၍ နှစ်သက်သူများသဖြင့် ဈေးကွက်ပိုမိုရရှိရေး ကြိုးစားဆောင်ရွက်ရန် သယံဇာတဝန်ကြီး မှာကြား

Share this post

နေပြည်တော်၊ မတ် ၁၄

 

ပုလဲများ နိုင်ငံတကာဈေးကွက်တွင် အရည်အသွေးနှင့် အရွယ်အစားအပေါ်မူတည်၍ နှစ်သက်သူများသဖြင့် ဈေးကွက်ပိုမိုရရှိရေး ကြိုးစားဆောင်ရွက်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မှာကြားလိုက်သည်။

 

ယမန်‌နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ ဒုံးပုလဲအော် ကျွန်းပုလဲ မွေးမြူရေးစခန်းသို့ ရောက်ရှိခဲ့ပြီနောက် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် ပုလဲမွေးမြူထုတ်လုပ်ခြင်းကို စခန်း(၁၂)ခုဖြင့် ဆောင်ရွက်လျက်ရှိပြီး ထုတ်လုပ်မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် (၁၂၈) ရာခိုင်နှုန်း ထုတ်လုပ်နိုင်ခဲ့ ကြောင်း၊ ဒေသခံများ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် အရည်အသွေးနှင့် အရွယ်အစားအပေါ်မူတည်၍ နှစ်သက်သူများသဖြင့် ဈေးကွက်ပိုမိုရရှိရေး ကြိုးစားဆောင်ရွက်ရန်လိုကြောင်း” ဟု ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။

 

မုတ်ကောင် သားဖောက်ခြင်း၊ ဝတ်ဆံသွင်းခြင်း၊ မွေးမြူခြင်းလုပ်ငန်းစဉ်တွင် အရည်အသွေး အရွယ်အစား ကောင်းမွန်သော ပုလဲများရရှိရေးအတွက် အထူးအရေးကြီးသည့်အတွက် ဌာနနှင့် ကုမ္ပဏီတို့ ပိုမိုပေါင်းစပ် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းစဉ်အလိုက် စည်းကမ်းများကိုလည်း လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ ပုလဲမွေးမြူထုတ်လုပ်ခြင်းမှ ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိလာသော မုတ်ခွံများကို အသုံးပြုသည့် ကနုကမာ အချောထည် လုပ်ငန်းများကိုလည်း  ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ်များ ကောင်းမွန်မှသာ မုတ်ကောင်မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

 

(unicode)


……………………………………

 


 


 


 


 



Share this post