• Follow Us on

Home အသက္မျပည့္သူ (၈) ဦး ဆႏၵမဲလာေပးမႈကို ခြင့္ျပဳသည့္ မဲ႐ုံမွဴးအား တိုင္ၾကား

အသက္မျပည့္သူ (၈) ဦး ဆႏၵမဲလာေပးမႈကို ခြင့္ျပဳသည့္ မဲ႐ုံမွဴးအား တိုင္ၾကား

Share this post

ရန္ကုန္၊ နိုဝင္ဘာ ၁၇
 
၂၀၂၀ အေထြေထြေရြးေကာက္ပြဲ၌ ဧရာဝတီတိုင္းေဒသႀကီး ကန္ႀကီးေထာင့္ၿမိဳ႕နယ္ အဓေလာက္အုပ္စုမဲ႐ုံတြင္ အသက္(၁၈)ႏွစ္ မျပည့္သူ (၈) ဦး ဆႏၵမဲလာေပးသည္ကို ခြင့္ျပဳခဲ့သည့္ မဲ႐ုံမွဴးကို အေရးယူေပးရန္ ခရိုင္ေရြး ေကာက္ပြဲေကာ္မရွင္အဖြဲ႕ထံ တိုင္ၾကားခဲ့ေၾကာင္း ယင္းမဲ႐ုံတြင္ တာဝန္ယူထားသည့္ ကိုယ္စားလွယ္မ်ားထံမွ သိရသည္။
 
မဲစာရင္းတြင္ ပါရွိေနသည့္ အသက္မျပည့္သူ (၈) ဦးႏွင့္ပတ္သက္ၿပီး ျပည္ခိုင္ၿဖိဳးပါတီကိုယ္စားလွယ္ေလာင္း၏ မဲ႐ုံကိုယ္စားလွယ္က ကန႔္ကြက္ေသာ္လည္း မဲ႐ုံမွဴးက နိုင္ငံေရးစီစစ္ေရးကတ္ကို ေသခ်ာစြာ မစီစစ္ဘဲ မဲေပး ခြင့္ျပဳေၾကာင္း သို႔ျဖစ္၍ သက္ဆိုင္ရာေကာ္မရွင္ဥကၠ႒ကို အေရးယူေပးရန္ ခရိုင္ေကာ္မရွင္ကို ၿပီးခဲ့သည့္ ရက္ပိုင္းက တင္ျပထားေၾကာင္း ဦးၿပဳံးခ်ိဳက ဆိုသည္။
 
“ဒီကေလးေတြ အသက္မျပည့္ဘူးဆိုတာ မဲစာရင္းကပ္ကတည္းက သြားတင္ျပတယ္ အဲ့ဒါကို မရဘူး၊ အဲ့ဒါ ေၾကာင့္ ေကာ္မရွင္ဥကၠ႒ကို အေရးယူေပးပါလို႔ တင္ျပထားတယ္”ဟု ျပည္ခိုင္ၿဖိဳးပါတီကိုယ္စားလွယ္ေလာင္း၏ မဲ႐ုံကိုယ္စားလွယ္ ဦးၿပဳံးခ်ိဳက ေျပာသည္။
 
မဲစာရင္းကပ္သည့္အခ်ိန္တြင္ အထက္ပါကေလးမ်ား အသက္မျပည့္ျခင္းကို အေထာက္အထားႏွင့္ တင္ျပခဲ့ျခင္း မရွိဘဲ အသက္မျပည့္သည့္ကေလးမ်ား ပါဝင္ေၾကာင္းသာ ေျပာဆိုခဲ့ေၾကာင္း၊ ေရြးေကာက္ပြဲၿပီးေနာက္ပိုင္းမွ သာ ကေလးမ်ား တက္ေရာက္ေနသည့္ေက်ာင္း၏ ေက်ာင္းအုပ္ဆရာမႀကီး ေထာက္ခံခ်က္ျဖင့္တင္ျပလာျခင္း ျဖစ္ေၾကာင္း ဦးၿပဳံးခ်ိဳက ေျပာသည္။
 
“ကၽြန္ေတာ္တို႔အေနနဲ႔ေတာ့ ျပန္စီစစ္ေပးရမွာေပါ့၊ ဒါဘယ္လို အမွားအယြင္းေလးမ်ိဳး ျဖစ္သြားတာလဲ၊ သက္ဆိုင္ရာက စာရင္း လဝကတင္တဲ့စာရင္း ဒါေတြ ဘယ္လိုျဖစ္ၿပီးေတာ့ မဲဆႏၵရွင္စာရင္းမွာ ပါလာလဲဆိုတာ ဒီေန႔စုံစမ္းစစ္ေဆးမွာပါ”ဟု ကန္ႀကီးေထာင့္ၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးစံမင္းက ေျပာသည္။
 
