• Follow Us on

Home အိႏၵိယ၊ ပါကစၥတန္ႏွင့္ ဘဂၤလားေဒ့႐ွ္နယ္ေျမမ်ားေပါင္းစည္းသင့္သည္ဟု အိႏိၵယ၀န္ႀကီးေျပာ

အိႏၵိယ၊ ပါကစၥတန္ႏွင့္ ဘဂၤလားေဒ့႐ွ္နယ္ေျမမ်ားေပါင္းစည္းသင့္သည္ဟု အိႏိၵယ၀န္ႀကီးေျပာ

Share this post

နယူးေဒလီ၊ ႏို၀င္ဘာ ၂၅

အာဏာရပါတီ ဘီေဂ်ပီ၏ အိႏၵိယ၊ ပါကစၥတန္ႏွင့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံတို႔ကိုေပါင္းစည္ၿပီး ႏိုင္ငံတႏိုင္ငံတည္း အျဖစ္တည္ေထာင္ရန္လုပ္ရပ္ကို သူ႔ပါတီက ႀကိဳဆိုေၾကာင္း အိႏၵိယႏိုင္ငံ႐ွိ မဟာရာ႐ွ္တာျပည္နယ္မွ ၀န္ႀကီးတေယာက္က အရိပ္အႁမြက္ေျပာသည္။

ယခင္ကျပည္နယ္၀န္ႀကီးခ်ဳပ္ေဟာင္းလည္းျဖစ္၊ ဘီေဂ်ပီပါတီေခါင္းေဆာင္လည္းျဖစ္သည့္ ဒီဗန္ဒရာ ဖက္နာဗီးစ္၏ ကရာခ်ီအေရးမွတ္ခ်က္အေပၚ သေဘာထားေတာင္းခံရာတြင္ အမ်ိဳးသားေရးကြန္ဂ ရက္ပါတီ(အန္စီပီ)၏ေျပာခြင့္ရသူလည္းျဖစ္၊ ျပည္နယ္၀န္ႀကီးလည္းျဖစ္သည့္ နာ၀က္ မာလစ္က တနဂၤေႏြေန႔တြင္မွတ္ခ်က္ျပဳခဲ့ျခင္းျဖစ္သည္။

ဘီေဂ်ပီက ထို ၃ ႏိုင္ငံေပါင္းၿပီးတႏိုင္ငံတည္းျဖစ္လာေစခ်င္ပါက အတိအက်ႀကိဳဆိုလက္ခံေၾကာင္း မာလစ္က ေျပာသည္။ စေနေန႔အေစာပိုင္းတြင္ ဒီဗန္ဒရာ ဖက္နာဗီးစ္ကက ပါကစၥတန္မွကရာခ်ီၿမိဳ႕သည္ တေန႔တြင္ အိႏၵိယႏိုင္ငံတစိတ္တပိုင္းျဖစ္လာမည္ဟု ေျပာသည္။

ပါကစၥတန္ၿမိဳ႕နာမည္ပါ၀င္ေနသျဖင့္ ဆိုင္နာမည္မွထိုၿမိဳ႕နာမည္ကိုျဖဳတ္ရန္ လက္ယာယိမ္း႐ွိဗ္ဆီနာပါတီ ေခါင္းေဆာင္က ဘန္ဒရာ၀က္စ္မွ ကရာခ်ီဆြိတ္ဆိုင္ပိုင္႐ွင္ကို ၫႊန္ၾကားခဲ့သည္ဆိုသည့္သတင္းထြက္ေပၚ လာၿပီးေနာက္ပိုင္း ဒီဗန္ဒရာကတံု႔ျပန္ေျပာဆိုျခင္းျဖစ္သည္။

Ref : Indian minister opines India, Pakistan, Bangladesh should be merged

#PeopleMedia

(unicode)
အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နယ်မြေများပေါင်းစည်းသင့်သည်ဟု အိန္ဒိယဝန်ကြီးပြော
……………………………………………………..

နယူးဒေလီ၊ နိုဝင်ဘာ ၂၅

အာဏာရပါတီ ဘီဂျေပီ၏ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကိုပေါင်းစည်ပြီး နိုင်ငံတနိုင်ငံတည်း အဖြစ်တည်ထောင်ရန်လုပ်ရပ်ကို သူ့ပါတီက ကြိုဆိုကြောင်း အိန္ဒိယနိုင်ငံရှိ မဟာရာရှ်တာပြည်နယ်မှ ဝန်ကြီးတယောက်က အရိပ်အမြွက်ပြောသည်။

ယခင်ကပြည်နယ်ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ ဘီဂျေပီပါတီခေါင်းဆောင်လည်းဖြစ်သည့် ဒီဗန်ဒရာ ဖက်နာဗီးစ်၏ ကရာချီအရေးမှတ်ချက်အပေါ် သဘောထားတောင်းခံရာတွင် အမျိုးသားရေးကွန်ဂ ရက်ပါတီ(အန်စီပီ)၏ပြောခွင့်ရသူလည်းဖြစ်၊ ပြည်နယ်ဝန်ကြီးလည်းဖြစ်သည့် နာဝက် မာလစ်က တနင်္ဂနွေနေ့တွင်မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ဘီဂျေပီက ထို ၃ နိုင်ငံပေါင်းပြီးတနိုင်ငံတည်းဖြစ်လာစေချင်ပါက အတိအကျကြိုဆိုလက်ခံကြောင်း မာလစ်က ပြောသည်။ စနေနေ့အစောပိုင်းတွင် ဒီဗန်ဒရာ ဖက်နာဗီးစ်ကက ပါကစ္စတန်မှကရာချီမြို့သည် တနေ့တွင် အိန္ဒိယနိုင်ငံတစိတ်တပိုင်းဖြစ်လာမည်ဟု ပြောသည်။

ပါကစ္စတန်မြို့နာမည်ပါဝင်နေသဖြင့် ဆိုင်နာမည်မှထိုမြို့နာမည်ကိုဖြုတ်ရန် လက်ယာယိမ်းရှိဗ်ဆီနာပါတီ ခေါင်းဆောင်က ဘန်ဒရာဝက်စ်မှ ကရာချီဆွိတ်ဆိုင်ပိုင်ရှင်ကို ညွှန်ကြားခဲ့သည်ဆိုသည့်သတင်းထွက်ပေါ် လာပြီးနောက်ပိုင်း ဒီဗန်ဒရာကတုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။

Ref : Indian minister opines India, Pakistan, Bangladesh should be merged

#PeopleMedia


Share this post