• Follow Us on

Home အာဏာသိမ်းမှုမတိုင်မီ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံကို အရေးပေါ်အထောက်အပံ့အနေဖြင့် ဒေါ်လာသန်း ၃၅၀ ပေးအပ်ထား

အာဏာသိမ်းမှုမတိုင်မီ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံကို အရေးပေါ်အထောက်အပံ့အနေဖြင့် ဒေါ်လာသန်း ၃၅၀ ပေးအပ်ထား

Share this post

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပြီးခဲ့သည့်တပတ်တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)က မြန်မာအစိုးရထံ ဒေါ်လာသန်း ၃၅၀ ပေး အပ်ထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကိုရင်ဆိုင်ရန်မြန်မာနိုင်ငံကိုကူညီသည့်အနေဖြင့် နှောင်ကြိုးမပါသောအကူ အညီပေးခဲ့ခြင်းဖြစ်သည်။

ရက်ပိုင်းအကြာတွင် စစ်ခေါင်းဆောင်များက အာဏာသိမ်းယူခဲ့ပြီး ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် အခြားရွေးကောက်ခံအရာရှိများကို ထိန်းသိမ်းခဲ့သည်။

အခြေအနေသတ်မှတ်ချက်များမရှိသလောက်နီးပါးနှင့် ဇန်နဝါရီ ၁၃ ရက်တွင် IMF ဘုတ်အဖွဲ့ကအတည်ပြုထား သော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု (COVID-19) ငွေကြေးထောက်ပံ့ရေးလျင်မြန်စွာပြုလုပ်ခဲ့သည့် အစီအစဉ်တ စိတ်တပိုင်းအနေဖြင့် IMF ကထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ထိုငွေကိုပြန်ရုတ်သိမ်းရန် လက်ရှိတွင် IMF အနေနှင့် လုပ်နိုင်သည့်အချက် မဆိုစလောက်သာရှိနေသည်ဟု ထိုငွေပေးမှုနှင့် နီးစပ်သူများနှင့် နိုင်ငံတကာဘဏ္ဍာရေး ဆိုင်ရာကျွမ်းကျင်သူများကပြောသည်။

အခြေအနေကို နီးကပ်စွာစောင့်ကြည့်နေကြောင်းနှင့် မြန်မာနိုင်ငံစီးပွားရေးနှင့်နိုင်ငံသားများအပေါ် လက်ရှိ ဖြစ်ရပ်များ၏ ဆိုးကျိုးသက်ရောက်မှုများကို ပြင်းပြင်းထန်ထန်စိုးရိမ်နေကြောင်း အင်္ဂါနေ့တွင် IMF ပြောခွင့်ရသူ တယောက်က ရိုက်တာသတင်းအေဂျင်စီထံ အီးမေးဖြင့်ဖြေကြားသည်။

Ref : Days before coup, IMF sent Myanmar $350 million in emergency aid; no precedent for refund

#PeopleMedia

(unicode)
……………………………………………………..







Ref : Days before coup, IMF sent Myanmar $350 million in emergency aid; no precedent for refund

#PeopleMedia


Share this post