• Follow Us on

Home အသံုးျပဳသူမ်ားတင္ေသာ ဗီဒီယိုအားလံုးကို Pornhub ဖယ္႐ွား

အသံုးျပဳသူမ်ားတင္ေသာ ဗီဒီယိုအားလံုးကို Pornhub ဖယ္႐ွား

Share this post

နယူးေယာက္၊ ဒီဇင္ဘာ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တရားမ၀င္သည့္အေၾကာင္းအရာမ်ားအေရးရင္ဆိုင္ေနရခ်ိန္တြင္ အျပာ၀က္ဆိုက္ Pornhub(ပြန္းဟတ္)က အတည္မျပဳထားေသာအသံုးျပဳသူမ်ားတင္သည့္ဗီဒီယိုႏွင့္႐ုပ္ပံုအားလံုးကို ဖယ္႐ွားလိုက္သည္။

ထို၀က္ဆိုက္တြင္ အသက္မျပည့္ေသးသည့္ကေလးသူငယ္မ်ားကို အႏိုင္က်င့္မႈမ်ားႏွင့္ အဓမၼမႈမ်ားႏွင့္ ဆက္စပ္သည့္ဗီဒီယိုမ်ား႐ွိေနသည္ဟု နယူးေယာက္တိုင္းသတင္းစာကေဖာ္ျပသည္။

ယခုအစီအမံသစ္မ်ားသည္ အျခားေသာလူမႈကြန္ရက္ပလက္ေဖာင္းမ်ားထက္ ပိုမိုတင္းၾကပ္ေၾကာင္း ပြန္း ဟတ္ကေျပာသည္။

အတည္ျပဳထားေသာအေၾကာင္းအရာဖန္တီးသူမိတ္ဖက္မ်ား၊ ဗီဒီယိုမ်ားတြင္ပါ၀င္သ႐ုပ္ေဆာင္ထားသူမ်ားႏွင့္ ၀က္ဆိုက္၏ေမာ္ဒယ္အစီအစဥ္တြင္ပါ၀င္သူမ်ားပါ၀င္သည့္ဗီဒီယိုမ်ားကိုသာ ၀က္ဆိုက္တြင္ထား႐ွိမည္ျဖစ္ သည္။

၀က္ဆိုက္မွအေၾကာင္းအရာအမ်ားစုကို အတည္မျပဳထားသည့္အသံုးျပဳသူမ်ားက တင္ေနျခင္းျဖစ္ၿပီး မူဝါဒသစ္အရ ဗီဒီယိုသန္းခ်ီကို ဖယ္႐ွားခဲ့သည္။

အျပာ႐ုပ္႐ွင္ေလာကကိုဖ်က္ဆီးလိုသည့္အဖြဲ႔အစည္းမ်ားက ၀က္ဆိုက္ကိုပစ္မွတ္ထားေနျခင္းျဖစ္ေၾကာင္းလည္း ပြန္းဟတ္ကေျပာသည္။

Ref : Pornhub removes all user-uploaded videos amid legality row

#PeopleMedia

(unicode)
အသုံးပြုသူများတင်သော ဗီဒီယိုအားလုံးကို Pornhub ဖယ်ရှား
………………………………………

နယူးယောက်၊ ဒီဇင်ဘာ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တရားမဝင်သည့်အကြောင်းအရာများအရေးရင်ဆိုင်နေရချိန်တွင် အပြာဝက်ဆိုက် Pornhub(ပွန်းဟတ်)က အတည်မပြုထားသောအသုံးပြုသူများတင်သည့်ဗီဒီယိုနှင့်ရုပ်ပုံအားလုံးကို ဖယ်ရှားလိုက်သည်။

ထိုဝက်ဆိုက်တွင် အသက်မပြည့်သေးသည့်ကလေးသူငယ်များကို အနိုင်ကျင့်မှုများနှင့် အဓမ္မမှုများနှင့် ဆက်စပ်သည့်ဗီဒီယိုများရှိနေသည်ဟု နယူးယောက်တိုင်းသတင်းစာကဖော်ပြသည်။

ယခုအစီအမံသစ်များသည် အခြားသောလူမှုကွန်ရက်ပလက်ဖောင်းများထက် ပိုမိုတင်းကြပ်ကြောင်း ပွန်း ဟတ်ကပြောသည်။

အတည်ပြုထားသောအကြောင်းအရာဖန်တီးသူမိတ်ဖက်များ၊ ဗီဒီယိုများတွင်ပါဝင်သရုပ်ဆောင်ထားသူများနှင့် ဝက်ဆိုက်၏မော်ဒယ်အစီအစဉ်တွင်ပါဝင်သူများပါဝင်သည့်ဗီဒီယိုများကိုသာ ဝက်ဆိုက်တွင်ထားရှိမည်ဖြစ် သည်။

ဝက်ဆိုက်မှအကြောင်းအရာအများစုကို အတည်မပြုထားသည့်အသုံးပြုသူများက တင်နေခြင်းဖြစ်ပြီး မူဝါဒသစ်အရ ဗီဒီယိုသန်းချီကို ဖယ်ရှားခဲ့သည်။

အပြာရုပ်ရှင်လောကကိုဖျက်ဆီးလိုသည့်အဖွဲ့အစည်းများက ဝက်ဆိုက်ကိုပစ်မှတ်ထားနေခြင်းဖြစ်ကြောင်းလည်း ပွန်းဟတ်ကပြောသည်။

Ref : Pornhub removes all user-uploaded videos amid legality row

#PeopleMedia


Share this post