• Follow Us on

Home အိုင္စီစီအရာ႐ွိမ်ားကို အေမရိကန္က ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္

အိုင္စီစီအရာ႐ွိမ်ားကို အေမရိကန္က ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္

Share this post

ဝါ႐ွင္တန္ဒီစီ၊ စက္တင္ဘာ ၃

ႏိုင္ငံတကာရာဇ၀တ္မႈတရား႐ံုး(ICC)၏ ဂမ္ဘီယာႏိုင္ငံသူအမႈစစ္ခ်ဳပ္ ဖာတူ ဘန္ဆူဒါအပါအ၀င္ အႀကီးတန္းအရာရွိမ်ားကို အေမရိကန္ျပည္ေထာင္စုက ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္သည္။

သယ္ေဟ့ဂ္တြင္အေျခစိုက္သည့္အိုင္စီစီသည္ အာဖဂန္နစၥတန္တြင္ အေမရိကန္တပ္ဖြဲ႔မ်ား စစ္ရာဇ၀တ္မႈမ်ားက်ဴးလြန္ခဲ့ျခင္း႐ွိ၊ မ႐ွိစံုစမ္းစစ္ေဆးေနသည္။

အဆိုး႐ြားဆံုးျပစ္မႈမ်ား၏သားေကာင္မ်ားအတြက္ တရားမွ်တမႈရေရး အေမရိကန္ကတိက၀တ္မ်ားကို ႐ွက္စရာေကာင္းသည့္နိမ့္က်မႈတစ္ခုျဖစ္ေစသည္ဟု လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႔(HRW)မွ အႀကီးတန္းအတိုင္ပင္ခံ ဘယ္လ္ကီးစ္ ဂ်ာရားက ယခုပိတ္ဆို႔အေရးယူမႈကို ႐ွဳတ္ခ်သည္။

၂၀၀၂ ခုႏွစ္တြင္ ကုလသမဂၢပဋိညာဥ္စာခ်ဳပ္ျဖင့္တည္ေထာင္ခဲ့သည့္အိုင္စီစီသည္ လူမ်ိဳးတုန္းသတ္ျဖတ္မႈ၊ လူသားမ်ိဳးႏြယ္ကိုဆန္႔က်င္သည့္ျပစ္မႈမ်ားႏွင့္ စစ္ရာဇ၀တ္မႈမ်ားကို ႏိုင္ငံအာဏာပိုင္မ်ားက အမႈစစ္ေဆးျခင္းမျပဳလုပ္ႏိုင္ သို႔မဟုတ္ မျပဳလုပ္မည့္အခါ ၾကားျဖတ္စစ္ေဆးမႈျပဳလုပ္ၿပီး တာ၀န္႐ွိသူမ်ားကို တရားဥပေဒအရအေရးယူသည္။

ႏိုင္ငံ ၁၂၃ ႏိုင္ငံကလက္မွတ္ေရးထိုးအတည္ျပဳထားသည့္ပဋိညာဥ္စာခ်ဳပ္ကို အေမရိကန္သာမက တ႐ုတ္၊ အိႏၵိယႏွင့္ ႐ု႐ွားႏိုင္ငံတို႔က ပါ၀င္ရန္ျငင္းဆိုထားၿပီး အာဖရိကႏိုင္ငံအခ်ိဳ႕က ထိုတရား႐ံုးသည္ အာဖရိကတိုက္သားမ်ားကိုသာ မမွ်မတအာ႐ံုစိုက္သည္ဟု စြပ္စြဲထားသည္။

Ref : International Criminal Court officials sanctioned by US

#PeopleMedia

(unicode)
အိုင်စီစီအရာရှိများကို အမေရိကန်က ပိတ်ဆို့အရေးယူမှုများပြုလုပ်
………………………………………………….

ဝါရှင်တန်ဒီစီ၊ စက်တင်ဘာ ၃

နိုင်ငံတကာရာဇဝတ်မှုတရားရုံး(ICC)၏ ဂမ်ဘီယာနိုင်ငံသူအမှုစစ်ချုပ် ဖာတူ ဘန်ဆူဒါအပါအဝင် အကြီးတန်းအရာရှိများကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှုများပြုလုပ်သည်။

သယ်ဟေ့ဂ်တွင်အခြေစိုက်သည့်အိုင်စီစီသည် အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်ဖွဲ့များ စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့ခြင်းရှိ၊ မရှိစုံစမ်းစစ်ဆေးနေသည်။

အဆိုးရွားဆုံးပြစ်မှုများ၏သားကောင်များအတွက် တရားမျှတမှုရရေး အမေရိကန်ကတိကဝတ်များကို ရှက်စရာကောင်းသည့်နိမ့်ကျမှုတစ်ခုဖြစ်စေသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW)မှ အကြီးတန်းအတိုင်ပင်ခံ ဘယ်လ်ကီးစ် ဂျာရားက ယခုပိတ်ဆို့အရေးယူမှုကို ရှုတ်ချသည်။

၂၀၀၂ ခုနှစ်တွင် ကုလသမဂ္ဂပဋိညာဉ်စာချုပ်ဖြင့်တည်ထောင်ခဲ့သည့်အိုင်စီစီသည် လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်ကိုဆန့်ကျင်သည့်ပြစ်မှုများနှင့် စစ်ရာဇဝတ်မှုများကို နိုင်ငံအာဏာပိုင်များက အမှုစစ်ဆေးခြင်းမပြုလုပ်နိုင် သို့မဟုတ် မပြုလုပ်မည့်အခါ ကြားဖြတ်စစ်ဆေးမှုပြုလုပ်ပြီး တာဝန်ရှိသူများကို တရားဥပဒေအရအရေးယူသည်။

နိုင်ငံ ၁၂၃ နိုင်ငံကလက်မှတ်ရေးထိုးအတည်ပြုထားသည့်ပဋိညာဉ်စာချုပ်ကို အမေရိကန်သာမက တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့က ပါဝင်ရန်ငြင်းဆိုထားပြီး အာဖရိကနိုင်ငံအချို့က ထိုတရားရုံးသည် အာဖရိကတိုက်သားများကိုသာ မမျှမတအာရုံစိုက်သည်ဟု စွပ်စွဲထားသည်။

Ref : International Criminal Court officials sanctioned by US

#PeopleMedia


Share this post