• Follow Us on

Home အသက် ၁၂ နှစ်အရွယ်မိန်းကလေးကို အကြိမ် ၁၀၀ ကျော် မုဒိမ်းကျင့်သူ ထောင်အနှစ် ၁၀၀၀ ကျော်ကျခံရ မည်

အသက် ၁၂ နှစ်အရွယ်မိန်းကလေးကို အကြိမ် ၁၀၀ ကျော် မုဒိမ်းကျင့်သူ ထောင်အနှစ် ၁၀၀၀ ကျော်ကျခံရ မည်

Share this post

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
၂ နှစ်ကျော်ကာလအတွင်း မယားပါသမီးကို ၁၀၅ ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့သည့်အမျိုးသားတယောက်ကို ဗုဒ္ဓဟူးနေ့တွင် မလေးရှားတရားရုံးတရုံးက ထောင်အနှစ် ၁၀၅၀ ချမှတ်ခဲ့သည်။
ထို့အပြင် အမည်မဖော်ပြထားသည့်တရားခံကို ကြိမ်ဒဏ် ၂၄ ချက်လည်းပေးသွားမည်ဟု ဆုံးဖြတ်သည်။
အဓမ္မပြုကျင့်သည့်တကြိမ်စီတိုင်းအတွက် ထောင်ဒဏ် ၁၀ နှစ်စီနှင့် ကြိမ်ဒဏ် ၂ ချက်စီ ပြစ်ဒဏ်ကျခံရရန် တရားသူကြီးကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အလုပ်လက်မဲ့ ထိုအမျိုးသားက ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်မှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်အထိ ဆီလန်ဂေါပြည်နယ်၊ ဆွန်ဂိုင်ဝေးမြို့ရှိအိမ်တွင် ၁၂ နှစ်အရွယ်မယားပါသမီးဖြစ်သူကို အကြိမ်ကြိမ်အဓမ္မပြုကျင့် ခဲ့ခြင်းဖြစ်သည်။
တရားရုံးဆုံးဖြတ်ချက်ချရာတွင်မရှိသည့်ထိုအမျိုးသားက အယူခံတင်သွင်းခြင်းလည်းမရှိချေ။
ထိုဖြစ်ရပ်များအတွင်း တရားခံနှင့် ကျူးလွန်ခံရသူတို့သာအိမ်တွင်ရှိနေပြီး တရားခံက မိန်းကလေးကိုခြိမ်း ခြောက်ပြီးရိုက်နှက်သဖြင့် မည်သူ့ကိုမှပြောပြခြင်းမရှိချေ။
အဒေါ်ဖြစ်သူ၏အိမ်ကို ညီမနှင့် ကျူးလွန်ခံရသူတို့ကိုပို့ပြီးနောက်ပိုင်းမှသာ မိန်းကလေးကဖြစ်စဉ်ကို ထုတ်ပြောခြင်းဖြစ်သည်။
Ref : Malaysian court sentences man to 1,050 years’ jail for raping stepdaughter 105 times
#PeopleMedia
(unicode)
………………………………………………………
Ref : Malaysian court sentences man to 1,050 years’ jail for raping stepdaughter 105 times

Share this post