• Follow Us on

Home အသုတ်မြို့မှ န-စ-က ကောင်စီ သတင်းပေးဆိုသူ ဦးဝင်းနိုင်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

အသုတ်မြို့မှ န-စ-က ကောင်စီ သတင်းပေးဆိုသူ ဦးဝင်းနိုင်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

ရန်ကုန်၊ သြဂုတ် ၁၈ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ အသုတ်မြို့တွင် စစ်ကောင်စီ သတင်းပေးဆိုသူ ဦးဝင်းနိုင်ဦးကို ယနေ့မနက်ပိုင်းက အမည်မသိ အမျိုးသားနှစ်ဦးက အနီးကပ် သေနတ်ဖြင့် ပစ်သတ်၍ သေဆုံးသွားကြောင်း ယင်းမြို့နယ်နေထိုင် သူများထံမှ သိရသည်။

 

ဖြစ်စဉ်မှာ ဦးဝင်းနိုင်ဦးသည် ယနေ့နံနက်ပိုင်းက ထိုင်နေစဉ် ဆိုင်ကယ်ပေါ်မှ လူနှစ်ဦးဆင်းလာပြီး အနီးကပ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းမှာ သေနတ်ပစ်ခံရခြင်းကြောင့် ရင်ဘတ်ကျည်ထိမှန်ခဲ့ပြီး ဆေးရုံအ ရောက်တွင် သေဆုံးသွားကြောင်း သိရသည်။

 

ဦးဝင်းနိုင်ဦးသည် အသုတ်မြို့တွင် ရွှေအသုတ်အောက်စီဂျင် အခမဲ့ဖြန့်ဝေရေးလုပ်ငန်းအား ဦးစီးဆောင်ရွက်နေ သူလည်းဖြစ်ကြောင်း သိရသည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း န-စ-က ကောင်စီက ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ ဝင်များ၊ သတင်းပေးသူများနှင့် ပြည်ခိုင်ဖြိုးပါတီများ နေ့စဉ် လုပ်ကြံသတ်ဖြတ်ခြင်းခံရလျက်ရှိသည်။

 

#PeopleMedia #အသုတ်မြို့

 

(unicode)


……………………………………………………….

 


 


 


 


 


 



Share this post