• Follow Us on

Home အထည္ခ်ဳပ္လုပ္ငန္းျပန္လည္တိုးတက္ရန္ ႏွစ္ႏွစ္ခန္႔အခ်ိန္ယူရမည္ျဖစ္ေၾကာင္း အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ား အသင္း ဒုတိယဥကၠ႒ ဦးေက်ာ္ျမင့္ေျပာဆို

အထည္ခ်ဳပ္လုပ္ငန္းျပန္လည္တိုးတက္ရန္ ႏွစ္ႏွစ္ခန္႔အခ်ိန္ယူရမည္ျဖစ္ေၾကာင္း အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ား အသင္း ဒုတိယဥကၠ႒ ဦးေက်ာ္ျမင့္ေျပာဆို

Share this post

ရန္ကုန္၊ စက္တင္ဘာ-၃

ကိုဗစ္ေၾကာင့္ ထိခိုက္မူမ်ားေနသည့္ အထည္ခ်ဳပ္လုပ္ငန္းမ်ား ျပန္လည္ဖြံၿဖိဳးတိုးတက္လာရန္ ႏွစ္ႏွစ္ခန္႔ အခ်ိန္ယူရႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း ဒုတိယဥကၠ႒ ဦးေက်ာ္ျမင့္က ေျပာသည္။

ကိုဗစ္ေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးတြင္ ယခုႏွစ္ ခုႏွစ္လအတြင္း အၿပီးပိတ္သိမ္း၊ ယာယီပိတ္သိမ္းသည့္ စက္႐ုံ၊ အလုပ္႐ုံ(၅၆)႐ုံ အပါအဝင္ ယာယီပိတ္သိမ္းျခင္းႏွင့္ ၀န္ထမ္းေလ်ာ့ျခင္း စက္႐ုံ၊ အလုပ္႐ုံေပါင္း (၁၇၃) ႐ုံမွ အလုပ္သမား (၄၂၃၉၅) ဦး ရွိေနၿပီ ျဖစ္သည္။

“အရွိန္အဟုန္နဲ႔ တိုးတက္ေနတဲ့ အထည္ခ်ဳပ္လုပ္ငန္းေတြဟာ ကိုဗစ္ေၾကာင့္ အရွိန္တန္႔သြားတာေပါ႔၊ အဲ့ေတာ့ အားျပန္ေမြးရပါအုန္းမယ္၊ တစ္ကမၻားလုံးရဲ႕ ၀ယ္လိုအားတက္တဲ့ အခ်ိန္ၾကမွာဘဲ ဒီလုပ္ငန္းေတြ ျပန္ေကာင္းမွာ ျဖစ္တဲ့အတြက္ အနည္းဆုံးေတာ့ ႏွစ္ႏွစ္ေလာက္ ျပန္ၿပီးအားယူရပါမယ္” ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္း ရွင္မ်ားအသင္း ဒုတိယဥကၠ႒ ဦးေက်ာ္ျမင့္ကဆိုသည္။

လက္ရွိ ယိုင္နဲ႔ေနသည့္ အထည္ခ်ဳပ္လုပ္ငန္းမ်ား လုပ္ငန္းဆက္လက္လည္ပတ္ႏိုင္ရန္ အစိုးရအေနႏွင့္လည္း ကိုဗစ္ေခ်းေငြအေနျဖင့္ အထည္ခ်ဳပ္ CMP လုပ္ငန္း ၄၅ ခုသို႔ ေခ်းေငြ က်ပ္ ၆ ဒသမ ၃ ဘီလ်ံေက်ာ္ ထုတ္ေခ်းေပးထားေသာ္လည္း စက္႐ုံတစ္ခ်ိဳ႕မွာ ပိတ္သိမ္းမူမ်ားရွိေနခဲ့သည္။

ကိုဗစ္ကာလအထည္ခ်ဳပ္လုပ္ငန္းမ်ား ရပ္တည္ႏိုင္ေရးအတြက္ ႏိုင္ငံေတာ္အေနႏွင့္ ပံ့ပိုးကူညီမူမ်ား ပိုမိုေဆာင္ရြက္ရန္လိုအပ္ေၾကာင္း၊ လက္ရွိ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ား အေနျဖင့္ စက္႐ုံမ်ား မပိတ္ေစရန္ အတြက္ ၀န္ထမ္းတစ္ခ်ိဳ႕ ေလ်ာ့ခ်ျခင္း၊ အလုပ္သမားမ်ား အနာေပးထားျခင္း၊ တစ္ျခား ကုန္က်စရိတ္မ်ား ေလ်ာ့ခ်ကာ လုပ္ငန္းဆက္လက္လည္ပတ္ႏိုင္ရန္ ေဆာင္ရြက္ေနလ်က္သည္။

