• Follow Us on

Home အာဖဂန်နစ္စတန်မှ အမေရိကန်လက်နက်များ ပါကစ္စတန်ဝယ်ယူနေ

အာဖဂန်နစ္စတန်မှ အမေရိကန်လက်နက်များ ပါကစ္စတန်ဝယ်ယူနေ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၁ (People Media)

 

ပါကစ္စတန်နယ်စပ်တွင်လှုပ်ရှားနေသော တဲရစ်ကိုက်တာလီဘန်ပါကစ္စတန် Tehrik-i-Taliban Pakistan (TTP) အဖွဲ့ကို ဆန့်ကျင်တိုက်ခိုက်ရာတွင် လုံခြုံရေးအဖွဲ့အင်အားတိုးမြှင့်ရန်အတွက် အာဖဂန်နစ္စတန်ရှိ တာလီဘန်များ ထံမှ အမေရိကန်လက်နက်များကို ပါကစ္စတန်နိုင်ငံကဝယ်ယူနေကြောင်း ANI သတင်းဌာနကဖော်ပြခဲ့သည်။

 

ယခုနှစ် သြဂုတ်လလယ်လောက်က အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များအာဏာရလာခဲ့ပြီးနောက်ပိုင်း ပါကစ္စတန်နိုင်ငံနယ်စပ်တွင် နယ်စပ်ဖြတ်ကျော်အကြမ်းဖက်တိုက်ခိုက်မှုများ အရှိန်မြှင့်တက်လာခဲ့သည်။ အာ ဖဂန်နစ္စတန်တာလီဘန်များအာဏာရလာပြီးနောက် TTP စစ်သွေးကြွများ၏ အမာခံနယ်မြေဖြစ်သော မြောက် ပိုင်း ဝါဇီရစ္စတန်နယ်မြေတွင် စစ်သွေးကြွများကို အဓိကထိုးစစ်ကြီးများပြုလုပ်၍ တိုက်ခိုက်လျက်ရှိသည်။

 

အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များဆုတ်ခွာသွားပြီးနောက် တာလီဘန်များသိမ်းပိုက်ရရှိခဲ့သည့် အမေရိကန် လက်နက်များကို အာဖဂန် လက်နက်ကုန်သည်များက ၎င်းတို့ဆိုင်များတွင် လွတ်လပ်စွာ ရောင်းချလျက်ရှိ ကြောင်း၊ ယင်းကုန်သည်များက အဆိုပါလက်နက်/ခဲယမ်းများကို အာဖဂန်စစ်သားများနှင့် တာလီဘန်များထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာလအတွင်းက New York Times တွင် ရေးသားဖော်ပြခဲ့သည်။

 

ယင်းစစ်လက်နက်ပစ္စည်းများမှာ မူလက အမေရိကန်သင်တန်းနှင့် စစ်လက်နက်ပစ္စည်းအထောက်အပံ့စီမံချက် အရ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ အမေရိကန်တပ်များ အာဖဂန်နစ္စတန်မှဆုတ် ခွာသွားချိန်တွင် တာလီဘန်များမှာ လက်နက်/ခဲယမ်း အများအပြားကို အစုလိုက်အပြုံလိုက် သိမ်းဆည်းရရှိခဲ့ရာ ယခုအခါ အဆိုပါစစ်လက်နက်ပစ္စည်းများကို ဈေးဆိုင်များတွင် လွတ်လပ်စွာရောင်းချလျက်ရှိသည်။

 

တစ်ပြိုင်တည်းမှာပင် ပါကစ္စတန်နိုင်ငံက အာဖဂန်နစ္စတန်မှလက်နက်များကို ဝယ်ယူနေသည်ကိစ္စနှင့်ပတ်သက် ၍ စိုးရိမ်ပူပန်မိကြောင်း အိန္ဒိယတပ်မတော်မှ ထိပ်တန်းအရာရှိများကပြောကြားလိုက်သည်။

 

ယင်းလက်နက်များ အိန္ဒိယနိုင်ငံတွင်းသို့ ရောက်မလာမီ ပါကစ္စတန်ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ ISI က ထောက်ပံ့ထားသော အကြမ်းဖက်အုပ်စုများက အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရာတွင် ပထမဦးဆုံးအသုံးပြု လိမ့်မည်ဟု အိန္ဒိယတပ်မတော်အရာရှိများက ယုံကြည်ထားကြောင်း ANI သတင်းဌာနကရေးသားဖော်ပြခဲ့ သည်။ ယင်းလက်နက်များကို အိန္ဒိယနိုင်ငံတွင်းလှုပ်ရှားနေသည့် အကြမ်းဖက်အုပ်စုများထံသို့လည်း ထောက်ပံ့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း အိန္ဒိယထိပ်တန်းအရာရှိများကပြောသည်။

 

“အမေရိကန်ထုတ်လက်နက်တွေ အထူးသဖြင့် လက်နက်ငယ်တွေကို ပါကစ္စတန်ကိုပို့နေတယ်ဆိုတဲ့ သတင်း တွေ ရရှိထားပါတယ်။ တာလီဘန်အောင်ပွဲက အကြမ်းဖက်အုပ်စုတွေကို ရဲဆေးတင်ပေးလိုက်တဲ့နည်းအတိုင်း ပါကစ္စတန်နိုင်ငံကိုယ်တိုင်က ဒီလက်နက်တွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ အသုံးပြုနိုင်မယ့်အလားအ လာတွေရှိနေပါတယ်” ဟု အိန္ဒိယထိပ်တန်းခေါင်းဆောင်များက ANI သတင်းဌာနသို့ပြောသည်။

 

Ref: Pakistan buying US military weapons in Afghanistan

 

#PeopleMedia

 

(unicode)


……………………………………………………….

 


 


 


 


 


 


 


 


 

Ref: Pakistan buying US military weapons in Afghanistan

 

#PeopleMedia


Share this post