• Follow Us on

Home အိမ်မဲမြို့ ရဲစခန်း၌ အချုပ်သား ၃၀ ဦးအား ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးရာ ၂၁ ဦးတွင် ရောဂါပိုးတွေ့

အိမ်မဲမြို့ ရဲစခန်း၌ အချုပ်သား ၃၀ ဦးအား ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးရာ ၂၁ ဦးတွင် ရောဂါပိုးတွေ့

Share this post

နေပြည်တော်၊ ဇူလိုင် ၂၂ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်ရှိ ရဲစခန်းတွင် ကိုဗစ်ရောဂါလက္ခဏာများ ခံစားနေရသည့် အချုပ်သား များရှိနေသည့်အတွက် ရဲစခန်းရှိ အချုပ်သား ၃၀ ဦးကို ဇူလိုင်လ ၂၁ ရက်နေ့က ရောဂါပိုးရှိမရှိ စစ်ဆေးရာတွင် အချုပ်သား ၂၁ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ အိမ်မဲမြို့ ကျန်မာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

 

“အချုပ်သားတွေမှာ ပိုးတွေ့တယ်ဆိုတာကတော့ အခုလောလောဆယ်မှာတော့ အချုပ်သားတွေကို အဲ့ဒီ တိုက်မှာပဲထားထားပြီးတော့ ရဲစခန်းနဲ့ ထိစပ်မှုရှိတဲ့သူတွေကိုလည်း ထပ်စစ်ဆေးဖို့ရှိတယ်” လို့ အိမ်မဲမြို့ ကျန်မာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

လက်ရှိအချိန်အထိ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့တွင် ၁၆၄၃ ဦးအား ရောဂါပိုးရှိမရှိ စစ်ဆေးထားခဲ့ပြီး ယင်းသို့ စစ်ဆေးမှုများအနက် ရောဂါပိုးတွေ့ရှိသူ ၂၆၉ ဦးအထိရှိပြီး ၁၃  ဦး အသက်သေဆုံးမှုရှိထားကြောင်း သိရပါတယ်။

 

#PeopleMedia #အိမ်မဲ

 

(unicode)


……………………………………….

 


 


 


 


 



Share this post