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး မဲေပးသြားသည့္ကေလးမ်ား၏ သန္းေခါင္စာရင္းပါ ေမြးသကၠရာဇ္၊ လဝကတြင္ ရွိသည့္ ေမြးသကၠရာဇ္စသည္တို႔ကို တိုက္ဆိုင္စစ္ေဆးကာ ေျဖရွင္းေပးရန္ ယေန႔ သက္ဆိုင္ရာတာဝန္သူမ်ား ထံ အစည္းအေဝးေခၚထားေၾကာင္း ေရြးေကာက္ပြဲေကာ္မရွင္ ဦးစံမင္းက ဆိုသည္။
 
#PeopleMedia
 
(unicode)
အသက်မပြည့်သူ (၈) ဦး ဆန္ဒမဲလာပေးမှုကို ခွင့်ပြုသည့် မဲရုံမှူးအား တိုင်ကြား
…………………………………….
 
ရန်ကုန်၊ နိုဝင်ဘာ ၁၇
 
၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် အဓလောက်အုပ်စုမဲရုံတွင် အသက်(၁၈)နှစ် မပြည့်သူ (၈) ဦး ဆန္ဒမဲလာပေးသည်ကို ခွင့်ပြုခဲ့သည့် မဲရုံမှူးကို အရေးယူပေးရန် ခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း ယင်းမဲရုံတွင် တာဝန်ယူထားသည့် ကိုယ်စားလှယ်များထံမှ သိရသည်။
 
မဲစာရင်းတွင် ပါရှိနေသည့် အသက်မပြည့်သူ (၈) ဦးနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း၏ မဲရုံကိုယ်စားလှယ်က ကန့်ကွက်သော်လည်း မဲရုံမှူးက နိုင်ငံရေးစီစစ်ရေးကတ်ကို သေချာစွာ မစီစစ်ဘဲ မဲပေး ခွင့်ပြုကြောင်း သို့ဖြစ်၍ သက်ဆိုင်ရာကော်မရှင်ဥက္ကဋ္ဌကို အရေးယူပေးရန် ခရိုင်ကော်မရှင်ကို ပြီးခဲ့သည့် ရက်ပိုင်းက တင်ပြထားကြောင်း ဦးပြုံးချိုက ဆိုသည်။
 
“ဒီကလေးတွေ အသက်မပြည့်ဘူးဆိုတာ မဲစာရင်းကပ်ကတည်းက သွားတင်ပြတယ် အဲ့ဒါကို မရဘူး၊ အဲ့ဒါ ကြောင့် ကော်မရှင်ဥက္ကဋ္ဌကို အရေးယူပေးပါလို့ တင်ပြထားတယ်”ဟု ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း၏ မဲရုံကိုယ်စားလှယ် ဦးပြုံးချိုက ပြောသည်။
 
မဲစာရင်းကပ်သည့်အချိန်တွင် အထက်ပါကလေးများ အသက်မပြည့်ခြင်းကို အထောက်အထားနှင့် တင်ပြခဲ့ခြင်း မရှိဘဲ အသက်မပြည့်သည့်ကလေးများ ပါဝင်ကြောင်းသာ ပြောဆိုခဲ့ကြောင်း၊ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှ သာ ကလေးများ တက်ရောက်နေသည့်ကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ထောက်ခံချက်ဖြင့်တင်ပြလာခြင်း ဖြစ်ကြောင်း ဦးပြုံးချိုက ပြောသည်။
 
“ကျွန်တော်တို့အနေနဲ့တော့ ပြန်စီစစ်ပေးရမှာပေါ့၊ ဒါဘယ်လို အမှားအယွင်းလေးမျိုး ဖြစ်သွားတာလဲ၊ သက်ဆိုင်ရာက စာရင်း လဝကတင်တဲ့စာရင်း ဒါတွေ ဘယ်လိုဖြစ်ပြီးတော့ မဲဆန္ဒရှင်စာရင်းမှာ ပါလာလဲဆိုတာ ဒီနေ့စုံစမ်းစစ်ဆေးမှာပါ”ဟု ကန်ကြီးထောင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစံမင်းက ပြောသည်။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မဲပေးသွားသည့်ကလေးများ၏ သန်းခေါင်စာရင်းပါ မွေးသက္ကရာဇ်၊ လဝကတွင် ရှိသည့် မွေးသက္ကရာဇ်စသည်တို့ကို တိုက်ဆိုင်စစ်ဆေးကာ ဖြေရှင်းပေးရန် ယနေ့ သက်ဆိုင်ရာတာဝန်သူများ ထံ အစည်းအဝေးခေါ်ထားကြောင်း ရွေးကောက်ပွဲကော်မရှင် ဦးစံမင်းက ဆိုသည်။
 
#PeopleMedia

Share this post