• Follow Us on

Home အိႏိၵယေတာင္ပိုင္းျပည္နယ္မ်ားသို႔ အိုင္အက္စ္အၾကမ္းဖက္အဖြဲ႕မ်ားေ ရာက္႐ွိေနဟု အၾကမ္းဖက္မႈဆိုင္ရာ ကုလသမဂၢအစီရင္ခံစာေဖာ္ျပ

အိႏိၵယေတာင္ပိုင္းျပည္နယ္မ်ားသို႔ အိုင္အက္စ္အၾကမ္းဖက္အဖြဲ႕မ်ားေ ရာက္႐ွိေနဟု အၾကမ္းဖက္မႈဆိုင္ရာ ကုလသမဂၢအစီရင္ခံစာေဖာ္ျပ

Share this post

ဂ်ီနီဗာ၊ ဇူလိုင္ ၂၇

အိႏိၵယႏိုင္ငံေတာင္ပိုင္း႐ွိ ကီရာလာႏွင့္ ကာနာတာကာျပည္နယ္မ်ားတြင္ အိုင္အက္စ္ဟုကိုယ့္ကိုယ္ကို သံုးႏႈန္း သည့္ အစၥလာမ္မစ္ႏိုင္ငံေတာ္အၾကမ္းဖက္အဖြဲ႕၀င္အေရအတြက္သိသိသာသာ႐ွိေနၾကာင္း အၾကမ္းဖက္မႈ ဆိုင္ရာကုလသမဂၢအစီရင္ခံစာတစ္ရပ္တြင္ ေဖာ္ျပသည္။

အိႏိၵယတိုက္ငယ္မွအၾကမ္းဖက္အဖြဲ႕အယ္ေကးဒါးကလည္း အိႏိၵယ၊ ပါကစၥတန္၊ ဘဂၤလားေဒ့႐ွ္ႏွင့္ ျမန္မာႏိုင္ငံ တို႔မွ စစ္ေသြးႂကြ ၁၅၀ ႏွင့္ ၂၀၀ ၾကားက ေဒသတြင္းတိုက္ခိုက္မႈမ်ားျပဳလုပ္ရန္ စီစဥ္ေနသည္ဟုပါ၀င္သည္။

အိႏိၵယတိုက္ငယ္မွအယ္ေကးဒါးအဖြဲ႔ (AQIS) သည္ အာဖဂန္နစၥတန္ႏိုင္ငံမွ နင္မ္႐ုဇ္၊ ဟယ္မန္ႏွင့္ ကန္ဒါဟာ ျပည္နယ္တို႔မွ တာလီဘန္အရိပ္ေအာက္တြင္လႈပ္႐ွားေၾကာင္း အိုင္အက္စ္၊ အယ္ေကးဒါးႏွင့္ ဆက္စပ္လူ ပုဂၢိဳလ္မ်ား၊ အဖြဲ႕အစည္းမ်ားႏွင့္ စပ္လ်ဥ္းၿပီး အခ်က္အလက္ခြဲျခမ္းစိတ္ျဖာျခင္းႏွင့္ ပိတ္ဆို႔အေရးယူမႈေစာင့္ ၾကည့္ေရးအဖြဲ႕အစီရင္ခံစာကေဖာ္ျပသည္။

“AQIS မွာ ဘဂၤလားေဒ့႐ွ္၊ အိႏိၵယ၊ ျမန္မာနဲ႔ ပါကစၥတန္ႏိုင္ငံတို႔က အဖြဲ႔၀င္ ၁၅၀ နဲ႔ ၂၀၀ ၾကားထဲ႐ွိပါတယ္။ AQIS လက္ရွိေခါင္းေဆာင္က အိုဆမာ မာမုပါ။ သူ႔အရင္ေခါင္းေဆာင္အာဆင္ အူမာေသဆံုးသြားလို႔ လက္ တံု႔ျပန္တဲ့စစ္ဆင္ေရးလုပ္ဖို႔ AQIS က စီစဥ္ေနတယ္လို႔သိရပါတယ္” ဟု အစီရင္ခံစာတြင္ပါ၀င္သည္။

