• Follow Us on

Home အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်ပရာမတ်ဝီနိုင်း မြန်မာနိုင်ငံ အကြောင်း ဆွေးနွေး

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်ပရာမတ်ဝီနိုင်း မြန်မာနိုင်ငံ အကြောင်း ဆွေးနွေး

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၈ (People Media)

 

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာသည် စက်တင်ဘာလ ၂၅ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး နှင့် မြန်မာနိုင်ငံမှ လက်ရှိအခြေအနေများအကြောင်း ဆွေးနွေးခဲ့သည်။

 

ကုသမဂ္ဂအထွေထွေညီလာခံ၏ ဘေးပန်းအစည်းအဝေးအဖြစ်ပြုလုပ်ခဲ့သည့် ယင်းအစည်းအဝေးတွင် မြန်မာနိုင် ငံမှအခြေအနေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏အိမ်နီးချင်းထိုင်းနိုင်ငံနှင့် အပြုသဘောဆောင်သောဆွေးနွေးမှု များပြုလုပ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက တွစ်တာတွင်ရေးသားခဲ့သည်။

 

အာဆီယံ ခြေလှမ်းများနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံအနေဖြင့် ထောက်ခံကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်ပရာမတ်ဝီနိုင်းကို ပြောကြားခဲ့ကြောင်း ၎င်း၏တွစ်တာတွင်ရေးသားခဲ့သည်။

 

စက်တင်ဘာလ ၂၅ ရက်နေ့ (စနေနေ့) က ရန်ကုန်မြို့တွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ အာဏာသိမ်းစစ်အ စိုးရကို ကန့်ကွက်ဆန္ဒပြသည့်သတင်းများထွက်ပေါ်လာပြီးနောက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြား ရေးဝန်ကြီး၏ဆွေးနွေးပွဲထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

အာဏာသိမ်းစစ်အစိုးရသည် ဆန္ဒပြပွဲများကို ရက်ရက်စက်စက်နှိမ်နှင်းကာ ဆန္ဒပြပြည်သူ ၁,၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၈,၄၀၀ ကျော်ကို ဖမ်းဆီးထိန်း သိမ်းခဲ့ကြောင်း မီဒီယာသတင်းများကိုကိုးကား၍ ဒေသခံများက ပြောသည်။

 

သို့သော် ကုသမဂ္ဂအနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်၍ ဝင်ရောက်စွက်ဖက်ခြင်းမရှိသလောက်ဖြစ်သလို ရှေ့ ဆက်ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍လည်း မည်သည့်သဘောတူညီချက်ကိုမှ ပေးထားခြင်းမရှိ ပေ။

အာရှအင်အားကြီးနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့က မြန်မာစစ်အစိုးရအပေါ် စီးပွားရေးဒဏ် ခတ်ပိတ်ဆို့ခြင်းအား ဆန့်ကျင်ကြသော်လည်း အနောက်အင်အားကြီးနိုင်ငံများကမူ အဆိုပါနိုင်ငံများမှာ တာဝန် မဲ့ပြုမူဆောင်ရွက်နေကြသည်ဟုရှုမြင်ကြသည်။

 

ကုလသမဂ္ဂသည် အာဏာသိမ်းစစ်အစိုးရကစေလွှတ်သော ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးအား ယခု အချိန်အထိ နေရာမပေးသေးပေ။ ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီက ကုလသမဂ္ဂဆိုင်ရာမြန်မာသံအ မတ်ကြီးခန့်အပ်ရေးအတွက် ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းလိုက်ပြီးနောက် လက်ရှိမြန်မာသံအမတ်ကြီး ဦးကျော်မိုး ထွန်းမှာ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

 

Ref: Foreign minister S Jaishankar, Thai minister hold discussions on Myanmar crisis

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 



 


 

Ref: Foreign minister S Jaishankar, Thai minister hold discussions on Myanmar crisis

 

#PeopleMedia


Share this post