ျမန္မာႏိုင္ငံ၏ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈႏႈန္းသည္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ၆ ဒသမ ၃ ရာခိုင္ႏႈန္းရွိခဲ့ရာမွ ၂၀၁၉ -၂၀၂၀ ဘ႑ာႏွစ္တြင္ သုည ဒသမ ၅ ရာခိုင္ႏႈန္းသို႔ က်ဆင္းသြားမည္ေၾကာင္း ကမၻာ့ဘဏ္က ထုတ္ျပန္ထားသည္။

#PeopleMedia #အထည္ခ်ဳပ္

(unicode)
အထည်ချုပ်လုပ်ငန်းပြန်လည်တိုးတက်ရန် နှစ်နှစ်ခန့်အချိန်ယူရမည်ဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်ပြောဆို
…………………………………………………

ရန်ကုန်၊ စက်တင်ဘာ-၃

ကိုဗစ်ကြောင့် ထိခိုက်မူများနေသည့် အထည်ချုပ်လုပ်ငန်းများ ပြန်လည်ဖွံဖြိုးတိုးတက်လာရန် နှစ်နှစ်ခန့် အချိန်ယူရနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောသည်။

ကိုဗစ်ကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ခုနှစ်လအတွင်း အပြီးပိတ်သိမ်း၊ ယာယီပိတ်သိမ်းသည့် စက်ရုံ၊ အလုပ်ရုံ(၅၆)ရုံ အပါအဝင် ယာယီပိတ်သိမ်းခြင်းနှင့် ဝန်ထမ်းလျော့ခြင်း စက်ရုံ၊ အလုပ်ရုံပေါင်း (၁၇၃) ရုံမှ အလုပ်သမား (၄၂၃၉၅) ဦး ရှိနေပြီ ဖြစ်သည်။

“အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ အထည်ချုပ်လုပ်ငန်းတွေဟာ ကိုဗစ်ကြောင့် အရှိန်တန့်သွားတာပေါ့၊ အဲ့တော့ အားပြန်မွေးရပါအုန်းမယ်၊ တစ်ကမ္ဘားလုံးရဲ့ ဝယ်လိုအားတက်တဲ့ အချိန်ကြမှာဘဲ ဒီလုပ်ငန်းတွေ ပြန်ကောင်းမှာ ဖြစ်တဲ့အတွက် အနည်းဆုံးတော့ နှစ်နှစ်လောက် ပြန်ပြီးအားယူရပါမယ်” မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်ကဆိုသည်။

လက်ရှိ ယိုင်နဲ့နေသည့် အထည်ချုပ်လုပ်ငန်းများ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန် အစိုးရအနေနှင့်လည်း ကိုဗစ်ချေးငွေအနေဖြင့် အထည်ချုပ် CMP လုပ်ငန်း ၄၅ ခုသို့ ချေးငွေ ကျပ် ၆ ဒသမ ၃ ဘီလျံကျော် ထုတ်ချေးပေးထားသော်လည်း စက်ရုံတစ်ချို့မှာ ပိတ်သိမ်းမူများရှိနေခဲ့သည်။

ကိုဗစ်ကာလအထည်ချုပ်လုပ်ငန်းများ ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်အနေနှင့် ပံ့ပိုးကူညီမူများ ပိုမိုဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လက်ရှိ အထည်ချုပ်လုပ်ငန်းရှင်များ အနေဖြင့် စက်ရုံများ မပိတ်စေရန် အတွက် ဝန်ထမ်းတစ်ချို့ လျော့ချခြင်း၊ အလုပ်သမားများ အနာပေးထားခြင်း၊ တစ်ခြား ကုန်ကျစရိတ်များ လျော့ချကာ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန် ဆောင်ရွက်နေလျက်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် သုည ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

#PeopleMedia #အထည်ချုပ်


Share this post