အစီရင္ခံစာအရ “အဖြဲ႔၀င္ႏိုင္ငံတစ္ႏိုင္ငံက အိုင္အက္စ္သစၥာခံအိႏၵိယအဖြဲ႔ ဟိန္ဝိလာယာ Hind Wilayah က ၂၀၁၉ ခုႏွစ္၊ ေမ ၁၀ ရက္မွာ အဖြဲ႔၀င္ ၁၈၀ နဲ႔ ၂၀၀ ၾကား႐ွိၿပီလို႔ သတင္းပိုခဲ့တယ္” ဟုသိရသည္။

Ref : ‘Significant numbers’ of ISIS terrorists in Kerala, Karnataka: UN report on terrorism

#PeopleMedia

(unicode)
အိန္ဒိယတောင်ပိုင်းပြည်နယ်များသို့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့များ ေရာက်ရှိနေဟု အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအစီရင်ခံစာဖော်ပြ
……………………………………………………

ဂျီနီဗာ၊ ဇူလိုင် ၂၇

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကီရာလာနှင့် ကာနာတာကာပြည်နယ်များတွင် အိုင်အက်စ်ဟုကိုယ့်ကိုယ်ကို သုံးနှုန်း သည့် အစ္စလာမ်မစ်နိုင်ငံတော်အကြမ်းဖက်အဖွဲ့ဝင်အရေအတွက်သိသိသာသာရှိနေကြာင်း အကြမ်းဖက်မှု ဆိုင်ရာကုလသမဂ္ဂအစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

အိန္ဒိယတိုက်ငယ်မှအကြမ်းဖက်အဖွဲ့အယ်ကေးဒါးကလည်း အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ တို့မှ စစ်သွေးကြွ ၁၅၀ နှင့် ၂၀၀ ကြားက ဒေသတွင်းတိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်နေသည်ဟုပါဝင်သည်။

အိန္ဒိယတိုက်ငယ်မှအယ်ကေးဒါးအဖွဲ့ (AQIS) သည် အာဖဂန်နစ္စတန်နိုင်ငံမှ နင်မ်ရုဇ်၊ ဟယ်မန်နှင့် ကန်ဒါဟာ ပြည်နယ်တို့မှ တာလီဘန်အရိပ်အောက်တွင်လှုပ်ရှားကြောင်း အိုင်အက်စ်၊ အယ်ကေးဒါးနှင့် ဆက်စပ်လူ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် စပ်လျဉ်းပြီး အချက်အလက်ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ပိတ်ဆို့အရေးယူမှုစောင့် ကြည့်ရေးအဖွဲ့အစီရင်ခံစာကဖော်ပြသည်။

“AQIS မှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာနဲ့ ပါကစ္စတန်နိုင်ငံတို့က အဖွဲ့ဝင် ၁၅၀ နဲ့ ၂၀၀ ကြားထဲရှိပါတယ်။ AQIS လက်ရှိခေါင်းဆောင်က အိုဆမာ မာမုပါ။ သူ့အရင်ခေါင်းဆောင်အာဆင် အူမာသေဆုံးသွားလို့ လက် တုံ့ပြန်တဲ့စစ်ဆင်ရေးလုပ်ဖို့ AQIS က စီစဉ်နေတယ်လို့သိရပါတယ်” ဟု အစီရင်ခံစာတွင်ပါဝင်သည်။

အစီရင်ခံစာအရ “အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက အိုင်အက်စ်သစ္စာခံအိန္ဒိယအဖွဲ့ ဟိန်ဝိလာယာ Hind Wilayah က ၂၀၁၉ ခုနှစ်၊ မေ ၁၀ ရက်မှာ အဖွဲ့ဝင် ၁၈၀ နဲ့ ၂၀၀ ကြားရှိပြီလို့ သတင်းပိုခဲ့တယ်” ဟုသိရသည်။

Ref : ‘Significant numbers’ of ISIS terrorists in Kerala, Karnataka: UN report on terrorism

#PeopleMedia


Share this post