• Follow Us on

Home အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံနှင့် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိန္ဒိယကတိပြု

အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံနှင့် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိန္ဒိယကတိပြု

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၃ (People Media)

 

မြန်မာနိုင်ငံမှ အကျပ်အတည်းပြဿနာများအပါအဝင် အများစိုးရိမ်နေကြသည့်ပြဿနာများကို ကိုင်တွယ်ဖြေ ရှင်းရာတွင် ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာသော ကမ္ဘောဒီးယားနိုင်ငံနှင့် ရင်းနှီးနွေးထွေးစွာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံက ကတိပြုပြောကြားလိုက်သည်။

 

ဇန်နဝါရီ ၁၀ ရက်နေ့တွင် နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ်ဆခုန်နှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ်ဂျိုင်ရှန်ကာတို့ တယ်လီဖုန်းဖြင့်ဆက်သွယ်ပြောကြားစဉ် အိန္ဒိယနိုင်ငံဘက် က ယခုကဲ့သို့ ကတိပြုပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဗုဒ္ဓဘာသာလွှမ်းမိုးသောမြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပွားနေသာ အကျပ်အတည်းပြဿနာများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ဝန်ကြီးချုပ်ဟွန်ဆန်၏ခရီးစဉ်ရလဒ်နှင့်ပတ်သက်၍ အိန္ဒိိယနိုင်ငံ ခြားရေးဝန်ကြီးဂျိုင်ရှန်ကာကို ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဆခုန်က တယ်လီဖုန်းဖြင့် ရှင်းပြခဲ့သည်။

 

ဘုံအကျိုးစီးပွားပြဿနာများနှင့်ပတ်သက်၍ မဲခေါင်ဒေသတွင်း အိန္ဒိယနိုင်ငံ၏ တက်ကြွစွာအထောက်အကူပြု ဆောင်ရွက်ခြင်းကို ကမ္ဘောဒီးယားနိုင်ငံက ကျေးဇူးတင်အသိအမှတ်ပြုကြောင်းနှင့် လတ်တလောကာလ အိုမီ ခရန်မူကွဲမျိုးစိတ်သစ်ပေါ်ထွက်လာမှုကြောင့် Covid-19 နောက်ဆုံးလှိုင်းကို အိန္ဒိယနိုင်ငံက အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဆခုန်ကပြောသည်။

 

“မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို အိန္ဒိယနိုင်ငံက အနီး ကပ်စောင့်ကြည့်လေ့လာနေကြောင်းနဲ့ ဒီနှစ် အာဆီယံဥက္ကဋ္ဌအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အရေးကြီးတဲ့အခန်း ကဏ္ဍကို တန်ဖိုးထားလေးစားကြောင်း အိန္ဒိယကပြောပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်က ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာဆောင်ရွက်ခဲ့တဲ့ ရလဒ်တွေအပေါ် တိုက်တွန်းအားပေးတဲ့အကြောင်းနဲ့ ပတ်သက်ပြီး သူ့ကို (အိန္ဒိယဝန်ကြီးချုပ်ကို) ကျွန်တော်ရှင်းပြခွင့်ရခဲ့ပါတယ်။” ဟု ဆခုန်က တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုအပြီး ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

 

နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် သံတမန် ဆက်ဆံရေးထူထောင်ခဲ့သည့် အနှစ် ၇၀ မြောက် နှစ်ပတ်လည်အခမ်းအနားကို ယခုနှစ်တွင် ကျင်းပသွားရန် မျှော်လင့်စောင့်စားလျက်ရှိကြောင်း ဆခုန်က ပြောသည်။

 

“အိန္ဒိယ-အာဆီယံ ဆက်ဆံရေးအကြောင်းတွေ၊ မဲခေါင်အုပ်စုပူးပေါင်းဆောင်ရွက်ရေးအကြောင်းတွေနဲ့ မြန်မာ နိုင်ငံတွင်းက အခြေအနေအကြောင်းတွေကို ကျွန်တော်နဲ့ ရင်းရင်းနှီးနှီးလက်တွဲအလုပ်လုပ်နေတဲ့ အာဆီယံအ လှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံနဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။” ဟု တယ်လီဖုန်းဖြင့် စ ကားပြောဆိုပြီးနောက် ဂျိုင်ရှန်ကာကပြောသည်။

 

အိန္ဒိယနိုင်ငံသည် ဝန်ကြီးချုပ်နရန်ဒရာမိုဒီ၏ အစိုးရလက်အောက်တွင် “အရှေ့မျှော်ဝါဒ” မှ “အရှေ့နှင့် လက်တွဲ အလုပ်လုပ်သည့်ဝါဒ” အဖြစ်လည်းကောင်း လွတ်လပ်သည့်မဟာဗျူဟာမြောက်နည်းလမ်းတစ်ရပ်အဖြစ်လည်း ကောင် ပြန်လည်ပြောင်းလဲလာပြီးနောက် လတ်တလောကာလတွင် အိန္ဒိယနိုင်ငံခြားရေးမူဝါဒများပြောင်းလဲလာ ခဲ့ကြောင်း ကမ္ဘောဒီးယားဒီမိုကရေစီအင်စတီကျုကို ပူးပေါင်းတည်ထောင်သူ ရိုဗန်းနက်က ပြောသည်။

 

အာရှ-ပစိဖိတ်ဒေသတွင် တရုတ်နှင့် အမေရိကန်ကြား အားပြိုင်မှုများမြင့်မားလာခြင်းကြောင့် အိန္ဒိယမဟာဗျူ ဟာအပြောင်းအလဲဖြစ်ပေါ်လာကြောင်း ၎င်းကပြောသည်။ အိန္ဒိယနိုင်ငံအနေဖြင့် မဟာအင်အားကြီးနိုင်ငံနှစ်နိုင် ငံနှင့် ဒေသတွင်းအခြားနိုင်ငံများကြားတွင် ချိန်ခွင်လျှာထိန်းညှိဆက်ဆံရန် လိုအပ်သည်။

 

Ref: India vows close cooperation with Kingdom as ASEAN chair

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: India vows close cooperation with Kingdom as ASEAN chair

 

#PeopleMedia


Share this post